မြို့ဝန်ခေတ်

ရခိုင်ဒေသကို ၁၇၈၅ မှ ၁၈၅၂ ခုထိ မြောက်ဦး (ဓညဝတီ)၊ ရမ်းဗြဲ (ရမ္မာဝတီ)၊ မာန်အောင် (မေဃဝတီ)နှင့် သံတွဲ (ဒွါရဝတီ) တို့၌ မြို့ဝန် တစ်ပါးစီထားကာ အုပ်ချုပ်သည့် ကာလဖြစ် သည်။ မြို့ဝန်တို့ကို အမရပူရက ခန့်ထားစေလွှတိခဲ့သည်။

မြို့ချောင်းကျွန်း

မရဇိုင်းကျွန်း - ရှု။

မြို

ရခိုင်အနောက်မြောက် နယ်စပ်တွင် နေကြသည်။ နံတိုပိုင်းကို ဝတ်ဆင်ကြသည်။ မြို့စား ဟုလည်း တွင်သည်။ ကတ္တား၊ ကြိယာ၊ ကံ၊ ဝါကျပုံစံမျိုးကို ပြောဆိုကြသည်။ ခမိနှင့် မှားလေ့ရှိကြသည်။ လူဦးရေ ၂၀၀၀ မျှသာရှိသည်။

မြေပုံမြို့

ကြတ်စင်ကျွန်း၏ တောင်ဘက်အဆုံးတွင် ရှိသည်။ ငါးခြောက် လုပ်ငန်းကြောင့်ထင်းရှား သည်။ ၁၈၆၃ ခုတွင် မြို့ဖြစ်လာသည်။ မြေပူသဖြင့် မြေပုံ ဟုတွင်သည်။ မြို့နယ်ဧရိယာ ၉၄၂ စတုရန်းမိုင် ရှိသည်။ လူဦးရေ ၈၀၀၀၀ မျှသာရှိသည်။ တစ်ရပ်တစ်ကျေး အခြေချသူ များပြားသည်။ ဆန်စပါး၊ သစ် နှင့် ငါးလုပ်ငန်းများ ရှိသည်။ ကျွန်းကြီးကျွန်းငယ် သစ်တောများထူထပ်သည်။ အကြီးဆုံးကျွန်းငယ်နှင့် ကွမ်းချေင်းကျွန်း ဖြစ်သည်။ မြို့ပေါ်ရှိ အငူမော်စေတီမှာ ထင်ရှားသည်။

မြေငူကျွန်း

ဖရုံကာကျွန်းများတွင် အနောက်လက်ဆုံးကျွန်း ဖြစ်သည်။ မေးငူတော်ဓာတ် ရှိ၍ အမည်တွင်သည်။

မြသွင်

ပရိမ်အရပ်ကို စောင့်ရှောက်သည့် နတ်မအဖြစ် ထင်ရှားသည်။ မူရင်း အမသွာရ် ဖြစ် သည်။

မြထွန်းအောင်၊ ဦး

အင်္ဂလိပ်ခေတ်က ရခိုင်အမျိုးသားထဲမှ မထမဦးဆုံး အရေးပိုင် ဖြစ်ခဲ့သူဖြစ် သည်။ (၁၈၅၆ - ၁၉၁၉)

မျောက်တောင်

ကျောက်တောင်မြို့နယ်တွင် ကုလားတန်မြစ်အထက်ပိုင်း၌ ထင်ရှားသည့် ရွာကြီး ဖြစ်သည်။ အင်္ဂလိပ်ခေတ်ဦးက မြို့ဖြစ်ခဲ့သည်။

မောင်ဖော်အောင်

အင်္ဂလိပ်တို့ကို ၁၈၉၂ ခုတွင် နောက်ဆုံးတော်လုန်ခဲ့သူ ဖြစ်သည်။ မင်းလောင်းအဖြစ် ထင်ရှားသည်။ ကူတောင်ဇာတိ ဖြစ်သည်။ နောက်အင်အား ကောင်းခဲ့သည်။ အဖမ်းခံရ ပြီး စစ်တွေထောင်တွင် လွန်လေသည်။

မောင်တောမြို့

နတ်မြစ်အရှေ့ကမ်းတွင် တည်ရှိသည်။ နယ်စပ်မြို့ဖြစ်သည်။ ဘူးသီးတောင်နှင့် ကားလမ်း ၁၆ မိုင် ဝေးသည်။ အင်္ဂလိပ် - မြန်မာ ပထမစစ်ပွဲတွင် မြန်မာတပ်မှ ဗိုလ်မောက်တောက တပ်စွဲ နေရာတွင် မြို့တည်သဖြင့် အမည်တွင့်သည်။ မြို့နယ်ဧရိယာ ၆၇၈ စတုရန်းမိုင်ရှိသည်။ မယူတောင်တန်း၏ အနောက်တောင်ခြေဖြစ်သည်။ တောတောင်ထူသည်။ အဓိက စီးပွားရေးမှာ ဆန်စပါး၊ ငါးနှင့် ပုစွန်လုပ်ငန်း ဖြစ်သည်။ လူဦးရေ ၃၄၁၀၀၀ ကျော်ရှိသည်။ သူဦးရကြီးထွားမူ မြန်ဆန်သည်။ စစ်တကောင်းသား အနွယ် ဝင်များပြားသည်။ ဝက်ကျိန်းနှင် သရီကုန်းဘောင်စေတီတို့မှာ ထင်ရှားသည်။

မောင်တောခရိုင်

၁၉၉၅ ခု၊ စက်တင်ဘာလမှ စ၍ မောင်တောမြို့ကို ဖွဲ့စည်းသော ခရိုင် ဖြစ်သည်။

မောက်တော်ဧချင်း

ရခိုင်မင်းသမီး ဧချင်းကိုခေါ်သည်။

မောက်

ရခိုင်ကို ဘင်္ဂလားသားတို့ခေါ်သော အမည်ဖြစ်သည်။ အရှင်သခင်ဟု ရခိုင်အဓိပ္ပာယ်ရ သည်။ မဂ္ဂဒေသမှပြောင်းရွှေလာ၍ အချို့ကယူဆကြသည်။

မလ္လာယုနဒီ

မယူမြစ်၏ရှေးအမည် တစ်ခုဖြစ်သည်။

မာရ်ငါးပါး

မြောက်ဦးမြို့တွင် ၁၆၂၉ မှ ၁၆၈၅ အတွင်းတည်ထားခဲ့သည့် မာရ်အောင်ဘွဲ့ခံ ထုချွန်ပုံ ကျောက်စေတီများဖြစ်ကြသည်။ သက္ကျမာရ်အောင်၊ ရတနာ့မာရ်အောင်၊ ဇိနမာရ်အောင်၊ လောကမာရ် အောင်နှင့် မင်္ဂလာမာရ်အောင်တို့ ဖြစ်ကြသည်။

မာန်အောင်မြို့

မာန်အောင်ကျွန်း အရှေ့မြောက်ဘက်တွင်တည်ရှိသည်။ ၁၈၈၂ ခုတွင် မြို့ ဖြစ်လာသည်။ မြို့နယ် ဧရိယာစတုရန်းမိုင် ၂၀၂ မျှရှိသည်။ လူဦးရေ ၇၀၀၀၀ ခန့်ရှိသည်။ တစ်ရပ်တစ်ကျေး သို့ အခြေချသူများကြောင့် လူနေကျဲသည်။ တောင်နီတောင်နှင့် ဘူးတောင်းကွဲစေတီတို့မှာ ထင်ရှားကြ သည်။

မာန်အောင်ကျွန်း

ရခိုင်ကမ်းရိုးတန်းတွင် ဒုတိယအကြီးဆုံးကျွန်းဖြစ်သည်။ ဧရိယာစတုရန်းမိုင် ၂၀၀ မျှရှိသည်။ ကျွန်းမှာ တြိဂံပုံသဏ္ဍာန်ဖြစ်သည်။ ရမ်းဗြဲကျွန်း၏ အနောက်ဘက်တွင်ရှိပြီး အနီးဆုံးနေရာ သည် ၅ မိုင်ဝေးသည်။ တောင်ဘက်ပိုင်းသည် ကုန်းမြင့်မြေဖြစ်သည်။ ပုလဲပုံတောင် (ပေ ၈၄၉ ) သည် အမြင့်ဆုံးဖြစ်သည်။ တောင်နီခေါ် ဂန္ဓပဗ္ဗတတောင်မှာ မြက်မွှေးပင်၊ နတ်နှင့် ဘုရား၊ စေတီတို့က ထင်ရှား သည်။ အဓိကချောင်းမှာ ဟုန်းချောင်းဖြစ်ပြီး အ၀၌ မာန်အောင်မြို့တည်ရှိသည်။ ကျွန်းရုံများမှာ ရဲကျွန်း၊ တိုက်ကျွန်း၊ ယောက်ကျွန်းတို့ဖြစ်ကြသည်။ သဘာဝဓာတ်ငွေ့၊ ရေနံ၊ သံသတ္တုနှင့် ကျောက်မျက်အချို့ရှိ သည်။ အဓိကလုပ်ငန်းမှာ ဆန်စပါး၊ ဆေးရွက်ကြီး၊ အုန်းသီးနှင့် ငါးဖမ်ခြင်းတို့ဖြစ်ကြသည်။ ဤကျွန်းကို မေဃ၀တီ၊ စကုဒီပ၊ နာဂဒီပ၊ ပြသာဒ်၊ဗောင်တူ၊ ကျွန်းသာယာ၊ မိန်းမလှကျွန်းစသည့်ဖြင့်ခေါ်ခဲ့ကြသည်။

မန်နရိတ်

၁၇ ရာစုအစောပိုင်းတွင် မြောက်ဦးမြို့တော်သို့ ရောက်ရှိခဲ့သော ပေါ်တူဂီဘုန်းကြီးဖြစ် သည်။ ၎င်း၏ ကိုယ်တွေ့မြောက်ဦးမှတ်တမ်းသည် ထင်ရှားသည်။

မဉ္ဖူသင်

နေရဉ္စရာတောင်ငူမြို့တည်မင်းဖြစ်သည်။ ဘုန်းတောက်ခဲ့သည်။ တိုင်းသူပြည်သားတို့က ချစ်မြတ်နိုးသဖြင့် တိုင်းချစ်မင်းဟုလည်း တွင်သည်။ (နန်းစံ ၁၁၆၁ - ၁၁၆၆ )

မင်းသားကြီး

အင်္ဂလိပ်တို့ကို အဦးဆုံးတော်လှန်ခဲ့သော မျိုးချစ်ခေါင်းဆောင်တစ်ဦးဖြစ်သည်။ အမည်ရင်းမှာ ဦးရွှေဗန်းဖြစ်သည်။ ဒက္ကာထောင်၌ လွန်လေသည်။ ၎င်း၏ မှာတမ်းစာမှာ ထင်ရှားသည်။

မင်းရပ်မြစ်

ကျောက်ဖြူနှင့် ရမ်းဗြဲနယ်အစပ်ရှိ ပင်လယ်ဒီရေရောက်မြစ်ဖြစ်သည်။အနောက်တောင်မှ အရှေ့မြောက်သို့ စီးဆင်းသည်။

မင်ရင်ဖြူ

ပဉ္စာမြို့၏ သုံးဆက်မြောက်မင်းဖြစ်သည်။ (နန်းစံ ၈၄၃ - ၈၇၃ )။နန်းသက် ၄ နှစ်တွင် ပဉ္စာမြို့တော်၌ သာသနာသန့်စင်ပွဲပြုလုပ်ခဲ့သည်။ ရဟန္တာငါးပါးကို အမှူးပြုလျက် ရဟန်းတော် ၁၀၀၀ ဖြင့် သင်္ဂါယနာတင်တော်မူသည်။ ဆင်းတုတော်များစွာကိုလည်း သွန်းလုပ်တည်ထားတော်မူသည်။

မင်းရာဇာကြီး

မြောက်ဦးမြို့တော်၏ သြဇာကို အကျယ်ပြန့်ဆုံး ဖြန့်ကျက်ပေးနိုင်သူဖြစ်သည်။ အရှေ့ဘက်တွင် မုတ္တမပင်လယ်ကွေ့၊ အနောက်ဘက်တွင် ဂင်္ဂါမြစ်ဝှမ်းကမ်းခြေ အထိပိုက်နက် ကျယ်ပြန့် ခဲ့သည်။ ခမည်တော် မင်းဖလောင်း၏ ထီးမွေကို ၁၅၉၃ ခုတွင် ဆက်ခံသည်။ ၁၅၉၈ ခုတွင် တောင်ငူက ပင့်ဖိတ်သဖြင့် ဟံသာဝတီကို သိမ်းပိုက်ခဲ့သည်။ သံလျင်တွင် အစောင့်တပ်ချထားခဲ့သည်။ အနောက်မျက် နှာ၌ မဂိုတို့နှင့် ပြိုင်ဆိုင်ခဲ့ရသည်။ သီဟိုဠ်သို့ သာသနာပြုစေလွတ်ခဲ့သည်။ မဟာမုနိတွင် ပဉ္စင်းတစ်သောင်း ခံပွဲပြုလုပ်ခဲ့သည်။ ကုသိုလ်တော်မှာ ဘုရားပေါ်ဖြစ်သည်။ မင်းကြီးသည် ၁၆၁၂ တွင် လွန်လေသည်။ ဤမင်းလက်ထက်တွင် စာဆိုစစ်သည် ဥက္ကာပျံသည် ထင်ရှားသည်။

မင်းဘာကျွန်း

တောင်ရင်းကျွန်း - ရှု။

မင်းဘာကြီး

ရွှေရောင်လွှမ်းမိုးသည့် မြောက်ဦးမြို့တော်ခေတ် (၁၅၃၁ - ၁၆၃၈) ကိုအစပျိုး ခဲ့သူဖြစ်သည်။ ၁၅၃၁ တွင် ထီးနန်းကို သိမ်းပိုက်ရရှိခဲ့သည်။ သံတွဲမှ ချီတက်လာခြင်းဖြစ်သည်။ မင်းဘာ သည် ဘုန်းလက်ရုံးနှင့် ပြည့်စုံသည်။ အုပ်ချုပ်ရေးနှင့် စီးပွားရေးအတွက် ရွှီမျဉ်းဓမ္မသတ်ကို ပြဌာန်းခဲ့သည်။ မြို့တော်ကိုလည်း ခိုင်ခံ့စေသည်။ မိမိတပ်ကိုလည်း ခေတ်မှီအောင် ပေါ်တူဂီအကူအညီဖြင့် လေ့ကျင့်ပေးခဲ့ သည်။ နန်းရ၍ တစ်နှစ်အတွင်းပင် အနောက်တလွှား၊ စစ်တကောင်းနှင့် ဒက္ကာတို့ကို ပြန်လည်သိမ်းပိုက်ခဲ့ သည်။ ၁၅၃၅ ခုနှစ်တွင် ပေါ်တူဂီရေတပ်ကို ချေမှုန်းခဲ့ပြန်သည်။ တောင်ငူရန်စစ် (၁၅၄၇ - ၄၉ )ကိုလည်း ကြံ့ကြံ့ခံ့ခဲ့ရသည်။ ကုသိုလ်တော်မှာ သျှစ်သောင်းပုထိုးတော်ကြီး ဖြစ်သည်။ နန်းသက် ၂၂ တွင် လွန်လေ သည်။

