Monday, January 4, 2010

ဦးရွှေဇံအောင်

အနောက်နိုင်ငံများသို. အဘိဓမ္မာစတင်မျိုးစေ့ချသူ (သို့) ဦးရွှေဇံအောင်

ဤဆောင်းပါးကို ဓမ္မအလင်းသစ်ဂျာနယ်တွင် စာရေးသူတစ်ဦး(၀ံသပါလ-မြောင်းမြ) ကရေးသားခဲ့ပါသည်။ ဆရာတော်တစ်ပါး ဖြစ်ဟန်တူပါသည်။ သိသူများ ညွှန်ကြားပေးကြပါဦး။ စာဖတ်သူများအတွက် အကျိုးများနိုင်သည် ဖြစ်သောကြောင့် ဆရာတော်၏ ခွင့်ပြုချက်ပင် မတောင်းနိုင်ပဲ ပြန်လည်ဖော်ပြလိုက်ပါသည်။ ဆရာတော်အနေနှင့်လည်း ယခုကဲ့သို. ဖော်ပြမည်ဆိုလျှင် ၀မ်းမြောက်ဝမ်းသာ ခွင့်ပြုမည်ဟု ယုံကြည်သောကြောင့် ဖြစ်ပါသည်။

အင်္ဂလန်နိုင်ငံသည် အနောက်နိုင်ငံများတွင် ဗုဒ္ဓသာသနာတော် ထွန်းကားပျံ.နှံ.ရေးအတွက် အထူးလုပ်ဆောင်ခဲ့ပါသည်။ သီရိလင်္ကာနိုင်ငံတွင် တာဝန်ထမ်းဆောင်နေသော George Turner သည် ၁၈၃၇-ခုနှစ်တွင် မဟာဝံသကျမ်းကို အင်္ဂလိပ်ဘာသာ ပြန်ဆိုပြီး ထုတ်ဝေသည်။ ထိုအချိန်မှ စတင်ပြီး ဗုဒ္ဓကျမ်းစာ အတော်များများကို အင်္ဂလိပ်ဘာသာသို. အများအပြား ပြန်ဆိုထုတ်ဝေခဲ့၏။ ၁၈၈၁-ခုနှစ်တွင် စတင်တည်ထောင်သော ပါဠိအသင်းကြီးသည် ထေရ၀ါဒ ဗုဒ္ဓသာသနာ အနောက်နိုင်ငံများတွင် ပြန်.ပွားစေရန် လုပ်ဆောင်ခဲ့သည်မှာ အများအသိပင်ဖြစ်၏။ ထို.ပြင် Sir Edwin Arnold သည်လည်း ဗုဒ္ဓသာသနာတော်ကို လူကြိုက်များစေရန် လုပ်ဆောင်နိုင်ခဲ့သည်ကိုလည်း တွေ.ရပါသည်။ ၁၈၇၉-ခုနှစ်တွင် ထုတ်ဝေခဲ့သည့် “အာရှတိုက်၏ အလင်းရောင်” “The Light of Asia” စာအုပ်သည် အနောက်နိုင်ငံသားတို.၏ အသည်းနှလုံးထဲသို. ထိုးဖောက်နိုင်ခဲ့ပြီး ထိုစာအုပ်သည် အနောက်နိုင်ငံသားတို. ဗုဒ္ဓဘာသာအပေါ် စွဲမက်စေရန် အထူး တွန်းအားပေးနိုင်ခဲ့၏။ သို.သော်လည်း သုတ္တန်နှင့် ၀ိနည်းလောက်ကိုသာလျှင် ဖြန်.ဖြူးနိုင်ခဲ့၏။ အဘိဓမ္မာသည် ၂၀ရာစု အစောပိုင်းအထိ အနောက်နိုင်ငံသားများနှင့် အတော်ပင် စိမ်းလှ၏။ အဘိဓမ္မာနှင့် အနောက်နိုင်ငံသားတို.ကြားတွင် အလွန်ပင် အလှမ်းကွာ လှပါသည်။ နောက်ဆုံးတွင် ထိုအလှမ်းကွာမှုကို မြန်မာလူမျိုး ဦးရွှေဇံအောင်က စတင်ချေဖျက်နိုင်ခဲ့၏။ ဦးရွှေဇံအောင် စတင် ထွန်းညှိပေးခဲ့သော အဘိဓမ္မာ မီးရှုးတိုင်ကို ဆရာတော် ဦးသေဋ္ဌိလက အဘိဓမ္မာ သင်တန်းများ ပေးခြင်းဖြင့် ဆက်လက် တောက်ပစေနိုင်ခဲ့၏။ အဘိဓမ္မာကို အမှန်တကယ်ပင် တက်ကျွမ်းသူတစ်ဦး၏ ပထမဆုံးသော သင်တန်းဆိုလျှင်လည်း ဆိုနိုင်မည်ဖြစ်၏။ ယနေ.အချိန်ဆိုလျှင် အဘိဓမ္မာသည် အရှိန်ကောင်းကောင်းဖြင့် တစ်ကမ္ဘာလုံးသို. ပျံ.နှံ.နေပြီဖြစ်၏။ အမေရိကန်နိုင်ငံ၏ ဆန်ဖရန်စစ္စကိုမြို.တွင် ကွယ်လွန်သူ၊ အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒ ဗုဒ္ဓတက္ကသိုလ် ပါမောက္ခချုပ် ဆရာတော် ဦးသီလာနန္ဒာဘိဝံသ ဆရာတော်က အခြေခံ အဘိဓမ္မာသင်တန်းကို ပို.ချပေးနိုင်ခဲ့၏။

