အင်္ဂလိပ်ခေတ်က ရခိုင်အမျိုးသားထဲမှ မထမဦးဆုံး အရေးပိုင် ဖြစ်ခဲ့သူဖြစ် သည်။ (၁၈၅၆ - ၁၉၁၉)
မျောက်တောင်
ကျောက်တောင်မြို့နယ်တွင် ကုလားတန်မြစ်အထက်ပိုင်း၌ ထင်ရှားသည့် ရွာကြီး ဖြစ်သည်။ အင်္ဂလိပ်ခေတ်ဦးက မြို့ဖြစ်ခဲ့သည်။
မောင်ဖော်အောင်
အင်္ဂလိပ်တို့ကို ၁၈၉၂ ခုတွင် နောက်ဆုံးတော်လုန်ခဲ့သူ ဖြစ်သည်။ မင်းလောင်းအဖြစ် ထင်ရှားသည်။ ကူတောင်ဇာတိ ဖြစ်သည်။ နောက်အင်အား ကောင်းခဲ့သည်။ အဖမ်းခံရ ပြီး စစ်တွေထောင်တွင် လွန်လေသည်။
မောင်တောမြို့
နတ်မြစ်အရှေ့ကမ်းတွင် တည်ရှိသည်။ နယ်စပ်မြို့ဖြစ်သည်။ ဘူးသီးတောင်နှင့် ကားလမ်း ၁၆ မိုင် ဝေးသည်။ အင်္ဂလိပ် - မြန်မာ ပထမစစ်ပွဲတွင် မြန်မာတပ်မှ ဗိုလ်မောက်တောက တပ်စွဲ နေရာတွင် မြို့တည်သဖြင့် အမည်တွင့်သည်။ မြို့နယ်ဧရိယာ ၆၇၈ စတုရန်းမိုင်ရှိသည်။ မယူတောင်တန်း၏ အနောက်တောင်ခြေဖြစ်သည်။ တောတောင်ထူသည်။ အဓိက စီးပွားရေးမှာ ဆန်စပါး၊ ငါးနှင့် ပုစွန်လုပ်ငန်း ဖြစ်သည်။ လူဦးရေ ၃၄၁၀၀၀ ကျော်ရှိသည်။ သူဦးရကြီးထွားမူ မြန်ဆန်သည်။ စစ်တကောင်းသား အနွယ် ဝင်များပြားသည်။ ဝက်ကျိန်းနှင် သရီကုန်းဘောင်စေတီတို့မှာ ထင်ရှားသည်။