မင်းဖလောင်း

မင်းဘာကြီး၏ သားတော်ထွေးဖြစ်သည်။ ဖလောင်ပေါ်တူဂီတို့ကို စစ်အောင်ချိန် တွင် ဖွားမြင်သဖြင့် မင်းဖလောင်းဟုအမည်တွင်သည်။ ထီးနန်းကို နောင်တော်ကြီးနှင့် သားများက ၁၈ ကြာ အုပ်စိုးပြီးမှ ၁၅၇၁ ခုတွင် ပြည်သူမှူးမတ်တို့က တင်မြှောက်ကြသဖြင့် ရရှိခဲ့သည်။ နန်းသက် ၃ နှစ်တွင် သက်ပြည်ကို ပြန်လည်သိမ်းသွင်းခဲ့သည်။ စစ်တကောင်းတွင် အနောက်ဘုရင်ဟု ခန့်ထားခဲ့သည်။ ၁၅၈၁ ခုတွင် ပဲခူးတပ်တို့ သံတွဲကို ထိပါးသည်ကို နိုင်ခဲ့သည်။ ၁၅၈၇ ခုတွင် ဥတ္တရာဇ်မြုံပြည်ကို ခိုင်ခံ့အောင် စီရင်ခဲ့သည်။ မင်းကြီးသည် ဘာသာရေးကိုင်းရှိုင်းသဖြင့် မြောက်ဦးခေတ်၏ အာသောက ဟုတင်စားခံရ သည်။ ပိုင်နက်တစ်ခိုရှိ စေတီများကို ပြုပြင်ခဲ့သည်။ ၀ရိုက်တော်စေတီကို ကြီးကျယ်စွာ ပြန်လည်တည် ဆောက်ခဲ့သည်။ မင်းကြီးလက်ထက် ဘာသာစာပေများစွာ တိုးတက်ခဲ့သည်။ ၁၅၉၃ ခုတွင် လွန်လေသည်။

မင်းပြင်

ကျောက်ဖြူမြို့၏ တောက်ဘက် ၁၅ မိုင်အကွာတွင် ရှိသည့် ရွာကြီးဖြစ်သည်။ လေမုန်တိုင်း စောင့်ကြည့်ရေဒါစခန်းရှိသည်။

မင်းပြားမြို့

လေးမြို့မြစ်ဝှမ်းလွင်ပြင်ကို ဗဟိုပြု၍တည်ရှိသည်။ နယ်ဧရိယာ ၁၃၃၈ စတုရန်းမိုင် ရှိသည်။ လူဦးရေ ၁၃၇၀၀၀ ခန့်ရှိသည်။ အရှေ့ဘက်တွင် တောင်စဉ်တောင်ထပ်ရှိပြီး သစ်ဝါးပေါများသည်။ မင်းပြားမြို့သည် ကျိန်းတောင်ခြေတွင်ရှိသည်။ ၁၈၆၇ ခုတွင် မြို့ဖြစ်လာသည်။ မြောက်ဦးသို့ ကားလမ်း မိုင် ၂၀ ရှိသည်။ လေးမြို့မြစ်ညာဒေသပိုင်း၊ ရခိုင်တောင်ပိုင်းနှင့် ကုလားတန်လွင်ပြင်တို့ကို ဆက်သွယ်ရာ အဓိကစခန်းမြို့ဖြစ်သည်။ မြို့နယ်တွင် ကျိန်းတော်စေတီ၊ လက်မစေတီတို့မှာ ထင်ရှားကြသည်။

မင်းပင်

မင်းဘာကြီးကို ခေါ်သော အမည်တစ်ခုဖြစ်သည်။ ရာဇာဓိရာဇာဟု အဓိပ္ပာယ်ရသည်။

မင်းပတိ

အမတ်မျိုးရိုးဖြစ်သည်။ (နန်းစံ ၁၀၉၀ - ၁၁၀၃) ပုဂံမှစစ်ကို ရင်ဆိုင်ခဲ့သည်။ လက်ျာမင်းနန်နှင့် ထီးနန်းလုရာတွင် ရှုံးနိမ့်ခဲ့သည်။

မင်းထီး

တရားစောင့်သော ရခိုင်မင်းအဖြစ်ထင်ရှားသည်။ အသက် ၇ နှစ် (၁၂၈၃ - ခု)ကပင် ထီးနန်းအပ်နှင်းခံရသည်။ အဘနှင့် အဘိုးတို့၏ စရိုက်နှင့် လုံးဝမတူချေ။ တရားနှင့်မညီသော ရင်ခွင်ပိုက် အုပ်ချုပ်ခဲ့သူ ဦးရီးတော်ရင်းကိုလည်း သေဒဏ်စီရင်ခြင်း၊ အပြစ်ရှိသော မိမိလက်ညှိုးကိုပင် တရားစီရင်ခြင်း များပြုခဲ့သည်။ အရည်အချင်းရှိသူကို ရှိသည့်အလျောက် ခန့်အပ်ခြင်း၊ အဂတိတရားကင်းရှင်းစေခြင်းတို့ ကြောင့် ဤမင်းနန်းသက် ၁၀၆ နှစ်သည် လေးမြို့ခေတ်တွင် အတိုးတက်ဆုံးဖြစ်လေသည်။ မင်းထီးသည် ၁၂၉၈ တွင် သျှမ်းရန်စစ်ကို အောင်နိုင်ခဲ့သည်။ ၁၃၁၃ ခုတွင် သရက်ကို လက်ဝင်လုပ်ခဲ့သည်။ ၁၃၂၃ ခုတွင် စစ်တကောင်းကို ဘင်္ဂလားနယ်က ၀င်ရောက်တိုက်ခိုက်သည်ကို ချေမှုန်းနိုင်ခဲ့သည်။ အရှေ့အနောက်တလွှားတွင် ပြိုင်နိုင်သူမရှိသဖြင့် မင်းဓီး(တစ်ပါးတည်းသောမင်း) ဟုတွင်လေသည်။

မင်းတရားပြင်

ရှေးရခိုင်မင်းတို့ လယ်ထွန်မင်္ဂလာပြုရာအရပ်ဖြစ်သည်။ ယခု မြောက်ဦးမြို့ အရှေ့ဘက်တွင်ရှိသည်။ ဤအရပ်ကို မင်းထီးလက်ထက်မှ စ၍ ရွေးချယ်အသုံးပြုခဲ့သည်။ ယခင်က နေ့နံသင့်အရပ်တို့၌သာ အသုံးပြုခဲ့ကြသည်။

မင်းစောမွန်

လောင်းကြက်ထီးနန်း၏ နောက်ဆုံးမင်းနှင့် မြောက်ဦးမြို့တော်ကို တည်ထောင်ခဲ့သူဖြစ် သည်။ ၁၄၀၄ ခုတွင် ထီးနန်းရခဲ့ပြီး နန်းသက် ၂ နှစ်တွင်ပင် နန်းတွင်း သပ်လျှိုခံရသဖြင့် အင်းဝရန်စစ်နှင့် တွေ့ခဲ့ရသည်။ စစ်ရှုံး၍ ဘင်္ဂလားနယ် ဂါဝါတွင် ၂၄ နှစ်တိုင် ခိုလှုံခဲ့ရသည်။ ဂါဝါဘုရင်ကို စစ်ရေးအရ အကူ အညီပေးခဲ့၍ ဂါဝါ၏ အကူအညီကို ရခဲ့သည်။ ၁၄၂၈ ခုနှစ်တွင် ထိုအကူအညီဖြင့် လောင်းကြက်ထီးနန်းကို ပြန်ရခဲ့သည်။ ညီတော် မင်းခရီမှာ သူ့လက်ရုံးဖြစ်သည်။ ၁၄၃၀ ပြည့်နှစ်တွင် တောင်ကုန်းထူထပ်ပြီး ရွှံ့နွံပေါ သော မြောက်ဦးအရပ်တွင် ထီးနန်းတည်ခဲ့သည်။ မြို့တော် ကြီးကျယ်စည်ကားလာမည့်အရေးအတွက် မိမိအသက်တိုမည်ကို ပမာဏမထားခဲ့ချေ။ ထီးနန်းကိုလည်း ညီတော်မင်းခရီကိုသာ လွဲအပ်ခဲ့လေသည်။ မင်းစောမွန်သည် မြို့တော်သစ်တွင် ၃ နှစ်နန်းစံပြီးနောက် လွန်လေသည်။

မင်းခရီ

မြောက်ဦးထီးနန်းကို နောင်တော် မင်းစောမွန်နှင့် အတူ တည်ထောင်ခဲ့သူဖြစ်သည်။ ၁၄၃၃ ခုနှစ်တွင် နောင်တော်ကိုဆက်ခံသည်။ အိမ်နိမ့်ဘ၀က သံတွဲစားဖြစ်ခဲ့သည်။ နောင်တော်သည် ဘင်္ဂလားတွင် ခိုလှုံနေစဉ် ထီးနန်းယာယီစံခဲ့သည်။ ၁၄၂၈ ခုတွင် နောင်တော်ကို ပင့်ဖိတ်ကာ လောင်းကြက် ထီးနန်းကို ပြန်လည်အပ်ခဲ့သည်။ မင်းခရီသည် ပြည်သူ့အရေးကို ဦးထိပ်ထားသည်။ စီးပွားရေးဖြစ်ထွန်း အောင် အားပေးခဲ့သည်။ ၁၄၃၇ တွင် သံတွဲစား စောယဉ်မိကို သိမ်းပိုက်ခဲ့သည်။ ၁၄၅၀ ပြည့်နှစ်တွင် စုက္ကရားနှင့် စစ်တကောင်းကို လက်ဝင်ဖြစ်စေခဲ့သည်။ နောင်လေးနှစ်တွင် အင်းဝဘုရင်နှင့် နတ်ရေကန်တွင် တွေ့ကာ မဟာမိတ်ပြုခဲ့သည်။ ၁၄၅၈ ခုနှစ်တွင် မြို့တော်ကို သျှမ်းတို့ ၀ိုင်းရံလာသည်ကို ကိုယ်တိုက်နှိမ် နင်းပြီး မကြာမီ လွန်လေသည်။

မင်းကြောင်း

မင်းပြားမှ မြေပုံသို့ သွားသည့် အရှေ့ဘက်ဆုံး ရေလမ်းဖြစ်သည်။ ၂၅ မိုင်မျှ ရှည်သည်။

မင်းကြီးတောင်တန်း

စိုင်းဒင်တောင်တန်းနှင့် ကုလားတန်းမြစ်အကြား အမြင့် ၃၀၃၅ ပေအထိ ရှိသော တောင်တန်းကြီးဖြစ်သည်။

မင်းကြီးကျောက်တန်း

စစ်တွေမြို့ကို စတင်တည်ထောင်စက ကုလားတ်မြစ်ကမ်း၌ တည်ဆောက်ခဲ့ သည့် ဖောင်တော်ဖြစ်သည်။ ပေ ၆၀၀ မျှ ရှည်သည်။ မြောက်ဦးမြို့တော်ဟောင်းမှ ကျောက်ဆစ်တုံးများဖြင့် တည်ဆောက်ထားသည်။ မြစ်ကြောင်းနက်စေရန်အတွက် ဤကျောက်တန်းကို အသုံးမပြုတော့ရာမှ ယခု ပျက်စီးယိုယွင်းလာနေပြီဖြစ်သည်။

မင်းကျွန်းမ

မင်းကျွန်တစ်ဦး၏ ဘ၀ကြင်ဖော်ဖြစ်သည်။

မင်းကျွန်

အိမ်ထောင်ပြုပြီးသူ အမျိုးသားကို ခေါ်သည်။ ၎င်းလုပ်ကိုင်စားသောက်ရန်အတွက် သင့်လျော်သောအရပ်သို့ ဘုရင်က ရွေ့ပြောင်းနိုင်သဖြင့် မင်းကျွန်ဟုတွင်သည်။ နယ်တစ်နယ်တည်းတွင် လုပ်ကိုင်စားသောက်သူများ ပြွတ်သိပ်မှုမရှိစေရန် မင်းမိန့် ပြဌာန်းခဲ့ခြင်းဖြစ်သည်။

မင်းကန်ချောင်း

စစ်တွေမြို့အနီးတွင်ရှိသည်။ ကုလားတန်မြစ်ဝနှင့် မယူမြစ်ဝတို့ကို ဆက်သွယ် ပေးသည်။ ၁၂ မိုင်မျှ ရှည်သည်။

မင်္ဂလာမာရ်အောင်

မာရ်ငါးပါးစေတီတို့တွင် အထွေးဆုံးဖြစ်သည်။ မြောက်ဦး နန်းတော်ကုန်းမှ မြောက်ဘက် တစ်မိုင်ခွဲခန့်အကွာတွင်ရှိသည်။ ပစ္စယတို့တွင် မုခ်ထွက်တံကဲများပါရှိသည်။ ပရိဝုဏ်တစ်ခု လုံးကို သိမ်အဖြစ် သမုတ်ထားရှိသည်။ ဥက္ကာဗလမင်းကံကုန်မည့် ၁၆၈၅ ခုတွင် မင်းနှင့် အမတ်မညီညွတ် သဖြင့် ကုသိုလ်တော်အဖြစ် တည်ထားခဲ့ခြင်းဖြစ်သည်။

မင်္ဂလာကြီးတောင်

အမြင့် ၂၁၇၄ ပေမြင့်သည်။ မယူတောင်တန်း၏ မြောက်ဘက်ပိုင်းတွင်ရှိသည်။ မောင်တောမှ ၁၂ မိုင်ခန့်ဝေး၏။

မိုးသီးနတ်တောင်

ကွမ်းချောင်းကျွန်း၏ အရှေ့ဘက်တွင် ကပ်လျက်ရှိသည့် ကျွန်းဖြစ်သည်။ အမြင့်ဆုံးတောင်သည် ၆၁၇ ပေမြင့်သည်။

