ရခိုင်ကိုးကွယ်မှုတွင် အထွတ်အမြတ်ဆုံးနှင့် ကနဦးဆုံး ဆင်းတုတော်ဖြစ်သည်။ စန္ဒသူရိယမင်းက ဘီစီ ၅၅၄ ခု ၀ါဆိုလပြည့်နေ့တွင် ရတနာငါးပါးဖြင့် သွန်းလုပ်ခဲ့သည်။ သွန်းစက်တော် သက်တော် ၁၆၀၀ ကျော်လွန်သည့်အခါ ပုဂံ အနော်ရထာမင်းနှင့် အလောင်းစည်သူတို့က ပင့်ယူရန် ကြိုးပမ်းခဲ့ကြသည်။ အေဒီ ၁၁၀၃ ခုတွင် ဖိုကျင်ထိုးခံရပြီး မထင်မရှားဖြစ်ခဲ့ရသည်။ နှစ် ၂၀ ကြာပြီးမှ ဒဿရာဇာမင်းကြီးက မူလကုန်းတော် သီရိကုတ်သို့ ပြန်လည်ပင့်ဆောင်ခဲ့သည်။ မင်းအဆက်ဆက်တို့ သည်လည်း စဉ်ဆက်မပြတ် ပူဇော်လာခဲ့ကြသည်။ ၁၇၈၅ ခုနှစ်တွင် ရခိုင်မြို့တော် ကျဆုံးပြီးနောက် မြန်မာအိမ်ရှေ့မင်းက ဥာဏ်တော် ၁၂ ပေ ၇ လက်မရှိသော ဆင်းတုတော်ကြီးကို အမရပူရမြို့သို့ ပင့်ဆောင်သွားခဲ့သည်။ ယခု မန္တလေးမြို့၌ ရခိုင်ဘုရားကြီးဟု အမည်တွင်နေသည်။
0 comments:
Post a Comment