ရခိုင်ပြည်တွင် အသုံးဝင်ဆုံးမြစ်ဖြစ်သည်။ အိန္ဒိယနိုင်ငံ ချယ်လတီတလန်တောင် မှမြစ်ဖျားခံ၍ စစ်တွေမြို့အနီး ဘင်္ဂလားပင်ထဲသို့စီးဝင်သည်။ မိုင် ၂၂၀ မျှ ရှိသည်။ မိုင် ၁၅၀ ခန့်ထိ သင်္ဘော များသွားလာနိုင်သည်။ မြစ်ဝမြေနုကျွန်းပေါ်အရပ်သည် မိုင် ၇၀ မျှ ရှည်ပြီး ရခိုင် စပါးကျီအဖြစ်ထင်ရှား သည်။ ဤအရပ်တွင် စစ်တွေ၊ ပုဏ္ဏာကျွန်း၊ ကျောက်တော်၊ မြောက်ဦး နှင့် ပေါက်တောမြို့များရှိကြ သည်။ မြစ်ညာတွင် ရခိုင်တောင်တန်းဒေသ ပလက်ဝနယ်ရှိသည်။ အကြေအရပ်တွင် တစ်နှစ်လျှင် အနည်းဆုံး ရေလျှံတတ်သည်။ မြစ်အမည်မှာ ကုလ + ဌာန ခေါ် ရခိုင်ရပ်ရင်းရှိ မြစ်ဟု အဓိပ္ပာယ်ရသည်။ ပါဠိလို ကစ္ဆပနဒီ ဟူ၏။ ဤလွင်ပြင်၌ ဓည၀တီ၊ ဝေသာလီနှင့် မြောက်ဦးမြို့တော်ဟောင်းများ ထွန်းကားခဲ့သည်။
No comments:
Post a Comment