မိုးထိတောင်

အမြင့် ၃၈၃၅ ပေရှိသည်။ တောင်ကုတ်မှ အရှေ့ကားလမ်း ၅၆ မိုင်ဝေးသည်။ ရခိုင်နှင့် ပဲခူးနယ်စပ်ဖြစ်သည်။

မောရ၀တီ

ယခုဘူးသီးတောင်နယ်၏ ရှေးအမည်ဖြစ်သည်။ ဥဒေါင်းတို့ ပျော်စံရာအရပ်ဟူ၏။

မဲအောင်၊ ဦး

အင်္ဂလိပ်ခေတ်တွင် ရခိုင်အမျိုးသားထဲမှ ပထမဦးဆုံး ၀န်ကြီးဖြစ်ခဲ့သူဖြစ်သည်။ စစ်တွေမြို့ဇာတိဖြစ်သည်။ အမျိုးသားစာပေကို ၀ါသနာထုံပြီး စာအုပ်များရေးသားထုတ်ဝေခဲ့သည်။ (၁၈၈၀ - ၁၉၂၆)။

မေယုနယ်ခြားခရိုင်

၁၉၆၀ ပြည့်နှစ် ၀န်းကျင်က မောင်တောနှင့် ဘူးသီးတောင်ကို ဖွဲ့ပေးခဲ့သော သီးခြားခရိုင်ဖြစ်သည်။ ၁၉၆၄ ခုနှစ်ထိရှိခဲ့သည်။

မေဓပညာ

ဝေသာလီခေတ် သီရီဓမ္မ၀ိဇယ လက်ထက်တွင် ထင်ရှားသည့် စာဆိုအမတ်ကြီး သုခမိန် ဖြစ်သည်။ ယခု ရခိုင်သက္ကရာဇ်ကို စတင်ရန် စီမံခဲ့သည်။ ၎င်း၏ မော်ကွန်းစာသည် ထင်ရှားသည်။

မေဃ၀တီ

မာန်အောင်ကျွန်း၏ ရှေးအမည်ဖြစ်သည်။ မိုးကောင်းသည့်အရပ် ဟူ၏။

မေကံယုံ

တောင်ရင်းကျွန်းတွင် ထင်ရှားသည့် ဒဏ္ဍာရီသမိုင်းဝင် ကံကိုသာ ယုံသူမင်းသမီးဖြစ် သည်။ မင်းသမီးကလေးသည် ခမည်းတော် ဓည၀တီပြည်ရှင်၏ ဘုန်းကံကြောင့်၊ သို့မဟုတ် မိမိကံကြောင့် သာလျှင် စည်းစိမ်ခံစားရခြင်း ဖြစ်ကြောင်း လျှောက်တင်သဖြင့် နန်းတော်မှ နှင်ထုတ်ခံရသည်။ တောင်ရင်း ကျွန်းသို့ ဖောင်ဖြင့် ရောက်သွားပြီးနောက် ပတ္တမြားများရလာကာ ချမ်းသာလာခဲ့သည်။ နောင်တွင် ခမည်းတော်က သူမ၏ကံကို ယုံကြည်သွားပြီး တောင်ရင်းကျွန်းကို အပိုင်စားပေးခဲ့သည်ဟူ၏။

မူဂျာဟစ်

မြန်မာနိုင်ငံလွတ်လပ်ရေးအကြိုကာလကပင် မယူဒေသ၌ လှုပ်ရှားခဲ့သော မူဆလင်လက် နက်ကိုင် အဖွဲ့တစ်ခုဖြစ်သည်။ ဘာသာရေး သည်းခံမှုမရှိခဲ့ချေ။ ၁၉၅၈ ခုလောက်ထိ တည်ရှိခဲ့ပြီး အစိုးရထိုး စစ်များကြောင့် ဆိတ်သုန်းသွားလေသည်။

မီးချောင်း

ကုလားတန်မြစ်ထဲသို့ ကုလားတန်ရွာအနီးတွင် အရှေ့ဘက်မှ စီးဝင်သော မြစ်လက် တက်တစ်ခုဖြစ်သည်။ အညာအရပ်တွင် ကျောက်ပန်းတောင်းမြို့ဟောင်းရှိသည်။ မိုင် ၁၀၀ ခန့်ရှည်သည်။

မိပန်းရံ

မြောက်ဦးခေတ်နှောင်းတွင် ထင်ရှားသည့် ရခိုင်နန်းတွင်းစာဆိုဖြစ်သည်။ အဖမှာ အင်းဝမှ ရှောင်တိမ်းလာသူဖြစ်သည်။ မြို့သစ်စား ရွှေသဲ၏ ဇနီးဖြစ်သည်။ သူ၏ လျှောက်ထုံးနှင့် ရခိုင့် အောင်လံတော် လင်္ကာတို့မှာ ထင်ရှားသည်။

မိညို

အင်းဝနန်းတွင်းသူ စာဆိုများထဲတွင် ရခိုင်မိညိုအဖြစ်ထင်ရှားခဲ့သူဖြစ်သည်။

မာလာပြန်

ရှင်မာလေးသုတ်ကို ရွက်ဆိုပွဲဖြစ်သည်။

မာရယု

ရခိုင်သမိုင်းကို စတင်သူအဖြစ်ထင်ရှားသည်။ ဖခင်မှာ မဇ္ဈိမဒေသမှ သကျနွယ်ဝင် အဇ္ဖျန ရှင်ရသေ့ဖြစ်သည်။ မိခင်မှာ ကုလားတန်းမြစ်ညာအရပ် သက်(ချက္ကမ)မင်းကြီး၏ သမီးငယ် ဣန္ဒမာယု ဖြစ်သည်။ မြိုတို့ထံတွင် ကြီးပြင်းခဲ့ပြီး လေးနှင့် သံလျက်အတတ်ကို တတ်ပွန်းသည်။ အရွယ်ရောက်သည့် အခါ အကြေအရပ် ဝေသာလီဒေသ၌ ထကြွနေသော ငဆဒ္ဒန်တို့ကို ရှင်းလင်းပြီး မင်းပြုသည်။ ဘီစီ ၃၃၂၅ တွင် ဓည၀တီမြို့ကို တည်ထောင်ခဲ့သည်။ သူ့မင်းဆက်သည် ဘီစီ ၁၅၀၇ ခုအထိ ရှည်ကြာခဲ့သည်။

မအီချောင်း

ရိုးမတောင်ရှိ မြင်မတိမ်တောင်မှ စတင်စီးကာ ကုလိန်တောင်မြစ်ထဲသို့ စီးဝင်သည်။ ၆၄ မိုင်မျှရှည်သည်။ အမ်းနှင့်တောင်ကုတ်နယ်တို့ကို ပိုင်းခြားထားသည်။ ချောင်းဝတွင် လက်ပံရွာကြီးရှိသည်။

မဟာဇိုး

အနောက်ပြည်ရှိ ကျွန်းကြီးတစ်ကျွန်းဖြစ်သည်။ ရခိုင်နတ်ကိုးကွယ်မှုတွင် အရေးပါသော နေရာ တစ်ခုဖြစ်သည်။ မဟာသိုးဟူသော စကားမှ ဆင်းလာသည်။

မဟာသမ္မတ

မြောက်ဦးခေတ်၏ နောက်ဆုံးဘုရင်ဖြစ်သည်။ လက်ဝဲမြန်ဘ၀က မင်းပြုရန် တင်မြှောက်ခံရ၍ ၁၇၈၂ ခုတွင် နန်းရပြီး မဟာသမ္မတရာဇာဘွဲ့ကို ခံယူခဲ့သည်။ ပုန်ကန်သူတို့ကို ခွင့်လွတ် ပြီး ထိုက်သင့်သော အရာကို ပေးသနားသည်။ နန်းသက် ၂ နှစ်တွင် ကုလားတန်မြစ်ရေလျှံပြီး စိုက်ပျိုးထုတ် လုပ်မှုများစွာ ပျက်စီးသွားသည်။ ထို့နောက် အမရပူရတပ်တို့ ချီတတ်လာကြသည်။ မြောက်ဦးကျ၍ ၉ ရက် အကြာတွင် အဖမ်းခံရသည်။ ၁၇၈၆ ခုတွင် အမရပူရ၌ လွန်လေသည်။

မဟာရံ

ပိန္နဲချောင်းကျွန်း မြောက်ဘက်တွင် ထင်ရှားသည့် စေတီဖြစ်သည်။

မဟာမုနိကုန်းတော်

ဓည၀တီမြို့ဟောင်းတွင်ရှိသည်။ ကျောက်တော်မြို့မှ အရှေ့ဘက် ၅ မိုင် ဝေးသည်။ ပေ ၃၀ မျှ မြင့်ပြီး နတ်ဒေ၀ါတို့က တရားနာယူနေဟန်၊ စောင့်ရှောက်နေဟန်အဖြစ် နတ်ရုတ် များကို စိုက်ထူထားလျက်ရှိသည်မှာ နှစ်ပေါင်း ၁၅၀၀ ရှိပြီဖြစ်သည်။ ဤနတ်ရုပ်များသည်ပင်လျင် ပုဂံမင်း တို့ စိတ်ဝင်စားစရာဖြစ်ခဲ့သည်။ ယခုသိမ်တော်၌ ဥာဏ်တော် ၄ ပေ ၄ လက်မရှိသော မဟာမုနိဆင်းတု တော်နှင့် အရံ ဆင်းတုတော် ၂ ဆူ၊ မန္တလေးမှ သွန်းဆင်းတုကြီး တစ်ဆူတို့ ကင်းဝပ်ကြသည်။ မဟာမုနိ ဆင်းတုတော်ဟန်မှာ ခြေတော်ထပ်ခြင်း၊ မျက်လွှာချခြင်း၊ နားရွက်တော်သည် ပခုံးတော်နှင့် မထိခြင်း၊ ပြုံးတော်မူဟန်ရှိခြင်းတို့ ဖြစ်ကြသည်။

မဟာမုနိ

ရခိုင်ကိုးကွယ်မှုတွင် အထွတ်အမြတ်ဆုံးနှင့် ကနဦးဆုံး ဆင်းတုတော်ဖြစ်သည်။ စန္ဒသူရိယမင်းက ဘီစီ ၅၅၄ ခု ၀ါဆိုလပြည့်နေ့တွင် ရတနာငါးပါးဖြင့် သွန်းလုပ်ခဲ့သည်။ သွန်းစက်တော် သက်တော် ၁၆၀၀ ကျော်လွန်သည့်အခါ ပုဂံ အနော်ရထာမင်းနှင့် အလောင်းစည်သူတို့က ပင့်ယူရန် ကြိုးပမ်းခဲ့ကြသည်။ အေဒီ ၁၁၀၃ ခုတွင် ဖိုကျင်ထိုးခံရပြီး မထင်မရှားဖြစ်ခဲ့ရသည်။ နှစ် ၂၀ ကြာပြီးမှ ဒဿရာဇာမင်းကြီးက မူလကုန်းတော် သီရိကုတ်သို့ ပြန်လည်ပင့်ဆောင်ခဲ့သည်။ မင်းအဆက်ဆက်တို့ သည်လည်း စဉ်ဆက်မပြတ် ပူဇော်လာခဲ့ကြသည်။ ၁၇၈၅ ခုနှစ်တွင် ရခိုင်မြို့တော် ကျဆုံးပြီးနောက် မြန်မာအိမ်ရှေ့မင်းက ဥာဏ်တော် ၁၂ ပေ ၇ လက်မရှိသော ဆင်းတုတော်ကြီးကို အမရပူရမြို့သို့ ပင့်ဆောင်သွားခဲ့သည်။ ယခု မန္တလေးမြို့၌ ရခိုင်ဘုရားကြီးဟု အမည်တွင်နေသည်။

မဟာဗောဓိကျောက်စာ

အိန္ဒိယပြည် မဟာဗောဓိစေတီတွင် အေဒီ ၁၃ ရာစုက ရခိုင်ဘုရင်း မင်းထီး၏ ကုသိုလ်တော်မှတ်တမ်းဖြစ်သည်။ ရှေးဟောင်းရခိုင်ဘာသာစကားဖြင့် ရေးထိုးထားသည်။ အချို့က ဤကျောက်စာကို အနှစ် ၂၀၀ ခန့်စော၍ ခန့်မှန်းကြသည်။

မဟာပညာကျော်

မြောက်ဦးခေတ်တွင် ထင်ရှားသော ပညာရှိ သုခမိန်ဖြစ်သည်။ ပညာရှိမျိုးရိုးဖြစ် ပြီး အေဒီ ၁၄၈၉ ခုတွင် မွေးဖွားသည်။ ငယ်မည်မှာ မြတ်သာထွန်း ဖြစ်သည်။ မင်းဘာကြီး၊ုသျှင်မြ၀ါတို့နှင့် ငယ်သူငယ်ချင်းဖြစ်သည်။ ပညာအရာ၌ ထူးချွန်ပြီး မင်းဘာကြီး၏ ပြုပြင်ပြောင်းလဲရေးတွင် တရားစစ်သူကြီး အဖြစ်ပါဝင်ခဲ့သည်။ ရွှီမျဉ်းဓမ္မသတ်ကို ပါဝင်ရေးဆွဲခဲ့သည်။ ၁၂ ဦးပါသော သုခမိန်အဖွဲ့တွင် အမတ်ချုပ်ဖြစ် ခဲ့သည်။ စီမံမှုကောင်းသဖြင့် ၁၅၃၃ ခုတွင် စစ်တကောင်းမြို့စားနှင့် မဟာပညာကျော်ဘွဲ့တို့ကို ရရှိခဲ့သည်။ မင်း ၆ ဆက်တိုင် မင်းတိုင်ပင်အမတ်ဖြစ်ခဲ့ပြီး ဘုရင်ကို သွန်သင်ဆုံးမခွင့်ရရှိခဲ့သည်။ သူ၏ဖြတ်ထုံးများသည် အစဉ်အလာ ဓမ္မသတ်ပေါ်တွင်သာမက ပစ္စက္ခအခြေအနေပေါ်တွင် ကိုယ်ပိုင်ဥာဏ်ကွန့်မြူးပြီး စီရင်ဆုံးဖြတ် နိုင်ခဲ့သည်။ ဆယ့်နှစ်ရာသီ ရတု၊ စစ်ချီတက်ကျမ်းနှင့် ရာဇနီတိကျမ်းတို့ကိုလည်း ပြုစုခဲ့သည်။ မင်းရာဇာကြီး လက်ထက် ဟံသာဝတီမှ စစ်ချီ၍ အပြန်ခရီး ၁၆၀၀ ပြည့်နှစ်တွင် မော်တင်အနီး၌ လွန်လေသည်။