ပါဠိစကားလုံးဖြစ်သည့် အဘိဓမ္မာတွင် ရှေ.စကားလုံး အဘိနှင့် ဓမ္မဟူသည့် စကားနှစ်လုံးရှိပါသည်။ အဘိစကားလုံးသည် သာလွန်ခြင်း၊ နူးညံ့နက်နဲခြင်း အဓိပ္ပယ်ကိုဆောင်ပါသည်။ အဘိဓမ္မာတွင် ဓမ္မသင်္ဂဏီ၊ ၀ိဘင်းဂ၊ ဓာတုကထာ၊ ပုဂ္ဂလပညတ်၊ ကထာဝတ္ထု၊ ယမကနှင့် ပဋ္ဌာနဆိုပြီး ၇-ကျမ်းရှိပါသည်။ အဘိဓမ္မာသည် ခက်ခဲနက်နဲလွန်းသဖြင့် အဘိဓမ္မာကျွမ်းကျင်သူများကို ဗုဒ္ဓဘာသာ ပညာရှင်များအဖြစ် သဘောထားကြ၏။ အဘိဓမ္မာပိဋကတွင် သာမန်ရိုးစင်းသော သုတ္တန်နှင့် နှိုင်းယှဉ်လျှင် ပိုမိုနက်နဲလှသည့် ဗုဒ္ဓဟောကြားချက်များ ပါဝင်နေသဖြင့် အရေးကြီးလှ၏။ အဘိဓမ္မာသည် စိတ်နှင့်ရုပ်တို.၏ဖြစ်စဉ်ကို လေ့လာခြင်းဖြစ်၏။အဘိဓမ္မာကို လေ့လာခြင်းသည် မြန်မာတို.အဖို. အလွန်ထူးမြတ်လှပြီး တန်ဖိုးလည်း အလွန်ထား၏။ ထို.ပြင် သံဃာတော်များသည်သာမက လူပုဂ္ဂိုလ်များလည်း အဘိဓမ္မာကို တန်ဖိုးထားပြီး သင်ယူနေကြ၏။ စစ်မဖြစ်မီကာလတွင် မြန်မာတို.၏ အဘိဓမ္မာကျွမ်းကျင်မှု ဂုဏ်သတင်းကြောင့် သီရိလင်္ကာနှင့် ထိုင်းနိုင်ငံတို.မှ သံဃာတော်များသည် နှစ်စဉ်လာရောက်သင်ယူကြ၏။ အနောက်တိုင်းပညာကို သင်ယူခဲ့သော ဦးရွှေဇံအောင်သည် အဘိဓမ္မာကို အနောက်နိုင်ငံများတွင် ပထမဆုံး မျိုးစေ့ချခဲ့သူဖြစ်၏။ ၀ိနည်းနှင့် သုတ္တန်လောက်ကိုသာလျှင် လေ့လာထားကြသော အနောက်နိုင်ငံသားများ အဘိဓမ္မာကို လေ့လာနိုင်ရေး လမ်းခင်းပေးခဲ့သူလည်း ဖြစ်ပါသည်။ အဘိဓမ္မာကို ကျွမ်းကျင်ရန်မှာ လွယ်ကူလှသည် မဟုတ်ပေ။ ဦးရွှေဇံအောင်သည် တစ်ဖက်မှ နိုင်ငံတာဝန်ထမ်းဆောင်စဉ် အဘိဓမ္မာကို ဆရာတော်ဦးဂန္ဓမာထံတွင် ၁၉၈၅-ခုနှစ်မှစတင်ပြီး မဆုတ်မနစ် လေ့လာခဲ့၏။ ဦးရွှေဇံအောင်သည် ပညာဗဟုသုတကို အလွန်လိုလားသူတစ်ဦး ဖြစ်သည့်ပြင် ဗုဒ္ဓသာသနာတော်ကို အလွန်ကြည်ညိုသူလည်း ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် အလွန်ထင်ရှားလှသည့် လယ်တီဆရာတော်ကြီး(၁၈၄၆-၁၉၂၃) ထံတွင် တပည့်ခံပြီး ဗုဒ္ဓစာပေကို သင်ယူသည်။ မြန်မာနှင့် ပါဠိကိုသာ ကျွမ်းကျင်သည်မဟုတ်ပေ။ အင်္ဂလိပ်နှင့် လက်တင်ဘာသာဖြင့် ရေးသားထားသော ဒဿနိကဗေဒကျမ်းများကို နက်နဲစွာလေ့လာသော ပုဂ္ဂိုလ်ကြီးဖြစ်၏။ မြန်မာနိုင်ငံ၏ ပြင်ပတွင် ဗုဒ္ဓသာသနာတော် ထွန်းကားပြန်.ပွားစေရန် ဦးတည်ချက်ဖြင့် အင်္ဂလိပ် ဘာသာဖြင့် ထုတ်ဝေသော The Buddhism Magazine တွင် အဘိဓမ္မာနှင့် ပတ်သက်သော ဆောင်းပါးများကို ရေးခဲ့၏။ ထိုမဂ္ဂဇင်းသည် အာရှနှင့် ကမ္ဘာတလွှားသို. ထိုးဖောက်နိုင်သည်ကိုလည်း တွေ.ရ၏။ ၀ိနိယနှင့် သုတ္တန်ကိုသာလျှင် လေ့လာနေခဲ့ရသော အနောက်တိုင်းသားများသည် ဦးရွှေဇံအောင်ကြောင့် အဘိဓမ္မာကို စတင်လေ့လာခွင့် ရလာကြသည်။

