Thursday, January 21, 2010

မင်းထီး

တရားစောင့်သော ရခိုင်မင်းအဖြစ်ထင်ရှားသည်။ အသက် ၇ နှစ် (၁၂၈၃ - ခု)ကပင် ထီးနန်းအပ်နှင်းခံရသည်။ အဘနှင့် အဘိုးတို့၏ စရိုက်နှင့် လုံးဝမတူချေ။ တရားနှင့်မညီသော ရင်ခွင်ပိုက် အုပ်ချုပ်ခဲ့သူ ဦးရီးတော်ရင်းကိုလည်း သေဒဏ်စီရင်ခြင်း၊ အပြစ်ရှိသော မိမိလက်ညှိုးကိုပင် တရားစီရင်ခြင်း များပြုခဲ့သည်။ အရည်အချင်းရှိသူကို ရှိသည့်အလျောက် ခန့်အပ်ခြင်း၊ အဂတိတရားကင်းရှင်းစေခြင်းတို့ ကြောင့် ဤမင်းနန်းသက် ၁၀၆ နှစ်သည် လေးမြို့ခေတ်တွင် အတိုးတက်ဆုံးဖြစ်လေသည်။ မင်းထီးသည် ၁၂၉၈ တွင် သျှမ်းရန်စစ်ကို အောင်နိုင်ခဲ့သည်။ ၁၃၁၃ ခုတွင် သရက်ကို လက်ဝင်လုပ်ခဲ့သည်။ ၁၃၂၃ ခုတွင် စစ်တကောင်းကို ဘင်္ဂလားနယ်က ၀င်ရောက်တိုက်ခိုက်သည်ကို ချေမှုန်းနိုင်ခဲ့သည်။ အရှေ့အနောက်တလွှားတွင် ပြိုင်နိုင်သူမရှိသဖြင့် မင်းဓီး(တစ်ပါးတည်းသောမင်း) ဟုတွင်လေသည်။

No comments:

Post a Comment