မဟာထီး

မြောက်ဦးမြို့ တောင်ဘက် ၅ မိုင်အကွာတွင် တန်းခိုးကြီးသည့် ဆင်းတုတော်ဖြစ်သည်။ ကောလိယမင်း တည်ထားခဲ့သည်။

မဟာကျိန်

မင်းဝတ်တန်ဆာပါရှိပြီး ဘိသိက်၊ သို့မဟုတ် ကျမ်းကျိန်ဆိုရာ၌ သစ္စာဆိုရန် ဦးထိပ်တင် ရသော ဆင်းတုတော်ဖြစ်သည်။ ဥာဏ်တော် တစ်တောင်ခန့်သာ အကြီးဆုံးရှိတတ်သည်။

မဟာကျန်

မဟာမုနိကို သွန်းလုပ်သည့်အခါ ကြွင်းကျန်သော ရတနာငယ်တို့အား ဥာဏ်တော်ငယ် များအဖြစ် သွန်းလုပ်ခဲ့သည်များဖြစ်ကြသည်။ စုစုပေါင်း အပါး ၃၀ ရှိသည် ဟူ၏။ နှောင်းခေတ်တွင် ဆင်းတု တော်ငယ်များကိုလည်း မဟာကျန်ဟုပင် ခေါ်လာကြသည်။

မဟာကျီ

ကိန်းခန်း ယတြာအရ အဆောင်ထားရန် သွန်းလုပ်သော ဆင်းတုငယ်ဖြစ်သည်။ မဟာကျီကိန်းဝပ်လျှင် အန္တရာယ်ကင်းသည် ဟူ၏။

မရမာကြီး

ဘင်္ဂါလီစကားပြော ဗုဒ္ဓဘာသာဝင်များဖြစ်ကြသည်။ ဘရူဝါဟုလည်းတွင်သည်။ ရခိုင်ပြည်နယ်တွင် လူဦးရေ ၅၀၀၀ ခန့်ရှိသည်။

မရဇိုင်းကျွန်း

ကျောက်ဖြူမှ အရှေ့ဘက် ၈ မိုင်အကွာအကွာတွင် ရှိသည်။ ရှေးယခင်က သံချက်လုပ် ငန်းနှင့်လောင်းလှေလုပ်ငန်းရှိခဲ့သည်။ တောင်ဘက် ချောင်းငယ်တစ်ခု၏ တဘက်ကမ်းသည် မြို့ချောင်း ကျွန်းဖြစ်သည်။ ဤကျွန်းတွင် အမြင့်ဆုံးတောင်သည် ၁၂၅၂ ပေမြင့်သည်။ နှစ်ကျွန်းလုံးသည် တဆက်တည်းလိုလိုဖြစ်သည်။ အနောက်မှ အရှေ့သို့ တန်းနေသည်။ အလျား ၂၄ မိုင်၊ အနံအကျယ် ၁၂ မိုင် မျှရှိသည်။

မယိမ်တက်

သမက်တက်ပွဲကို သံတွဲနယ်က ခေါ်သည့်အမည်ဖြစ်သည်။ မယားအိမ်တတ်မှ မယိမ်တက်ဖြစ်လာသည် ဟူ၏။

မယူရှင်မ

မယူမြစ်ဝပိုင်းကို စောင့်သော ရိုးရာနတ်မဖြစ်သည်။ ပြည်ပိုင်မဟု၏။ မြစ်ဝအနောက်ကမ်း လောင်းချောင်းအနီးတွင် နတ်ကွန်းရှိသည်။ ဤနတ်တွင် ရဲအောင်တိုင်နှင့် ရဲပန်ဇင်း ဟုသားနှစ်ဦးရှိသည် ဟူ၏။

မယူမြစ်

ရခိုင်တွင် တတိယအသုံးဝင်ဆုံးမြို့ဖြစ်သည်။ ပြည်နယ်တွင်းအရပ်၌ မြစ်ဖျားခံ၍ ဘင်္ဂလားပင်လယ်ထဲသို့ စစ်တွေမြို့ အနောက်ဘက်တွင် စီးဝင်သည်။ ၉၄ မိုင်မျှရှည်သည်။ မယူတောင် တန်းနှင့် စိုင်းဒင်တောင်တန်းတို့ ဆုံရာအရပ်မှ စတင်ပြီး ဘူးသီးတောင်မြို့အောက်နားတွင် အရှေ့ဘက်မှ စိုင်းဒင်ချောင်းနှင့် ပေါင်းစည်းသည်။ မြစ်ညာဒေသကို ကုလားပန်ဇင်းချောင်းဟုခေါ်သည်။ မြစ်ညာသည် သဲမြေဆန်သည်။ မြစ်ကြောင်းပေါ်တွင် ဘူးသီးတောင်မြို့နှင့် ရသေ့တောင်မြို့တို့ရှိကြသည်။ ပါဠိမယူရ ဆိုသော ဥဒေါင်းတို့ ပျော်စံရာ မယူတောင်ကို အစွဲပြု၍ မြစ်အမည်တွင်သည်။ ရှေးအခါက မလ္လာယုနဒီဟု လည်းတွင်ခဲ့သည်။

မယူမီးပြ

အွိုက်စတာမီးပြ- ရှု။

မယူတောင်တန်း

နတ်မြစ်နှင့် မယူမြစ်အကြား မြောက်မှ တောင်သို့ သွယ်တန်းလျက်ရှိသည်။ အမြင့်ဆုံးတောင်မှာ မင်္ဂလာကြီး ဖြစ်သည်။ ဆင်ပေါများသည်။ အရှေ့တောင်ခြေတွင် ဘူးသီးတောင်၊ အနောက်တောင်ခြေတွင် မောင်တောမြို့တို့ ရှိကြသည်။ ရခိုင်နယ်တွင် မိုင် ၈၀ မျှ ရှည်သည်။

မယူကမ်း

မယူမြစ်ဝ အနောက်ကမ်းအရပ်ကို ခေါ်သည်။

မစဲကျွန်း

မယူမြစ်ဝ အရှေ့ကမ်းတွင် ရှိသည်။ စစ်တွေနှင့်ရသေ့တောင်စပ်ကြားဖြစ်သည်။ ဧရိယာစ တုရန်းမိုင် ၅၀ မျှ ရှိပြီး တောင်မှာ ၆၃၁ ပေမြင့်သည်။ တောင်ထိပ်တွင် ဦးကင်းစေတီ ကင်းဝပ်သည်။ ကူတောင်နှင့် ဇကိုင်းတို့သည် ထင်ရှားသည်။ ရှေးအခါက ရေနံစမ်းသပ် တူးခဲ့သည်။

ဘုံညားကြီး

ဘုံညားကြီး ၁၂ ခုရှိသည်။ ဘင်္ဂါဆယ့်နှစ်မြို့ဟုလည်းတွင်သည်။ ဂင်္ဂါမြစ်ဝတွင် ရှိပြီး ရှေးရခိုင်ခေတ်က အခွန်အကောက်အများအပြားရရှိရာ လက်ဝင်ဒေသများဖြစ်ကြသည်။ ဤဒေသကို ရခိုင်နှင့် မဂိုတို့က အားပြိုင်ခဲ့ကြသည်။

ဘောင်းဒွတ်

မြောက်ဦးမြို့မှ တောင်ဘက် ၃ မိုင်အကွာတွင်ရှိသည်။ မြောက်ဦးခေတ်က သင်္ဘောဆိပ် မြို့ဖြစ်သည်။ ဈေးဆိုင် ကန္နား၊ အကောက်ရုံ၊ ကုန်တိုက်တို့ဖြင့်စည်ကားခဲ့၍ မြောက်ဦးဟုပင် ထင်မှတ်ခဲ့သူ များရှိခဲ့သည်။

ဘင်္ဂါလီ

ရခိုင့်အနောက်ခြမ်းတွင် စစ်တကောင်းဒေသမှ အခြေစိုက်နေထိုင်လာခဲ့သော မူဆလင် များကိုခေါ်သည်။

ဘင်္ဂါဆယ့်နှစ်မြို့

ဘုံညားကြီး-ရှု။

ဘဲငါးရာတောင်

ကုလားတန်မြစ်အနောက်ဘက် မင်းကြီးတောင်တန်းတွင်ရှိသည်။ ၁၃၆၁ ပေမြင့် သည်။ တောင်ထိပ်သည် တောင်ကလပ်သဖွယ်ဖြစ်နေသည်။ တောင်မြောက် ၃၅၀ ပေ၊ အကျယ် ၂၇ ပေ ရှိသည်။ အရှေ့ဘက်နှင့် တောင်ဘက်ပိုင်းတို့သည် မတ်စောက်ပြီး မြောက်ဘက်သည် ဆင်ခြေလျောဖြစ် သည်။ တောင်ဝန်းကျင်တွင် ဆေးဖက်ဝင်အပင်များပေါက်ရောက်မှုကြောင့် တချိန်က ထင်ရှားခဲ့သည်။ တောင်ကလပ်သို့ ယိုးတရုတ်ရွာမှ နှစ်နာရီခန့်တက်ရသည်။

ဘူးသီးတောင်မြို့

မယူမြစ်ဝမှ ၇၅ မိုင်အကွာ အနောက်ဘက်ကမ်းတွင်ရှိသည်။ တောင်ကမူများ ပေါများသည်။ ၁၉၀၅ ခုတွင် မြို့ဖြစ်လာသည်။ ဘူးသီးနှင့်တူသော တောင်ကို အစွဲပြု၍ မြို့အမည်တွင်သည်။ မြို့နယ်ဧရိယာ ၇၇၉ စတုရန်းမိုင်နှင့် လူဦးရေ နှစ်သိန်းကျော်ရှိည်။ တောတောင်ထူ သည်။ မယူမြစ်နှင့် စိုင်းဒင်ချောင်းတို့မှာ အဓိကမြစ်ချောင်းများဖြစ်ကြသည်။ လယ်ယာစိုက်ပျိုးခြင်းခြင်းနှင့် သစ်ဝါးထုတ်လုပ်ခြင်းများရှိသည်။ မောင်တောသို့ ကားလမ်း ၁၆ မိုင် ဆက်သွယ်ထားသည်။ စိုင်းဒင်ရေတံခွန်၊ ဒုံးသိမ်နှင့် လက်ဝဲဓာတ်စေတီတို့မှာ ထင်ရှားကြသည်။

ဘူးသီးတောင်-မောင်တောလမ်း

မယူတောင်ကို ဖြတ်သွားသော ၁၆ မိုင်ရှည်သည့် ကားလမ်းဖြစ်သည်။ မူလက မီးရထားလမ်းဖြစ်သည်။ ၁၉၁၈ ခုတွင် လမ်းဖောက်ခဲ့သည်။

ဘူးသီးတောင်ခရိုင်

မောင်တော၊ ဘူးသီးတောင်နှင့်ရသေ့တောင်မြို့နယ်တို့ကို ဖွဲ့စည်းထားခဲ့သည့် ခရိုင်ဖြစ်သည်။ ၁၉၉၀ မှ စတင်သည်။ ၁၉၉၅ မှစ၍ မောင်တောမပါတော့ချေ။(ဧရိယာ စတုရန်းမိုင် ၁၂၁၆)။

ဘူးရွက်မညှိုးလမ်း

ရခိုင်နှင့် ပုဂံကိုပေါက်ရောက်သော လမ်းအဖြစ်ထင်ရှားခဲ့သည်။ ရခိုင်မှ မကွေးအ ထိ ၁၂၉ မိုင်ခန့် ရှည်သည်။ ဤလမ်းစတင်ခဲ့ရာ အရပ်ကို ယခုတိုင် ဘူးရွက်မညှိုးရွာဟုခေါ်သည်။ ဝေသာလီ မြောက်ဘက်အနီးတွင်ရှိသည်။

ဘုရားဝမ်းပူ

ဗိုက်ပူပူကို လက်ဖြင့်ပွေ့ပိုက်ထားဟန် ထိုင်တော်မူဆင်းတုတော်ဖြစ်သည်။ ဥာဏ်ရှိသော သူဟုလည်း အရပ် အဓိပ္ပာယ်ယူကြသည်။ မူလက သစ္စကပရိဗ္ဖာက ပုဏ္ဏားကို ချွတ်တော်မူဟန်ဖြစ်သည်။

ဘုရားလမ်း

တောင်ကုတ်တောင်ကြားလမ်း - ရှု။

ဘုရားပေါ်

မြောက်ဦးမြို့တော်တွင် မြေအောက်မှ ပေါ်လာခဲ့သော ဆင်းတုတော်ဖြစ်သည်။ ၁၆၀၃ တွင် ရေသင်္ကန်းကို စွန့်ခဲ့သည်။ မင်းရာဇာကြီးက ဘုရားပေါ်အဖြစ် တည်ထားခဲ့သည်။

ဘုရားကြီး (ဝေသာလီ)

ဝေသာလီမြို့ဟောင်းတွင်ရှိသည်။ ဥာဏ်တော် ၁၇ ပေမြင့်ပြီး ကျောက်တစ်လုံးတည်းကို ထုဆစ်ထားသည်။ မြို့တည်မင်းနှင့် မိဖုရားကောင်းမှုဖြစ်သည်။

ဘုရားကြီး (စစ်တွေ)

၁၈၉၉ ခုတွင် သွန်းလုပ်ခဲ့သည့် ဆင်းတုတော်ဖြစ်သည်။ မဟာမုနိပုံတော်အ တိုင်းဖြစ်သည်။ ဥာဏ်တော် ၁၄ ပေ ရှိ၏။

ဘုရားကြီး(ခြိတ်)

ခြိတ်မြို့ဟောင်းတွင် ကိန်းဝပ်သည်။ ဥာဏ်တော် ၁၂ ပေမျှ ရှိသည်။ ဥက္ကာဗလ မင်းက တည်ခဲ့သည်။

ဘားပူစာရ

ဘုရင့်ကိုယ်စား ဆန်စပါးရောင်းဝယ်တင်ပို့မှုကို တာဝန်ယူရသည့် အမတ်ဖြစ်သည်။ ထို့ ကြောင့် ဘားပူဟိယင့် ဆန်ဟိယင့် (ဘားပူရှိလျှင် ဆန်ရှိသည်) ဟုဆိုရိုးရှိခဲ့သည်။

ဘာဘိုဆာ

၁၆ ရာစုအပိုင်းတွင် မြောက်ဦးမြို့တော်သို့ ရောက်ရှိခဲ့သော ဥရောပသား ခရီးသည် ဖြစ်သည်။ မြောက်ဦးဘုရင်ကို ဘုရင်ငယ်ဆယ့်နှစ်ပါးက နှစ်စဉ် သမီးကညာဆက်သပုံကို အသေးစိပ်မှတ် တမ်းတင်ခဲ့သည်။