အနောက်နိုင်ငံများတွင် ဗုဒ္ဓအဘိဓမ္မာကို စတင်မျိုးစေ့ချခဲ့သည့် ဦးရွှေဇံအောင်ကို ရခိုင်ပြည်နယ် စစ်တွေမြို.တွင် ၁၈၇၁-ခုနှစ်၊ ဇန်န၀ါရီလ (၂၀)ရက်နေ.၌ မွေးဖွားခဲ့၏။ အဖ ခရိုင်ရဲဝန် ဦးရွှေသာ၊ အမိ ဒေါ်အဖြူစံတို.၏ သားသမီး လေးယောက်အနက် သားအကြီးဆုံးဖြစ်သည်။ ၁၈၈၁-ခုနှစ်မှစ၍၊ စစ်တွေမြို. အစိုးရ အလယ်တန်းကျောင်းတွင် ပညာသင်ကြားရာ ၁၈၈၅-ခုနှစ်၌ အလယ်တန်းစကောလာရှစ် ဆုကိုရရှိသည်။ ထိုမှတစ်ဖန် ရန်ကုန်မြို.သို. ပြောင်းရွှေ. ပညာသင်ကြားပြန်ရာ ၁၈၈၇-ခုနှစ်တွင် တက္ကသိုလ်ဝင် စာမေးပွဲကို အောင်မြင်သည်။ ထို.နောက် ရန်ကုန်ကောလိပ်ကျောင်းတွင် ဆက်လက် ပညာသင်ယူပြန်ရာ ၁၈၉၁-ခုနှစ်တွင် ထိုခေတ်က မြန်မာနိုင်ငံ၏ အမြင့်ဆုံးဘွဲ.ဖြစ်သော ၀ိဇ္ဇာဘွဲ.ထူးကို ဆွတ်ခူးရရှိသည်။ လိုအပ်သောပညာ ရရှိပြီးနောက် ပညာရေးဌာန၌ ပညာအုပ်အဖြစ် စတင်ဝင်ရောက် ထမ်းဆောင်သည်။ ထို.နောက် မြေစာရင်းဌာနသို. ပြောင်းရွှေ.ကာ အတန်ကြာ အမှုထမ်းခဲ့ရာ ၁၉၀၂-ခုနှစ်တွင် မြို.အုပ်တန်းခေါ် မြန်မာနိုင်ငံ လက်အောက်ဝန်ထမ်း အဖွဲ.၀င်အဖြစ် ပြောင်းရွှေ.ခန်.ထားခြင်း ခံရပြန်သည်။ ၁၉၀၇-ခုနှစ်တွင် ၀န်ထောက်တန်းခေါ် မြန်မာနိုင်ငံ ၀န်ထမ်းအဖွဲ.သို. တိုးမြှင့်ခန်.ထားခြင်း ခံရပြန်သည်။

