မယူမြစ်ဝမှ ၇၅ မိုင်အကွာ အနောက်ဘက်ကမ်းတွင်ရှိသည်။ တောင်ကမူများ ပေါများသည်။ ၁၉၀၅ ခုတွင် မြို့ဖြစ်လာသည်။ ဘူးသီးနှင့်တူသော တောင်ကို အစွဲပြု၍ မြို့အမည်တွင်သည်။ မြို့နယ်ဧရိယာ ၇၇၉ စတုရန်းမိုင်နှင့် လူဦးရေ နှစ်သိန်းကျော်ရှိည်။ တောတောင်ထူ သည်။ မယူမြစ်နှင့် စိုင်းဒင်ချောင်းတို့မှာ အဓိကမြစ်ချောင်းများဖြစ်ကြသည်။ လယ်ယာစိုက်ပျိုးခြင်းခြင်းနှင့် သစ်ဝါးထုတ်လုပ်ခြင်းများရှိသည်။ မောင်တောသို့ ကားလမ်း ၁၆ မိုင် ဆက်သွယ်ထားသည်။ စိုင်းဒင်ရေတံခွန်၊ ဒုံးသိမ်နှင့် လက်ဝဲဓာတ်စေတီတို့မှာ ထင်ရှားကြသည်။
No comments:
Post a Comment