Thursday, January 21, 2010

မယူမြစ်

ရခိုင်တွင် တတိယအသုံးဝင်ဆုံးမြို့ဖြစ်သည်။ ပြည်နယ်တွင်းအရပ်၌ မြစ်ဖျားခံ၍ ဘင်္ဂလားပင်လယ်ထဲသို့ စစ်တွေမြို့ အနောက်ဘက်တွင် စီးဝင်သည်။ ၉၄ မိုင်မျှရှည်သည်။ မယူတောင် တန်းနှင့် စိုင်းဒင်တောင်တန်းတို့ ဆုံရာအရပ်မှ စတင်ပြီး ဘူးသီးတောင်မြို့အောက်နားတွင် အရှေ့ဘက်မှ စိုင်းဒင်ချောင်းနှင့် ပေါင်းစည်းသည်။ မြစ်ညာဒေသကို ကုလားပန်ဇင်းချောင်းဟုခေါ်သည်။ မြစ်ညာသည် သဲမြေဆန်သည်။ မြစ်ကြောင်းပေါ်တွင် ဘူးသီးတောင်မြို့နှင့် ရသေ့တောင်မြို့တို့ရှိကြသည်။ ပါဠိမယူရ ဆိုသော ဥဒေါင်းတို့ ပျော်စံရာ မယူတောင်ကို အစွဲပြု၍ မြစ်အမည်တွင်သည်။ ရှေးအခါက မလ္လာယုနဒီဟု လည်းတွင်ခဲ့သည်။

No comments:

Post a Comment