ဦးရွှေဇံအောင်သည် အခွန်ဝန်ထောက်အဖြစ် ထမ်းရွက်နေစဉ် ထိုစဉ်က ဖြေရှင်းရန် အလွန်ခက်ခဲသော ပြဿနာတစ်ရပ်ဖြစ်သည့် ကျူးကျော်နေထိုင်သူများကို နေရာချထား၍ မြေခွန်တော် စည်းကြပ်ရေးအတွက် အထူးတာဝန်ကျရောက်၍ ထမ်းဆောင်ရသည်။ ဤပြဿနာကြီးနှင့် စပ်လျဉ်း၍ အကြံပေးချက်များကို အစိုးရက အထူးနှစ်သက် လက်ခံခဲ့သည်။ သူ၏ စာအုပ်ပြာခေါ် အစီရင်ခံစာကို သက်ဆိုင်ရာ အစိုးရအရာရှိများ အထူးအမှီသဟဲပြု၍ ဖတ်ရှုခဲ့ကြရသည် ဟုဆိုသည်။ ၁၉၁၂-ခုနှစ်တွင် တွံတေးတူးမြောင်း ဖောက်လုပ်ရန်အတွက် မြေသိမ်းအရာရှိအဖြစ် ရွေးချယ်ခန်.အပ်ခြင်း ခံရ၏။ စတင်စည်ကားစ ပြုလာပြီဖြစ်သော သန်လျင်မြို.တွင် မြေပိုင်ဆိုင်ခွင့်ဆိုင်ရာ အထူးစုံစမ်းရေးအဖွဲ.၀င် လူကြီးအဖြစ် ၁၉၁၃-ခုနှစ်တွင် ခန်.ထားခြင်း ခံရသည်။ ၁၉၁၄-ခုနှစ်တွင် မြေဖက်ဌာန၌ သူ၏ ထူးချွန်စွာ ဆောင်ရွက်မှုအတွက် ဗြိတိသျှအစိုးရက ထိုခေတ်အနေဖြင့် အရပ်ဘက် ထူးချွန်တံဆိပ် A.T.M အမှုထမ်းကောင်း မင်းဘွဲ.တံဆိပ်ကို သူ.အား ချီးမြှင့်ခဲ့၏။ ၁၉၁၈-ခုနှစ်တွင် ကျောက်တန်း နယ်ပိုင်ဝန်ထောက်အဖြစ် ထမ်းရွက်နေရင်း ဦးရွှေဇံအောင်သည် ဒုတိယအကြိမ်မြောက် စစ်ချေးငွေ အမြောက်အမြား ရှာဖွေ စုဆောင်းပေးနိုင်ခဲ့သည်။