ဘစောဖြူ

မင်းခရီ၏ သားတော်ဖြစ်သည်။ (နန်းစံ ၁၄၅၉ - ၈၂)။ ဘုန်းလက်ရုံးတောက်သည်။ လေးအတတ်၌ ကျွမ်းကျင်သည်။ စစ်တကောင်းကို ပြန်လည်သိမ်းသွင်းနိုင်ခဲ့သည်။ သူ့လက်ထက်၌ စာဆို အဒူမင်းညိုသည် ထင်ရှားသည်။

ဗုဒ္ဓ၀င်အလင်္ကာ

ရခိုင်စာပေတွင် ထင်ရှားသည့် လက်ရာတစ်ခုဖြစ်သည်။ ရခိုင်ကို “ကျွန်းတွင် ဇမ္ဗူ ၊ လူတွင် ရခိုင်၊ ကြိုင်ဘိသတင်း၊ ကင်းသည့်အပြစ်၊ ချစ်သည့်အမျိုး၊ ကြိုးသည့်လုံ့လ၊ မြတ်စာဂနှင့်၊ နှစ်ဝလူနတ်၊ ချစ်ကြည်ဖြူသည်၊ နိဗ္ဗူဆုတောင်း၊ ပြည့်အံ့တည်း” ဟုဖွင့်ဆိုထားသည်။

ဗုဒ္ဓပြတိုက်

စစ်တွေမြို့တွင်ရှိသည်။ ၁၈-၂-၉၆ နေ့က စတင်ဖွင့်လှစ်ခဲ့သည်။ ရှေးဟောင်းရခိုင် သာသနိက၀င်များကို ပြသထားသည်။

ဗိုလ်မင်းထောင်

အနောက်ပြည်အ၀င်တွင် မြောက်ဦးခေတ်က တည်ထောင်ခဲ့သော အရပ်တစ်ခု ဖြစ်သည်။ တောတောင်အရပ်ဖြစ်ပြီး မောရ၀တီနှင့် စပ်နေသည်။

ဗိုလ်ငတာ

လေးမြို့ချောင်းဒေသကို အခြေခံကာ အင်္ဂလိပ်ကို တော်လှန်ခဲ့သူဖြစ်သည်။ ၁၈၈၈ ခုတွင် မြို့ဟောင်း (မြောက်ဦး)ကို သိမ်းပိုက်နိုင်ခဲ့သည်အထိ အားကောင်းခဲ့သည်။

ဗဒေါမော်

စစ်တွေမြို့၏ တောင်ဘက်ရှိ ရိုးရာမြို့စောင့်နတ်ရှိရာ ကျောက်တောင်ကုန်းငယ်ဖြစ်သည်။ ဗုဒ္ဓရုပ်တု ရှိခဲ့၍လည်းကောင်း၊ ဗန္ဓ၀မထေရ်၏ တရားကျင့်ခဲ့ရာ ဂူရှိ၍လည်းကောင်း အမည်တွင်သည်။

ဖိုးခေါင်တောင်

ရိုးမတောင် - ရှု။

ဖော်ချမ္မာ၊ဒေါက်တာ

၁၉ ရာစုတွင် ရခိုင့်ရှေးဟောင်းယဉ်ကျေးမှုကို ကွင်းဆင်းလေ့လာမှတ်တမ်းတင် ခဲ့သူ မြန်မာနိုင်ငံ၏ ပထမဦးဆုံး ကျောက်စာဝန်ဖြစ်သည်။

ဖလောင်းချိတ်

၁၈ ရာစုအကုန်တွင် ရခိုင်စစ်သည်တို့ကို ပင်းဝါအနီး၌ အင်္ဂလိပ်ဖလောင်းက တည်ထောင်ပေးခဲ့သည့်မြို့ဖြစ်သည်။ ကော့စ်ဘဇား ဟုလည်းတွင်သည်။

ဖလံထောင်

သက်ထောင်မြောက်ဘက်တွင်ရှိသည်။ ရှေးရခိုင်အုပ်ချုပ်ရေးနယ်တစ်ခုဖြစ် သည်။

ဖရုံကာကျွန်းများ

ကုလားတန်မြစ်ဝအရှေ့ဘက်တွင် အနောက်မြောက်မှ အရှေ့တောင်သို့ ပြိုင် လျက်ဆင်းသွားသည့် တွန့်ခေါက်တောင် ကျွန်းကြီး သုံးကျွန်းဖြစ်သည်။ အရှေ့ဘက်ဆုံးကို အင်ကြားချိုင် ကျွန်းဟုခေါ်သည်။ ၂၅ မိုင်မျှ ရှည်ပြီး သေးသွယ်သည်။ အမြင့်ဆုံးတောင်မှာ ၅၃၁ ပေမြင့်သည်။ အင်္ဂလိပ် ခေတ်က ရေနံ လက်ယက်တွင်းရှိခဲ့သည်။ အလယ်ကျွန်းကို ပိန္နဲချောင်းကျွန်းဟုခေါ်သည်။ ၂၇ မိုင်မျှ ရှည် သည်။ မြောက်ပိုင်းကျယ်ပြီး တောင်ဘက်သို့ သေးသွယ်သွားသည်။ အမြင့်ဆုံးတောင်မှာ ၁၀၃၀ မြင့်သည်။ ကျွန်းအနောက်ကမ်းခြေ ဆင်တင်မော်ရွာအနီးတွင် ဘရုကစ္ဆက ဘင်္ဘောဆိပ်ရှိခဲ့၍ ဖရုံကာကျွန်းဟုတွင် သည်။ အနောက်ဘက်ကျွန်းသည် မြေငူကျွန်းဖြစ်သည်။ ၂၄ မိုင်မျှ ရှည်သည်။ မြောက်ပိုင်းတွင်သာ လွင်ပြင် ကျယ်ရှိသည်။ အမြင့်ဆုံးတောင်မှာ ၉၆၃ ပေ မြင့်သည်။

ဖဒူရွာ

ပိန္နဲချောင်းကျွန်းရွာတွင် ထင်ရှားသည့် တံငါရွာကြီးဖြစ်သည်။

ပွိုင့်

စစ်တွေမြို့တောင်ဘက်အစွန်း အငူကို အင်္ဂလိပ်ဘာသာဖြင့် (point) ဟုခေါ်ခြင်းဖြစ် သည်။ ကုလားတန်နှင့် ဘင်္ဂလားပင်လယ်တို့ ဆုံဆည်းရာအရပ်ဖြစ်သည်။ မြန်မာပြည်၌ ပထမဦးဆုံးသော မီးပြတိုက်ရှိသည်။ ပွိုင့်သည် အပမ်းဖြေ စခန်းတစ်ခုဖြစ်သည်။

ပြိုင်လောင်ပွဲ

အတာကူးလ၌ ကျင်းပသည့် ရိုးရာပွဲတစ်ခုဖြစ်သည်။ လှီပြိုင်ပွဲဟုလည်း ခေါ်သည်။ နိုင်သူကရော ရှုံးသူကပါ သံချပ်တမြိုင်မြိုင်နှင့် အနိုင်မခံ အရှုံးမပေးသော စိတ်ဓာတ်ကို အထူး တက်ကြွစေသည်။ ရွာတိုင်းလိုလိုတွင် ပြိုင်လောင်းရှိခြင်းကို ဂုဏ်ယူတတ်ကြသည်။ ရှေးအခါက ရခိုင်ရေသူရဲများကို ဤလိုပြိုင်လောင်းပြိုင်ပွဲများမှ ရွေးချယ်ခဲ့ကြသည်။ ရခိုင်ပြိုင်လောင်းပွဲကို မာရဘင် လက်ထက်ကစခဲ့သည်ဟူ၏။

ပြည်ရ

ဗုဒ္ဓဟူးနေ့ကို ခေါ်သည်။ တန်းဆောင်မုန်းလပြည့် ဗုဒ္ဓဟူးနေ့ တစ်နေ့တွင် ဓည၀တီပြည်ကို စတင်တည်ထာင်ခဲ့သဖြင့် ပြည်ရဟုခေါ်သည်။ ထိုနေ့တွင် အမင်္ဂလာအမှုကို ရှောင်ရသည်။

ပြည်စိုးကြီး

ရခိုင်နန်းတွင်း အမတ်လေးတိုင်ဝင်ဖြစ်သည်။ တရားစီရင်ရေးကို တာဝန်ယူရသည်။ ဓမ္မဇေယျ (ထမဇိုက်)အမတ်ဟုလည်းတွင်ခဲ့သည်။ ရှေးထုံးဓလေ့များကို တတ်ပွန်းရသည်။ များသောအားဖြင့် သားစဉ်မြေးဆက် ရယူရသော ရာထူးဖြစ်သည်။ နယ်များတွင် ပြည်စိုးဟူ၍လည်း ခန့်ထားရှိသည်။

ပျားတဲ

စစ်တွေ-မြောက်ဦးသွား ရေလမ်းတွင်ရှိသည့် ရွာကြီးဖြစ်သည်။ မြောက်ဦးသို့ ၁၀ မိုင်ဝေး သည်။ ရှေးယခင်က လှေသင်္ဘောများအ၀င်အထွက်ကို စောင့်ကြည့်ရန် မျှော်စင်(ပြ)ရှိခဲ့၍ ပြတဲဟုတွင် သည်။ အရေးမှားကြသဖြင့် ပျားတဲဟုရေးလာကြသည်။

ပြတဲ-ရှု။

ပုဏ္ဏားကျွန်းမြို့

စစ်တွေမြို့မြောက်ဘက် ၁၆ မိုင်အကွာ ကုလားတန်မြစ်၏ အနောက်ကမ်းတွင် ရှိသည်။ ၁၉၀၅ ခုတွင် မြို့ဖြစ်လာသည်။ မြို့နယ်ဧရိယာ ၄၄၀ စတုရန်းမိုင်ရှိသည်။ လူဦးရေ တစ်သိန်းမျှ ရှိ သည်။ မြို့နယ်သည် မြောက်မှ တောင်သို့ တန်းနေပြီး တောတောင်ထူသည်။ ဘဲငါးရာတောင်သည် ထင်ရှား သည်။ အရှေ့ဘက်တွင် ယိုးချောင်း၊ အနောက်ဘက်တွင် တောဖျားချောင်း စီးဆင်းသည်။ မြို့နယ်သည် ဆန်စပါးနှင့် ဥယျာဉ်ခြံမြေစိုက်ပျိုးခြင်းများကြောင့် ထင်ရှားသည်။ ၀ရိုက်တောင်၊ ဂူဝနှင့် ဒီပါရုံ(ကျောက်ဝေ) တို့သည် အဓိကရ စေတီများဖြစ်ကြသည်။ ရှေးအခါက ပုဏ္ဏားများ နေထိုင်ရာအရပ်တွင် မြို့တည်သဖြင့် မြို့အမည်တွင်သည်။ မြို့တဖက်ကမ်းတွင် ၀ရိုက်တောင်မြို့ဟောင်းရှိပြီး ရှေးဘုရင်ခေတ် ရေတပ်ဌာနချုပ် ဖြစ်ခဲ့သည်။

ပိန္နဲချောင်းကျွန်း

ဖရုံကာကျွန်းများ - ရှု။

ပိုင်စရာပွဲ

မြောက်ဦးခေတ် အခွန်ဘဏ္ဍာဆက်သနိုင်ရန် နယ်များတွင် ကျင်းပခဲ့သည့် ပွဲလမ်းသဘင် ဖြစ်သည်။ ယခုစစ်တကောင်းတောင်တန်းဒေသတွင် ကျင်းပဆဲဖြစ်သည်။

ပေါက်တောမြို့

ကုလားတန်မြစ်ဝ အရှေ့ဘက်အနီး ကျွဲကူးမြစ်တွင်ရှိသည်။ ၁၈၉၀ ပြည့်နှစ်တွင် မြို့ဖြစ်လာသည်။ ဆန်စပါးနှင့် ငါးပိငါးခြောက်တင်ပို့ခြင်းကြောင့်ထင်ရှားသည်။ မြို့နယ်ဧရိယာ ၄၁၄ စတုရန်း မိုင်နှင့် လူဦးရေ ၁၁၉၀၀၀ ခန့်ရှိသည်။ တောင်ပိုင်းတွင် ဖရုံကာကျွန်း ၃ ကျွန်းရှိသည်။ မြောက်ပိုင်း တွင် တန်းတင်တောင်ကြီးနှင့် သရွဲတောင်တန်းမှလွဲ၍ မြစ်ဝမြေနုအရပ်ဖြစ်သည်။ ဆံတော်ရှင်၊ တောင်ညိုဂူ၊ ကြိမ်ခွေမော်ဂူ၊နတ်တောင်ပြင်ဂူ(ယင်းတို့ကို ရှု)၊ သရွဲတောင်နှင့် တောင်းဖူးကြီးတို့မှာ ထင်ရှားကြသည်။

ပန်းဝှက်တမ်း

စကားထာဖြင့် မေးသော ဥာဏ်စမ်းပဟေဠိဖြစ်သည်။ ကျေးလက်သဘာဝကို အခြေခံသည်။

ပန်းမြောင်းကြီးချောင်း

ပန်းမြောင်းရွာ၏ အရှေ့ဘက်လွင်ပြင်တွင် အကြီးဆုံးချောင်းမကြီးဖြစ် သည်။ တောင်ဘက်သို့ ကွေ့ကောက်စီးဆင်းကာ မင်းပြားမြို့အနီးတွင် လေးမြို့မြစ်ထဲသို့ စီးဝင်သည်။

ပန်းမြောင်း

လေးမြို့မြစ်၏ အရှေ့ဘတ်ကမ်းတွင် အကြီးဆုံးရွာဖြစ်သည်။ ရွာအနီး ပေ ၅၀၀ မျှ မြင့်သော တောင်ထိပ်တွင် ပြိုင်းဓာတ်စေတီကိန်းဝပ်သည်။ အထက်တန်းကျောင်းရှိသည်။ မြို့တမျှ စည်ပင် ၏။

ပန်းတက်ပွဲ

သင်္ကြန်ကာလ တပျော်တပါး စုပေါင်းပန်းခူးကြပြီး နေမွန်းမတည့်မှီ ဘုရားကို ပူဇော် ကြသည့် ဓလေ့ဖြစ်သည်။ အထူးသဖြင့် တောပန်းများကို ဆွတ်ခူးလေ့ရှိကြသည်။

