Wednesday, January 13, 2010

ကလိန်တောင်မြစ်

ရမ်းဗြဲကျွန်းနှင့် ရိုးမတောင်ခြေကြား မြောက်မှ တောင်သို့စီးကာ ဘင်္ဂလားပင်လယ်အော်သို့ စီးဝင်သည်။ မိုင် ၃၀ ခန့်ရှည်သည်။ မြစ်ဝမှာ ၁၅ မိုင်မျှ ကျယ်၏။ မြစ်ညာအရပ် သည် ၀မ်ပိုက်တော မြစ်သည်။ မြစ်ဝ အရှေ့ကမ်းတွင် ၅၉၆ ပေမြင့်သော တောင်၌ တန်းခိုး ဣဒ္ဓိပါဒ် နှင့် ပြည့်စုံသော ကလိင်္ဂ ရှင်ရသေ့ သီးတင်းသုံးခဲ့၍ မြစ်အမည်တွင်သည်။ ဤတောင်မှ အရှေ့ဘက် ၁၂ မိုင်အကွာတွင် တောင်ကုတ်မြို့ရှိသည်။ မအီ၊ လမု၊ တန်းလွဲချောင်းတို့သည် ဤမြစ်ထဲသို့ စီးဝင်သည်။

No comments:

Post a Comment