ဦးရွှေဇံအောင်သည် ဟံသာဝတီခရိုင်တွင် နှစ်ကြိမ်တိုင်တိုင် ခရိုင်ဝန်အဖြစ် ထမ်းရွက်ရပြီးနောက် ၁၉၂၀-ပြည့်နှစ်တွင် မြန်မာနိုင်ငံ ဘဏ္ဍာတော်မင်းကြီး၏ အတွင်းဝန်အဖြစ် ယာယီခန်.အပ်ခြင်း ခံရသည်။ ထို.နောက် သထုံခရိုင်ဝန်အဖြစ် ပြောင်းရွှေ.ထမ်းရွက်ရာ အထူးပင် လူချစ်လူခင်ပေါများသော အစိုးရအရာရှိ ဖြစ်ခဲ့သည်။ ၁၉၂၃-ခုနှစ်တွင် K.S.M ခေါ် ရွှေစလွယ်ရမင်း ဘွဲ.တံဆိပ်ကို ဗြိတိသျှအစိုးရက အပ်နှင်းချီးမြှင့်သည်။ ထို.နောက် မြူနီစပယ် အခွန်တော်များ ကောက်ခံရေးဆိုင်ရာ စုံစမ်းမှု ကော်မတီဝင်အဖြစ် ခန်.အပ်ခြင်း ခံရပြန်ရာ ယင်းကော်မတီ ဥက္ကဋ္ဌကိုယ်တိုင်က ဦးရွှေဇံအောင်၏ ထူးချွန်ပေါက်မြောက်စွာ ဆောင်ရွက်နိုင်သော အရည်အချင်းကို ချီးကျူးခဲ့ရသည်။ မကြာမီ မြန်မာအမျိုးသားများအား မည်သည့်အခါကမှ ခန်.အပ်ခြင်းမပြုခဲ့သည့် ရာထူးဖြစ်သော ယစ်မျိုးမင်းကြီးအဖြစ် ဦးရွှေဇံအောင်သည် ပထမဆုံး ခန်.အပ်ခြင်း ခံရပြန်သည်။

ဦးရွှေဇံအောင်သည် သာသနာတော်ကို အထူးကြည်ညို လေးစားစိတ်နှင့် ကြိုးစားလိုစိတ်တို.ကြောင့် နိုင်ငံဝန်ထမ်းအဖြစ် တာဝန်အမျိုးမျိုး ထမ်းဆောင်စဉ် အဘိဓမ္မာကို ဆရာတော် ဦးဂန္ဓမာ၏ ခြေတော်ရင်းတွင် လေ့လာခဲ့၏။ The Buddhism Magazine ကို ကြီးကြပ်ထုတ်ဝေသည့် အာနန္ဒာမေတ္တယျဆရာတော်ကို အကြောင်းပြု၍ လန်ဒန်ပါဠိအသင်းကြီးကို စတင်တည်ထောင်သူ မစ္စတာ ရစ်ဒေးဗစ်စ်၏ ဇနီးဖြစ်သူ မစ္စစ် ရစ်ဒေးဗစ်နှင့် စတင်အဆက်အသွယ် ရခဲ့၏။ ဆရာကြီးသည် အဘိဓမ္မတ္ထသင်္ဂဟသဂြိုဟ်ကျမ်းကို အင်္ဂလိပ်ဘာသာသို. ပြန်ဆိုပြီး မစ္စစ်ရစ်ဒေးဗစ်ထံ ပို.လိုက်၏။ ယင်းစာမူကို မစ္စစ်ရစ်ဒေးဗစ်နှင့် ဦးရွှေဇံအောင်တို. အပြန်ပြန်အလှန်လှန် စစ်ဆေးပြင်ဆင်ပြီးမှ ဗုဒ္ဓ၀ါဒမဂ္ဂဇင်း The Buddhism Magazine တွင် ဦးရွှေဇံအောင် ရေးသားသော ဆောင်းပါးကို နိဒါန်းအဖြစ်ထည့်ကာ ၁၉၁၀-ပြည့်နှစ်တွင် ပုံနှိပ်ထုတ်ဝေသည်။ စာအုပ်ထွက်လာသည်နှင့် တပြိုင်နက် တစ်ကမ္ဘာလုံးမှ ပညာရှိများ၏ ချီးကျူးလက်ခံခြင်း ခံရသည်။ လယ်တီဆရာတော် ဘုရားကြီးနှင့် မစ္စစ်ရစ်ဒေးဗစ်တို.၏ ဗုဒ္ဓအဘိဓမ္မာနှင့် စပ်လျဉ်းသော အမေးအဖြေများကိုလည်း ဦးရွှေဇံအောင်ပင် အင်္ဂလိပ်ဘာသာဖြင့် ပြန်ဆိုကာ အပြန်အလှန် ဆက်သွယ်၍ အကျိုးဆောင်ပေးခဲ့ရသည်။

