ပေ ၅၀ မျှ မြင့်သည့် ကျောက်တောင်ကြီး၏ တောင်ကလပ်ကို ဂူကျောင်းကြီးအဖြစ် ထွင်းထုထားသော ရခိုင်ရှေးဟောင်းလက်ရာ တစ်ခုဖြစ်သည်။ မစဲကျွန်းတွင်ရှိသည်။ ဂူမျက်နှာစာတွင် ပန်းနွယ် ပန်းခက်များ၊ ကျေးငှက်များပုံနှင့် လူနတ်၊ ဗြဟ္မာတို့က ပူဇော်နေကြဟန် ထုဆစ် ထားသည်။ ဂူထဲရှိ ဂူကျောင်း သုံးကျောင်းသည် ၄၅ ပေမျှရှည်ပြီး ဆင်းတုတော် ၃၁ ဆူ ကိန်းဝပ်ကြသည်။ မြောက်ဘက်ဂူမှာ ဘုံပိတ် မျက်နှာကြက်နှင့် နံရံကပ်ကျောက်တိုင် သရုပ်ဖော်ပုံများပါရှိသည်။ ကုသိုလ်ရှင် မင်းဘာကြီးက ၁၅၃၁ ခုတွင် တည်ခဲ့သည်။ ဤဂူသည် စိတ္တရလင်္ကာလက်သမားနှင့်လည်း ဆက်စပ်မှုရှိနေ သည်။
No comments:
Post a Comment