ပဏ္ဍိ၊ဦး

ငမည်၏ ရခိုင်ရာဇာဝင်ကို မှီး၍ ဓည၀တီရာဇ၀င်သစ်အဖြစ် ၁၉၁၀ ပြည့်နှစ်တွင် ထုတ်ဝေခဲ့သည်။ ရမ်းဗြဲမြို့ ကျက်သရီရွာ ဇာတိဖြစ်သည်။ (၁၈၅၆ - ၁၉၁၇)

ပဉ္စာမြို့တော်

အေဒီ ၈၁၈ မှ ၁၁၀၃ ခုအထိ မင်းနေပြည်ဖြစ်ခဲ့သည်။ ခေတ္တသင်က တည်ခဲ့သည်။ မင်းရင်ဖြူလက်ထက်က စစ်ရေး စည်ပင်ခဲ့သည်။ ပုဂံစစ်ကို မကြာမကြာကြုံတွေ့ရသည်။ ၁၀၆၈ ခုတွင် အသင်္ခယာက နန်းလုပြီး ၎င်း၏ သားမြေးတို့က ၃၅ နှစ်စိုးစံခဲ့သည်။ အသင်္ခယာ၏ မြေး မင်းပတိလက်ထက် ၁၁၀၃ ခုတွင် နန်းရိုး လက်ျာမင်းနန် တိုက်ခိုက်သဖြင့် မြို့တော်ပျက်လေသည်။ မြို့တော်သည် မြောက်ဦးအရှေ့ဘက် လေးမိုင်အကွာ လေးမြို့မြစ်အနောက်ကမ်းခြေတွင် ထွန်းကားခဲ့ သည်ဟု ဆိုကြသည်။

ပင်းဝါ

အနောက်ပြည်ရှိ ရခိုင်အများစုနေခဲ့ရာ သမိုင်းဝင်မြို့တစ်မြို့ဖြစ်သည်။ ၁၄၃၉ ခုနှစ်တွင် မင်းခရီက တည်ခဲ့သည်။ ရမ်ပူဟုလည်း တွင်သည်။ မောင်တောမြောက်ဘက် မိုင် ၅၀ ခန့်ဝေး၏။

ပင့်ကူအက

ဇာတ်တော်လာ ၀ိဇယကုမ္မာမင်းသားနှင့် ပင့်ကူတို့တိုက်ခိုက်ခဲ့ကြပုံအကြောင်း ဇာတ်လမ်းကို ကဗျာရှည်၊ သံစဉ်ရှည်ဖြင့် ယိမ်းသဖွယ် ကပြခြင်းဖြစ်သည်။ နောင်တွင် တစ်ဦးတည်း ဖျော်ဖြေလာကြသည်။

ပိုးဝါဘွဲ့

မြောက်ဦးခေတ်လယ်က ရခိုင်မင်းသမီးတစ်ပါးနှင့် စောင်းလုလင်ငယ်တို့ ချစ်ကြိုက်ခဲ့ကြပုံ ကို သာချင်းရှည်ဖြင့် ဖွဲ့ဆိုထားခြင်းဖြစ်သည်။ အလှဘွဲ့များပါရှိသည်။

ပိုးရွှီပြင်

တောဖျားချောင်းရှိ အကြီးဆုံးရွာဖြစ်သည်။ ချောင်းဝမှ လေးမိုင်မျှ ဝေးသည်။ ဥယျာဉ်ခြံ ထွက်ပစ္စည်းများထွက်သည်။

ပီချောင်း

ဘင်္ဂလားဒေ့ခ်ျနယ်စပ်မှ မြစ်ဖျားခံ၍ ကျောက်တော်မြို့အထက်နားတွင် ကုလားတန်မြစ်ထဲ သို့စီးဝင်သည်။ မိုင် ၅၀ မျှ ရှည်သည်။ ပီ (ပေ) များထွက်ရှိ၍ အမည်တွင်သည်။

ပါးတော်

မြောက်ဦးမြို့တောင်ဘက် ၁၀ မိုင်အကွာတွင်ရှိသည်။ ၅၁၆ ပေမြင့်သော တောင်ထိပ် တွင်ရှိသည့် ပါးတော်စေတီကို အစွဲပြု၍ အရပ်အမည်တွင်သည်။ လေးဆယ့်လေးကျွန်းဝင် ဖြစ်သည်။ ပါးဒါ ဟုလည်းတွင်သည်။

ပရိမ်

၁၁၀၃ ခုနှစ်တွင် လက်ျာမင်းနန်က မြို့တော်အဖြစ်တည်ထောင်ခဲ့သည်။ လေးမြို့မြစ် အနောက်ကမ်းတွင်ရှိသည်။ မြောက်ဦးမှ အရှေ့တောင်ဘက် ၄ မိုင်ဝေးသည်။ တောင်ကုန်းငယ်များနှင့် လွင်ပြင်များရှိသည်။ ကောလိယမင်းနှင့် ယင်း၏ သားတော် ဒသရာဇာလက်ထက်တို့တွင် ပရိမ်သည် အလွန်ထွန်းတောက်ခဲ့သည်။ မင်းဖုန်းစား (၁၁၄၂ -၁၁၄၉) လက်ထက်တွင် ခြိုတ်မြို့၌ နန်းစံတော့သဖြင့် သာမန်အရပ်ဖြစ်သွားလေသည်။ မြောက်ဦးခေတ်တွင် စစ်ရေးအရ အရေးပါခဲ့သည်။ ပရိမ်ပြင်ကို မြသွင်နတ် မက စောင့်သသည်ဟူ၏။

ပညာသီဟ၊ ဦး

အင်္ဂလိပ်နှင့် ဂျပန်တော်လှန်ရေးတို့တွင် ထင်ရှားခဲ့သည့် ရဟန်းတစ်ပါးဖြစ် သည်။ (၁၉၀၁ - ၁၉၈၄)

ပဆာ

ဘုံညားကြီး အနောက်အရပ်ကို ခေါ်သည်။

နွယ်ချိုတောင်

ရိုးမတောင် - ရှု။

နောင်တော်မြစ်

ကျွန်းစဉ်တွင်ရှိသည်။ ရိုးမမှ စီးဆင်းလာသော မြစ်ချောင်းကြီးများသည် စုပေါင်း လာကာ ကျွန်းသာယာတောင်ဘက်၌ ဘင်္ဂလားပင်လယ်ထဲသို့ စီးဝင်သည့်အရပ်ဖြစ်သည်။ မြစ်ဝသည် ၆ မိုင်မျှကျယ်သည်။မြစ်ဝ ဧရိယာ စတုရန်းမိုင် ၅၀ မျှရှိသည်။ ကျွန်းကြီးကျွန်းငယ်များပေါပြီး အမြဲလှိုင်းဆူ တတ်သည်။ ပေ ၈၄၀ ခန့်မြင့်သော နောင်တော်တောင်ကို အစွဲပြု၍ နောင်တော်မြစ်၊ နောင်တော်ပင်လယ် ဟုတွင်သည်။ ဤအရပ်တွင် ဂေါတုံကရစ်ပြည်ရှိခဲ့သည် ဟူ၏။ နောင်တော်မြစ်ကို ကမ်ဘာမေ (Cambermere) ပင်လယ်ကွေ့ဟုလည်းခေါ်သည်။

နတ်သျှင်မယ်

သီရိသုဓမ္မရာဇာ၏ မိဖုရားဖြစ်သည်။ နရပတိကြီး နန်းရအောင် အဓိက ဆောင် ရွက်ခဲ့သူဟု သမိုင်းတွင် ထင်ရှားသည်။ သို့သော် နိဂုံးမလှခဲ့ပေ။ ကုသိုလ်တော်မှာ မင်းခေါင်ရွှေတူစေတီဖြစ် သည်။ မြောက်ဦးတွင် ရှိသည်။

နတ်ရေကန်တောင်

အမ်းတောင်ကြားလမ်းတွင်ရှိသည်။ အမြင့် ၄၉၄၇ ပေမြင့်သည်။ တောင်အရှေ့ ဘက်တွင် အနီးဆုံးမြို့မှာ မကွေးနယ်မှ ငဖဲမြို့ဖြစ်သည်။ နတ်ရေကန်တွင် ၁၄၅၄ ခုနှစ်က ရခိုင်ဘုရင် မင်းခရီနှင့် အင်းဝဘုရင် နရပတိတို့ တွေ့ဆုံကာ ချစ်ကြည်မှုဖွဲ့ခဲ့ကြသည်။ ငဖဲမြို့သည် တောင်စဉ် ခုနှစ်ခရိုင် ၀င်ဖြစ်သည်။

နတ်မြစ်

ရခိုင်ပြည်အနောက်ဘက် နယ်စပ်မျဉ်းဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်နယ်ထဲတွင် မြစ်ဖျားခံ သည်။ ရေဖမ်းနယ် ကောင်းစွားမရှိချေ။ မိုင် ၅၀ မျှ ရှည်သည်။ ဒီရေသည် ၄၅ မိုင်အထိရောက်သည်။ မြစ်ဝမှ ၂၄ မိုင်တွင် မြို့သစ်ချောင်းက စီးဝင်သည်။ ရခိုင်ဘက်ကမ်းတွင် ဒီရေချောင်းမြောင်းပေါများသည်။ ဒီရေ လွှမ်းမိုးမှုကြောင့် စပါးဖြစ်ထွန်းမှုနည်းသဖြင့် ငတ်မြစ်ဟုတွင်ခဲ့သည်။ နတ်မြစ်မှ အနောက်ဘက်ရှိ ရခိုင်ကိုး ကွယ်မှုဝင် နတ်တောင်ကို အစွဲပြုထားသည်။ နတ်မြစ်သည် ပုဇွန်မွေးမြူခြင်းကြောင့် ထင်ရှားလာသည်။ မြစ်ဝတွင် ရှင်မဖြူကျွန်းရှိသည်။

နတ်တောင်ပြင်ဂူ

ပေါက်တောမြို့မြောက်ဘက်အနီးရှိ ကျောက်ဆောင်ဂူကျောင်းဖြစ်သည်။ မင်းဘာကြီးက စတင်တည်ခဲ့သည်။

နေရဉ္စရာတောင်ငူ

အေဒီ ၁၁၆၃ တွင် မဉ္ဖူသင်မင်းက စမ္မ၀က်ကို စွန့်ကာ တည်ထောင်ခဲ့သည့် မြို့ဖြစ်သည်။ လေးမြို့မြစ် အရှေ့ဘက်ကမ်း တောတန်းအရပ်တွင် ရှိသည်။ မြို့ဟောင်းတောင်ငူဟုလည်း တွင်သည်။ ၀ါးတပ်မြို့ဖြစ်သည်။ မြို့တည်မင်းနှင့် သားမြေးလက်ထက်တို့တွင် မြို့တော်သည် ဘုန်းတောက် ခဲ့သည်။ ထို့နောက် ၁၂၂၀ ပြည့်နှစ်အထိ နှစ် ၃၀ တိုင်တိုင် ပြည်ရွာ စနောင်းစနင်းဖြစ်ခြင်း၊ ထိပ်ထက်မီးကျ ဘိသကဲ့သို့ ရှိကုန်ခြင်း၊ သာသနာအရောင် အလွန်ညံ့ခြင်းများဖြစ်ခဲ့သည်။ ငနှလုံးမင်း (၁၂၄၆- ၁၂၅၀)လက် ထက်တွင် အနောက်တလွှားကို ကွပ်ကဲအုပ်ချုပ်ခဲ့ပြီး လုပ်ငန်းအလိုက် အစုသားများကို မြို့တော်၌ ထပ်မံ ဖွဲ့တော်မူခဲ့သည်။ သူ၏ သားတော် အလောမာဖြူက ၁၂၅၁ တွင် လောင်းကြက်ကို မြို့တော်အဖြစ် ရွေးခဲ့ သည်။

နေပူတောင်

ရခိုင်ရိုးမရှိ တစ်ခုတည်းသော အလှဆင်ကျောက် (မာဘယ်လ်) ထွက်ရှိရာ တောင်ကြီးဖြစ်သည်။ ပင်လယ်ရေပြင်မှ ၂၂၂၃ ပေမြင့်သည်။ တောင်ကုတ် တောင်ကြားလမ်း ၂၉ မိုင် ၄ ဖာလုံတွင်ရှိသည်။ ၁၉၆၀ ပြည့်လွန်နှစ်များက စတင်တည်ရှိခဲ့သည်။ ကျောက်တောင် အမြင့်ပေ ၃၀၀ ခန့် ရှိပြီး သက်တမ်း ၇၅ သန်းကျော်သည်။ တန်းဖိုးမှာ ကုဋေကုဋာ ချီသည်။ ယခုတစ်ကုဗမီတာတုံးများ ပြုကာ ရန်ကုန်သို့ နေ့စဉ်တင်ပို့လျက်ရှိသည်။ ဤကျောက်သည် နေပူထဲတွင်လည်း အေးမြနေသည်။

နာရီစင်

စစ်တွေမြို့တွင် ၁၈၈၇ ခုနှစ်က ဗြိတိသျှဘုရင်မကြီး ၀ိတိုရိယ၏ အထိမ်းအမှတ်လက် ဆောင်အဖြစ် တည်ထားခဲ့သည်။ ၇၁ ပေခွဲမြင့်သည်။

နာစွလေလင်္ကာ

မြောက်ဦးခေတ် ပျက်သုဉ်းပြီးချိန်တွင် ကြုံတွေ့ရသော အတိဒုက္ခတို့ကို စပ်ဆို ထားခဲ့ခြင်းဖြစ်သည်။ တစ်ပိုဒ်စီကို “နာစွလေ” ဖြင့် အဆုံးသတ်ထားသည်။ သာစွလေ (ယင်း ရှု )၏ ဆန့် ကျင်ဘက်ဖြစ်သည်။

နာဂိန္ဒမော်ကွန်း

သျှင်ရသေ့ နာဂိန္ဒက ရခိုင်ကို အဓိပ္ပာယ်ဖွင့်ဆိုခဲ့သည့် မှတ်တမ်းဖြစ်သည်။ “အမျိုးသီလ၊ နှစ်ဌာနကို၊ ပြည့်ဝမဏ္ဍိုင်၊ စောင့်စွမ်းနိုင်၍ ၊ ရက္ခိုင်နာမ၊ ဘွဲ့မည်လှဖြင့်၊ အနွတ္တသညာ၊ ခေါ် အပ်ရာတည်း” ဟုဆိုခဲ့သည်။