ဦးရွှေဇံအောင်သည် မြန်မာနိုင်ငံမှ ဗုဒ္ဓကျမ်းစာများကို နိုင်ငံခြားသားများ ဖတ်ရှုလေ့လာနိုင်ရန် ရေးသားရုံမက အနောက်နိုင်ငံ ကျမ်းတစ်ဆောင်ဖြစ်သော လောဂျစ်ကျမ်းကို တက္ကိယနယဒီပနီ အမည်ရှိ ကျမ်းကို ပြုစုရေးသားသည်။ မြန်မာနိုင်ငံ သုတေသန အသင်းဂျာနယ်တွင် ၁၉၁၁-ခုနှစ်မှ ၁၉၂၀-ခုနှစ်အတွင်း ဆောင်းပါးပေါင်း ၃၅-ခုကို ပါဝင်ရေးသား နိုင်ခဲ့သည်။ ဆောင်းပါးအများစုသည် ဗုဒ္ဓအဘိဓမ္မာများသာ ဖြစ်ကြ၏။ ဆရာကြီးသည် ကျမ်းကြီးကျမ်းခိုင် တို.ကိုသာမက လက်ဝဲသုန္ဒရ၏ မဲဇာတောင်ခြေရတုကိုပင် အင်္ဂလိပ်ဘာသာဖြင့် ပြန်ဆိုရေးသားခဲ့သေးသည်။ ဗုဒ္ဓဘာသာနှင့် ပတ်သက်၍လည်း စာအုပ် ၇-အုပ်ကို ပြုစုနိုင်ခဲ့၏။ ၎င်းတို.မှာ မြန်မာဘာသာဖြင့် ရေးသားသော-
၁။ ဇရာလက္ခဏာဒိ ဒီပနီကျမ်း
၂။ တက္ကိယနယ ဒီပနီကျမ်း
၃။ ကာယင်္ဂသမ္ဘာရ ဒီပနီကျမ်း
၎။ ရူပ ဒီပနီကျမ်း

အင်္ဂလိပ်ဘာသာဖြင့် ရေးသားသော-
၅။ ယမကခေါ် ယမိုက်ကျမ်း
၆။ ကထာဝတ္ထု
၇။ အဘိဓမ္မတ္ထသင်္ဂဟကျမ်း တို.ဖြစ်သည်။ ဆရာကြီးသည် မြန်မာမှုကို လေးစားသူလည်းဖြစ်၏။

မြန်မာဘာသာကိုသာမက အင်္ဂလိပ်ဘာသာကိုပါ အထူးကျွမ်းကျင်သော ဆရာကြီးကို ကမ္ဘာကပါ သိလာကြပြီး ၁၉၃၂-ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်က D.Litt ဘွဲ.ကို အပ်နှင်းခဲ့၏။ သို.ရာတွင် ဘွဲ.နှင်းသဘင်ကျင်းပရန် ၁၀-ရက်ခန်.အလိုတွင် ဦးရွှေဇံအောင် ကွယ်လွန်ခဲ့၏။ နိဂုံးချုပ်အနေဖြင့် ၁၉၂၄-ခုနှစ်တွင် မြန်မာနိုင်ငံ တက္ကသိုလ်ကျောင်းကြီးအတွက် သင်ခန်းစာများ ရွေးချယ်သတ်မှတ်ရေး ကော်မတီတွင် ဆရာကြီး ပြောကြားခဲ့သော မှတ်ချက်ကို ဖော်ပြလိုပါသည်။

“ကျွန်တော့်အနေနဲ. အရှေ.တိုင်း အနောက်တိုင်း စာအုပ်တွေကို အတော်များများ ဖတ်ပြီးပါပြီ။ ကျွန်တော်တို. မြန်မာနိုင်ငံရဲ. လောကနီတိလောက် ကောင်းတဲ့ကျမ်း မတွေ.သေးပါဘူး၊ မြန်မာစာပေကို အထင်မသေးဖို. လိုပါတယ်။”

No comments:

Post a Comment