Thursday, January 21, 2010

မင်းစောမွန်

လောင်းကြက်ထီးနန်း၏ နောက်ဆုံးမင်းနှင့် မြောက်ဦးမြို့တော်ကို တည်ထောင်ခဲ့သူဖြစ် သည်။ ၁၄၀၄ ခုတွင် ထီးနန်းရခဲ့ပြီး နန်းသက် ၂ နှစ်တွင်ပင် နန်းတွင်း သပ်လျှိုခံရသဖြင့် အင်းဝရန်စစ်နှင့် တွေ့ခဲ့ရသည်။ စစ်ရှုံး၍ ဘင်္ဂလားနယ် ဂါဝါတွင် ၂၄ နှစ်တိုင် ခိုလှုံခဲ့ရသည်။ ဂါဝါဘုရင်ကို စစ်ရေးအရ အကူ အညီပေးခဲ့၍ ဂါဝါ၏ အကူအညီကို ရခဲ့သည်။ ၁၄၂၈ ခုနှစ်တွင် ထိုအကူအညီဖြင့် လောင်းကြက်ထီးနန်းကို ပြန်ရခဲ့သည်။ ညီတော် မင်းခရီမှာ သူ့လက်ရုံးဖြစ်သည်။ ၁၄၃၀ ပြည့်နှစ်တွင် တောင်ကုန်းထူထပ်ပြီး ရွှံ့နွံပေါ သော မြောက်ဦးအရပ်တွင် ထီးနန်းတည်ခဲ့သည်။ မြို့တော် ကြီးကျယ်စည်ကားလာမည့်အရေးအတွက် မိမိအသက်တိုမည်ကို ပမာဏမထားခဲ့ချေ။ ထီးနန်းကိုလည်း ညီတော်မင်းခရီကိုသာ လွဲအပ်ခဲ့လေသည်။ မင်းစောမွန်သည် မြို့တော်သစ်တွင် ၃ နှစ်နန်းစံပြီးနောက် လွန်လေသည်။

No comments:

Post a Comment