နယအဘယရာဇာ

မထင်မရှား ဆင်းဆင်းရဲရဲနေခဲ့ပြီးမှ ၁၇၄၃ ခုနှစ်တွင် မြောက်ဦးထီးနန်းကို ရလာ ခဲ့သူဖြစ်သည်။ နန်းသက် ၁၉ နှစ်ရှည်ခဲ့သည်။ သူ့လက်ရုံးအားမှာ လက်ယာမြန် ဂူတာ ဖြစ်သည်။ ပုန်ကန်မှု အမျိုးမျိုးကို နှိမ်နင်းခဲ့ရသည်။ သူ့လက်ထက် အင်းဝမှ ခိုးဝင်လာသူများကို ကောင်းစွာ စောင့်ရှောက်ထားခဲ့ သည်။ ၁၇၆၀ ပြည့်နှစ်တွင် ကြိမ်သလီသည် လက်လွတ်သွားလေသည်။ မင်းကြီးသည် ရခိုင်ပြက္ခဒိန်ကို ကောင်းမွန်အောင် ပညာရှိတို့နှင့် ညှိနှိုင်းသတ်မှတ်ပေးခဲ့သည်။ နန်းတက်သည့်နေ့မှ စ၍ တနေ့လျှင် ပဉ္စင်း တစ်ပါး၊ ရှင်တစ်ပါးစီ ခံပွဲပြုလုပ်ပေးခဲ့သည်။ ပါးစပ်ရာဇ၀င်၌ ရုပ်ဆွေဖ ဟုလည်းတွင်သည်။

နရပတိကြီး

လောင်းကြက်စား ငကုသလဘ၀က သီရီသုဓမ္မရာဇာ စောစီးစွာ ကံကုန်အောင် ငစွေအကဖြင့် ဆောင်ရွက်ခဲ့သည်။ နန်းရိုးမင်းစနေ ရက်ပိုင်းအတွင်း လွန်လေသည်နှင့် ထီးနန်းကိုလှည့်ဖြား ရယူခဲ့သည်။ ထို့နောက် ပညာရှိ သုခမိန်တို့ကို ရှင်းလင်း သုတ်သင်ခဲ့သည်။ ဤအမှုကို နောင်အခါမှ နောင်တ ရခဲ့သည်။ မြောက်ဦးခေတ်သည် သူ့လက်ထက်တွင် စတင် ကျဆင်းစပြုခဲ့သည်။ နရပတိကြီးသည် မင်းဘာကြီး၏ မြစ်တော်သူဖြစ်သည်။ သူ၏သား၊ မြေး၊ မြစ်တို့သည် အေဒီ ၁၆၈၅ ခုနှစ်အထိ နန်းစံလေ သည်။ (နန်းစံ ၁၈၃၈ - ၁၆၄၅) ။

ဓမၼေဇယ်

စူဠစန္ဒြား လက်ထက်ထင်ရှားသည့် စာဆိုစစ်သည်အမတ်ကြီးဖြစ်သည်။ ဗျဉ်း ၃၃ လုံး လှေတော်သံကို စပ်ဆိုခဲ့သည်။ စူဠစန္ဒြားမင်းကြီး၏ လက်ရုံးအမတ်ဖြစ်သည်။ မင်းကြီး ကံကုန်သည့်အခါ မိဖုရား စန္ဒာဒေ၀ီက အမျက်ရှိသဖြင့် ကုလားတန်မြစ်ညာသို့ အလုံးအရင်းဖြင့် တိမ်းရှောင်သွားသည်။ မြုံ(မ်) ထောင်ကို တည်ထောင်သူအဖြစ် ထင်ရှားသည်။

ဓာတ်တက်ပွဲ

ရှေးဟောင်း မွေသရီဝင် စေတီတို့ထံ ရပ်လုံးကျွတ် အတီးအမှုတ်တို့ဖြင့် သွား ရောက်ပူဇော်ခြင်းဖြစ်သည်။ အထူးသဖြင့် စည်တီး၍ ပူဇော်ရသည်။

ဓည၀တီ

ရခိုင်ကို ခေါ်သည့်အမည်တစ်ခုဖြစ်သည်။ မြောက်ဦးပျက်သုဉ်းပြီးနောက် ရခိုင်မြောက် ပိုင်းကို အဓိကခေါ်ခဲ့သည့် အမည်ဖြစ်လာသည်။

ရခိုင်ရာဇာဝင်အလို ဘီစီ ၃၃၂၅ မှ အေဒီ ၃၂၇ အထိ ဓည၀တီမြို့တော် ကောင်းစားစဉ် ကာလဖြစ်သည်။ အပိုင်း ၃ ပိုင်းရှိသည်။ ဝေသာလီခေတ်က ဆက်ခံသည်။

ရခိုင်တို့၏ ပထမဆုံးမြို့တော်ဖြစ်သည်။ ကုလားတန်မြေပြန့်လွင်ပြင် မြောက်ဘက်အစတွင် တည်ရှိသည်။ ယခုမြစ်ဝ (ပင်လယ်ဝ) မှ ၇၅ မိုင် ဝေးသည်။ မြို့တော်အနောက်ဘက် တွင် ကပ်လျက် သရီချောင်းက စီးဆင်းသည်။ မြို့တော်မှာ စက်ဝိုင်းပုံဖြစ်သည်။ အလယ်၌ နန်းတော်ကုန်း နှင့် ကျုံးတစ်ထပ်ရှိသည်။ နန်းတော် မြောက်ဘက်တွင် မဟာမုနိကုန်းတော်ရှိသည်။ ပထမ မြို့တည်မင်းမှာ မာရယု၊ ဒုတိယမှာ ကမ္မရာဇာနှင့် တတိယမှာ စန္ဒသူရိယမင်း (ယင်းတို့ ရှု)တို့ဖြစ်ကြသည်။ ဘီစီ ၃၃၂၅ မှ အေဒီ ၃၂၇ ထိ ကောင်းစားခဲ့သည်။ နန်းလုအမတ် ၇ ဦးအပါအ၀င် မင်းပေါင်း ၁၁၄ မင်းစိုးစံခဲ့ကြသည်။

ဓညစံ

ရခိုင်ယဉ်ကျေးမှုများကို ဖေါ်ထုတ်ရေးသားသဖြင့် ထင်ရှားသည်။ ဂျပန်တော်လှန်ရေးသ မားတစ်ဦးလည်းဖြစ်သည်။ အမည်ရင်းများ ဦးဘစံ ဖြစ်သည်။ (၁၉၁၅ - ၁၉၉၀)

ဒွေင်စန္ဒြ

အာနန္ဒစန္ဒြ ကျောက်စာတွင် ပါရှိသော ဝေသာလီ မြို့တည်မင်းဖြစ်သည်။ ရာဇ၀င်လာ တိုင်းစန္ဒြားနှင့် ထပ်တူယူဆထားကြသည်။

ဒွါရာဝတီ

သံတွဲအရပ်၏ ရှေးအမည်ဖြစ်သည်။

ဒုံးသိမ်

စိုင်းဒင်ချောင်းဝတွင်ရှသည်။ဧရာမကျောက်ဆစ်တုံးကြီးများဖြင့် တည်ဆောက်ထားသည့် စန္ဒ၀ိဇယ(တုံးညို)၏ ကောင်းမှုတစ်ခုဖြစ်သည်။

ဒုံးပွဲ

ဘုန်းကြီးပျံကို ဒုံးသီးများလွတ်၍ မီးသင်္ဂြိုဟသဖြင့် အမည်တွင်သည်။ ဒုံးတိုက်ပွဲလည်း ဟူ၏။

ဒိုင်းကျီကန်

ရှေးဟောင်း ရခိုင်လူတူးကန်များတွင် အကြီးဆုံးဖြစ်သည်။ ဧက ၂၀၀ မျှ ကျယ်သည်။ မြောက်ဦးတွင် ရှိသည်။ ဘစောဖြူလက်ထက်တည်သည်။ လူတစ်ဦးလျှင် ဒိုင်းခွက် တစ်ခွက်စာမျှ မြေကို သာ တာဝန်ကျေ (ကျီ) အောင် တူးရ၍ အမည်တွင်သည်။

ဒေါင်းမာတင်

ပေါ်တူဂီရောက်ရခိုင်မင်းသားဖြစ်သည်။ မင်းရာဇာကြီး၏ မြေးတော်ဖြစ်သည်။ ရခိုင်သို့ အပြန် ဂွဒ်ဟုတ်အငူတွင် လွန်လေသည်။

ဒိုးဝေ

၁၈ ရာစုတွင် ထင်ရှားသော ရခိုင့်နန်းတွင်း အမတ်ကြီး တစ်ဦးဖြစ်သည်။ ၄၈ အင်္ဂါရှိသော ရခိုင့်ရာဇ၀င်ကြီးကို ပြုစုခဲ့သည်။ နန်းတွင်း မတည်ငြိမ်ကာလက အင်းဝသို့ ရောက်ခဲ့သည်။ သူ၏ မှတ်တမ်း များမှာ ထင်ရှားသည်။

ဒေးဝန်းကြီး

အင်္ဂလိပ်တို့ကို ဦးဆောင်တော်လှန်ခဲ့သော မျိုးချစ်တစ်ဦးဖြစ်သည်။ အမည်ရင်း မှာ အောင်ကျော်ရှီ ဖြစ်သည်။ ဘဏ္ဍာတော်ကောက်ခံရန် ရာထူးကြောင့် ဒေးဝန်းကြီးဟု အမည်တွင်သည်။ သူ၏ မှတ်တမ်းမှာ ထင်ရှားသည်။

ဒါလီ

မြစ်ဝသောင်ခုံတွင် ပင်လယ်မှ ၀င်လာသော အန္တရယ်ရှိသည့် လှိုင်းတန်းကြီးဖြစ်သည်။ တစ်ကြိမ်လျှင် သုံးတန်းစီဝင်တတ်၏။

ဒသရာဇာ

ပရိမ်မြို့တော်တွင် ခုနှစ်ဆက်မြောက် မင်းဖြစ်သည်။ လှံပျံကို ဆယ်ဆက်မြောက် ရရှိသူ ဖြစ်၍ ဒသရာဇာဟုတွင်သည်။ ဘုန်းလက်ရုံးတောက်သည်။ အမတ်ပေါင်း ၁၆၀၀ နှင့် စစ်သည်ဗိုလ်ပါများမှာ မြောက်များလှသည်။ အလှူစုံမက်ပုံမှာ အာသောကမင်းကြီးနှင့် တူသည်ဟူ၏။ နန်းတက်နှစ်တွင်ပင် မဟာမု နိရုပ်ပွားတော်ကို ပြန်လည်ရှာဖွေပြီး ကြီးကျယ်စွာ ကိုးကွယ်ပူဇော်ခဲ့သည်။ သီဟိုဠ်သို့လည်း ရခိုင့်သံဃာ တော် ၂၆ ပါးကို သာသနာပြုရန် စေလွတ်ခဲ့သည်။ နန်းသက် ၁၅ နှစ်တွင် ပြုလုပ်သည့် မုဒ္ဓါဘိသိက်မှာ ကြီးကျယ်စေ့စုံခဲ့သဖြင့် နောက်မြန်မာမင်းတို့ကပင် အတုယူခဲ့ကြသည်။ (နန်းစံ ၁၁၂၃ - ၁၁၃၉)

ဒလက်ချောင်း

မြေပုံနှင့် အမ်းကြားတွင်း အကြီးဆုံးချောင်းဖြစ်သည်။
ဒလက်ရွာကြောင့် အမည်တွင်သည်။ ချောင်းဖျားတွင် ဒလက်တောင်ကြားလမ်းဟူ၍ ရှိသည်။ အမ်းသို့ ကျော်လမ်းရှိသည်။ ရိုးမရှိ ၃၇၉၃ ပေမြင့်သော တောင်ထိပ်မှ စတင်မြစ်ဖျားခံသည်။

ဒလက်

ဒလက်ချောင်းတွင် အကြီးဆုံးရွာဖြစ်သည်။ မြသိန်းတန် ဘုရားမှာ ထင်ရှားသည်။ သစ်တောထွက်ပစ္စည်းထွက်ရှိသည်။ ရှေးအခါက ဒလက်စားအမတ်ဟူ၍ ရှိခဲ့သည်။ ဒလက်အနီး သက်ချောင်းတွင် မင်းထီးက အရှေ့သားများကို နေရာချထားပေးခဲ့သည်။

ထွန်းလှခိုင်၊ ဦး

ရခိုင်၊ မြန်မာ၊ အင်္ဂလိပ် သုံးဘာသာပြက္ခဒိန်ကို စတင်ထုတ်ဝေခဲ့သူဖြစ်သည်။ (၁၉၀၁ - ၁၉၈၃)။

ထွန်းစံ၊ ဦး

အင်္ဂလိပ်ခေတ်က ရခိုင်အမျိုးသား ခေတ်ပညာတတ်တစ်ဦးဖြစ်သည်။ ရခိုင် ပြက္ခဒိန်အ ကြောင်းကို အင်္ဂလိပ်ဘာသာဖြင့် ၁၉၁၈ တွင် ထုတ်ဝေခဲ့သည်။

ထွန်း၊ ဆရာ

တန်းခိုးဆရာထွန်းအဖြစ်ထင်ရှားခဲ့သည်။ ၂၀ ရာစုခေတ်ဦးတွင် ရခိုင်သာချင်းပေါင်း ၆၀ ကျော်ကို ရေးသားထုတ်ဝေခဲ့သည်။ ( ၁၈၆၈ - ၁၉၃၂)

ထုက္ကန့်သိမ်

ရခိုင့်ဂုဏ်ဆောင် ဗိသုကာလက်ရာတစ်ခုဖြစ်သည်။ မြောက်ဦးမြို့ ရှစ်သောင်း ဘုရားအနီး ပေ ၁၂၀ ခန့်မြင့်သော ကုန်းပေါ်တွင် တည်ရှိသည်။ ကျောက်ဖြင့် တည်ထားသည်။ တောင် မြောက် ပေ ၁၁၀ ၊ အရှေ့အနောက် ၁၃၇ ပေရှိပြီး ပေ ၆၀ မျှမြင့်သည်။ အထက်ဝါတွင် အလယ်စေတီကြီး နှင့် အရံလေးဆူပါရှိသည်။ စေတီတိုင်းတွင် ကုဗပုံ ဓာတုဂဗ္ဘပေါ်၌ ထီးတင်ထားသည်။ ဂူဝလမ်းတစ်ခုတည်း သာရှိပြီး လက်ယာရစ် လိုဏ်နှစ်ထပ်ရှိသည်။ လိုဏ်နံရံတွင် ဂူကျောင်းငယ် ၁၄၆ ကျောင်း၌ ကုသိုလ်ရှင်များ က ပူဇော်နေဟန် ကျောက်ဆစ်ရုပ်လုံးကြွ ၃၃၀ ကျော်ပါရှိသည်။ မင်းဖလောင်းသည် မိမိအုပ်ချုပ်ရေး အသားတကျဖြစ်စေရန် ထုတ်ကန်သည့်အနေဖြင့် ၁၅၇၁ ခုတွင် တည်ခဲ့ခြင်းဖြစ်၍ ထုက္ကန့်သိမ်ဟုတွင် သည်။ သိမ်တော်၌ ဓမ္မသဘင်ပွဲများကျင်းပခဲ့ကြသည်။ လိုဏ်လမ်းအဆုံးတွင် အာရုံခံအဆောက်ရှိသည်။ ပုထိုးတော်၏ အနောက်တောင်ထောင့်တွင် ဥပုဒ်ဆောင်တော်ရှိသည်။

ထောင်နယ်

ရှေးအခါက အိမ်ခြေတစ်ထောင်ကို အုပ်ချုပ်ရသည့် စနစ်တစ်ခုဖြစ်သည်။ ထောင်ပိုင်မင်း ကအုပ်ချုပ်ရသည်။ လူအသွင်းအထုတ်ကို ဘုရင်က ဆုံးဖြတ်သည်။ ယခု အချို့အရတွင် ဒေသအရေးကို စုပေါင်းဖြေရှင်းပေးသည့် ဓလေ့တစ်ခုဖြစ်သည်။

ထားပိုင်ကြီး

ရခိုင်နန်းတွင်းအမတ် လေးတိုင်ဝင်ဖြစ်သည်။ ပြည်ထိန်းအမတ်တစ်ပါးလည်းဖြစ်သည်။ တရားဥပဒေစိုးမိုးရေးနှင့် ငြိပ်ဝပ်ရေးအတွက်သာ တာဝန်ယူရသည်။ နယ်များတွင် ထားပိုင်တပ်များထားရှိ ခဲ့သည်။

ထမင်းထောင် ပန်းထောင်ပွဲ

ကောက်သစ်ဆန်အား ဗုဒ္ဓသျှင်တော်ကို ဦးဦးဖျားဖျားပူဇော်ကန်တော့ ရသော ရွာလုံးကျွတ်ပွဲဖြစ်သည်။ ၀ါကျွတ်လပြည့်နေ့၊ တန်းဆောင်မုန်းလပြည့်နေ့တို့တွင် ကျင်းပကြသည်။ သင်ပုန်းတင်ပွဲဟုလည်း ခေါ်သည်။ သင်ပုန်းဆွမ်းကို စေတီပုံပြုလုပ်၍ လှူရသည်။ နှီးစေတီပုံတွင် ထမင်းကို လိမ်းကျံ၍လည်း ကပ်လှူကြသည်။ ပန်းထောင် ပြုလုပ်ပုံမှာ ပန်းကို တုတ်ချောင်းများဖြင့် ချည်နှောင်ကာ ငှက်ပျောတုံးစသည်တို့တွင် စေတီပုံပေါ်အောင် စိုက်ထူကြသည်။ အချို့က နှီးစေတီကြီးတွင် ပန်းပွင့်တို့ကို စိုက်ပေးကြသည်။ စပါးနှံတို့ကိုလည်း စေတီပုံပေါ်အောင် စိုက်ထူလှူဒါန်းလေ့ရှိကြသည်။

တုံးညို

စန္ဒ၀ိဇယ - ရှု။

တိမ်ညို

ရမ်းချောင်းတွင် အကြီးဆုံးရွာဖြစ်သည်။ မြောက်ဦး-ကျောက်တော် ကားလမ်းတွင် ရှိ သည်။ မြောက်ဦးမှ ၁၀ ဝေးသည်။ ချောင်းကူးလမ်းတံတားမှာ ပေ ၃၀၀ ရှိသည်။

တိက္ခိန္ဒြိယ၊ ဦး

ဝိပဿနာတရားကို ကျင့်ကြံဖေါ်ထုတ်မှုကြောင့် ထင်ရှားခဲ့သည့် ရခိုင်ရဟန်း တော် တပါးဖြစ်သည်။ (၁၈၇၀ -၁၉၄၁)

တိုင်းစန္ဒြား

ဝေသာလီခေတ်တည် မင်းဖြစ်သည်။ လှံပျံရခဲ့ပြီး အမင်းမင်းတို့၏ လက်ဆောင် ပဏ္ဏာကို ရရှိကာ ရတနာမိုးရွာသွန်းခဲ့သည်ဟု ရာဇ၀င်၌ ဖေါ်ပြ၏။ ကျောက်စာတွင် ဒွေင်စန္ဒြားဟုတွေ့ရ သည်။ ဒွေင်စန္ဒြားသည် တစ်ရာ့တစ်ပါးသော မင်းတို့ကို အောင်နိုင်ပြီးနောက် နတ်ပြည်၏ လှပတင့်တယ်ခြင်း ကို ပြက်ရယ်ပြုလောက်အောင်လှပသော မြို့တော်ကို တည်ခဲ့သည်ဟု ဆိုသည်။ အလေး၊ တင်း၊ တောင်း၊ အချိန်အတွယ်တို့ကို စံ သတ်မှတ်ပေးခဲ့သည်။ ငွေဒင်္ဂါးကိုလည်း မိမိ၏ မကိုဋ် တံဆိပ်ပုံတော်နှင့် ထုတ်ဝေခဲ့သည်။ တစ်ရွာတွင် ဆေးသမား တစ်ဦးကျစီကို ခန့်ထားခဲ့သည်။ ကုသိုလ်တော်မှာ ဝေသာလီ ဘုရားကြီးဖြစ်သည်။ (နန်းစံ ၃၂၇ - ၃၈၂)

တိုင်းချစ်မင်း

မဉ္ဖူသင်ကိုခေါ်သည်။

တောင်ရင်းကျွန်း

ပေါက်တောမြို့အနီးရှိ တန်းတင် တောင်တန်းကို ဗဟိုပြုသော အရပ်ကို ခေါ်သည် ၄၄ ကျွန်းဝင်ဖြစ်သည်။ မင်းဘာကြီး အိမ်နိမ့်ဘ၀က စားခဲ့သည့် အရပ်ဖြစ်သည်။ မင်းဘာကျွန်း ဟုခေါ်သည်။ ၎င်းတည်သော တောင်ညိုဂူ၊ ကြိမ်ခွေမော်ဂူနှင့် နတ်တော်ပြင်ဂူတို့ ရှိကြသည်။

တောင်ပြို

နတ်မြစ်ဖျားတွင် အကြီးဆုံးရွာဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်နှင့် ကပ်လျက်ရှိသည်။

တောင်နီတောင်

မာန်အောင်မြို့မှ အနောက်ဘက် ၁၀ အကွာတွင်ရှိသည်။ မြက်မွှေးပင်များ ကြောင့် ထင်ရှားသည်။ ဘုရားပွဲမှာ ကဆုန်လ ဖြစ်သည်။

တောင်ညိုဂူ

မင်းဘာကြီးတည်ခဲ့သည့် ဂူဖြစ်သည်။ ပေါက်တောမြို့မှ အနောက်ဘက် ၄ မိုင်အကွာတွင် ရှိသည်။ ပေ ၅၀ မျှ မြင့်သည်။ ကျောက်တောင်ကြီး၏ အနောက်ဘက်နံရံ၌ ထုထွင်းထား သည့် မူလက ဂူတစ်ပေါက်သာရှိခဲ့သည်။ ယခု ဂူ ၄၂ ပေါက်နှင့် ဆင်းတုတော် ၆၈ ဆူကိန်းဝပ်ကြသည်။ ပေ ၁၆၀ ကျော်ရှည်သည်။ စိတ္တရလင်္ကာက ထွင်းခဲ့သည် ဟူ၏။

တောင်စိုင်

မြေပုံမြို့၏ အရှေ့ဘက် တောင်ကုတ်နယ် တလျှောက် ရိုးမ တောင်ခြေအရေပ်ဖြစ်သည်။ ယိုးချောင်း၊ ဒလချောင်း၊ အမ်းချောင်၊ မအီ၊ လမု၊ တန်းလွဲချောင်းတို့ပါဝင်ကြသည်။ သစ်တောထွက် ပစ္စည်း များကြောင့် ထင်ရှားသည်။

တောင်ခွင်

ကျိန္တလီ နှင့် တောင်အရပ် မော်တင်အထိကို ခေါ်သည်။

တောင်ခေါင်းချေ

ဘူးသီးတောင်- မောင်တော ကားလမ်းရှိ ၉၈ ပေ ရှည်သော လိုဏ်ခေါင်းဖြစ် သည်။ ဘူးသီးတောင်မှ ၇ မိုင်မျှဝေးသည်။ ၁၉၁၈ ခုတွင် တည်ခဲ့သည်။ မူလက မီးရထားလိုဏ်ခေါင်းဖြစ် သည်။

တောင်ခေါင်းကြီး

ဘူးသီးတောင်- မောင်တော ကားလမ်းရှိ ၆၅၈ ပေရှည်သော လိုဏ်ခေါင်းဖြစ် သည်။ ဘူးသီးတောင်မှ ၉ မိုင်မျှဝေးသည်။ ၁၉၁၈ ခုတွင် တည်ခဲ့သည်။ မူလက မီးရထားလိုဏ်ခေါင်းဖြစ်သည်။

တောင်ကုတ်မြို့

တောင်ကုတ်ချောင်းဝမှ ၁၂ မိုင်အကွာတွင်ရှိသည်။ တောင်ကုတ်လမ်းကြောင့် ကုန်သွယ်မှုကြားစခန်းအဖြစ်ထင်ရှားသည်။ စစ်တွေသို့ ရေလမ်း ၂၂၄ မိုင်၊ သံတွဲသို့ ကားလမ်း ၄၃ မိုင်ဝေး သည်။ မြို့ဧရိယာသည် စတုရန်းမိုင် ၁၉၀၇ မိုင်မျှရှိသည်။ တောတောင်ထူသည်။ အနောက်ဘက်တွင် ကျွန်း ကြီးများရှိသည်။ မြို့နယ်လူဦးရေမှာ တစ်သိန်းကျော်မျှသာရှိသည်။ တရပ်တကျေးသို့ ထွက်ခွာသူများကြောင့် လူနေကျဲသည်။ အဓိက စီးပွာရေးမှာ စပါး၊ ၀ါးနှင့် သစ်များဖြစ်သည်။

တောင်ကုတ်တောင်ကြားလမ်း

တောင်ကုတ်မြို့မှ ဧရာဝတီကမ်းရှိ ပန်းတောင်းမြို့အထိ ၁၀၂ မိုင်ရှည်လျားသည်။ တောင်ပေါ်ပိုင်း ၇၂ မိုင်ခရီးတွင် တံတားတစ်ခုမျှ မရှိချေ။ အမြင့်ဆုံးအပိုင်းသည် မိုးထိတောင် ဖြစ်သည်။ မူလက လူသွားလမ်း သပ်သပ်သာဖြစ်သည်။ တခါတရံ စစ်ရေးအရ အသုံးပြုခဲ့ကြ သည်။ မဟာမုနိဆင်းတုကို အမရပူရသို့ ပင့်ရာတွင် ဤလမ်းကို ချဲ့ထွင်ခဲ့၍ ဘုရားလမ်းဟူ၍လည်း တွင်သည်။ ၁၈၅၄ ခုတွင် လမ်းအဖြစ် စတင်ဖေါက်လုပ်ခဲ့ပြီး ဤလမ်းပေါ်မှ တယ်လီဖုန်းလိုင်း ဆက်သွယ် ခဲ့သည်။ လမ်းတလျှောက် စခန်းကြီး ၃၄ ခုရှိသည်။ ဤလမ်းရှိ နေပူတောင်မှာ လွန်စွာထင်ရှားသည်။

တောင်ကုတ်ချောင်း

ရခိုင့်တောင်ပိုင်း ရိုးမရှိ မိုးထိတောင်(၃၈၂၈ ပေ) မှ မြစ်ဖျားခံကာ ပင်လယ်ထဲသို့ စီးဝင်သည်။ မိုင် ၆၀ မျှ ရှည်သည်။ အ၀ပိုင်းတွင် တောင်ကုတ်မြို့ရှိသည်။

တပ်တောင်

အမ်းချောင်ဝရှိ သင်္ဘောဆိပ်ဖြစ်သည်။ ကုန်သွယ်မှု ကြားစခန်းဖြစ်သည်။ အထက်တန်း ကျောင်းရှိသည်။ အမ်းမှ ၁၆ မိုင် ဝေးသည်။

တန်းလွဲချောင်း

ရခိုင်တောင်ပိုင်း ရိုးမတောင်မှ မြစ်ဖျားခံကာ ကလိန်တောင်သို့ စီးဝင်သည်။ မိုင် ၇၀ မျှ ကွေ့ကောက်စီးဆင်းသည်။ တောင်ဘက်တွင် တောင်ကုတ်ချောင်းရှိသည်။

တန်းခိုး

ပုဏ္ဏားကျွန်းတောင်ဘက် ၈ မိုင်အကွာ ကုလားတန်မြစ်ကမ်းရှိ ရွာကြီးဖြစ်သည်။ ပုဏ္ဏားကျွန်းမြို့ မတိုင်မီက မြို့ဖြစ်ခဲ့သည်။

တင်းထိန်ရံ

မြောက်ဦးဘုရင်များ တိုင်းခန်းလှည့်လည်ရာတွင် နေရာထိုင်ခင်းအတွက် ပြင်ဆင်ပေးရ သည့် အမတ်ဖြစ်သည်။

တောဖျားချောင်း

ပုဏ္ဏားကျွန်းမြို့နယ် အနောက်ဘက်ရှိ ထင်ရှားသော ချောင်းကြီးဖြစ်သည်။ မြောက် မှ တောင်သို့ ၄၅ မိုင်မျှ စီးကာ မယူမြစ်ဝပိုင်းသို့ စီးဝင်သည်။ ငရုတ်ကောင်းအများဆုံးထွက်ရှိသည်။ ရှေးအခါက ဆင်ဖမ်းလုပ်ငန်းရှိသည်။

တီထိုးတမ်း

လိုက်ဖမ်းသူက “တီ” ဟုအသံရှည်မပြတ်ဆွဲကာ လိုက်ပုတ်ရသည့် ကစားနည်းဖြစ်သည်။

တရားသီး

တရားသူကြီးကို ခေါ်သော ဝေါဟာရဖြစ်သည်။

ညောင်ချောင်း

ဘူးသီးတောင်မှာ တောင်ဘက် ၁၄ မိုင် အကွာ မယူမြစ်အနောက်ဘက် ကမ်းရှိ ရွာကြီးဖြစ်သည်။ မယူတောင်ကျော်လမ်းတစ်ခုရှိသည်။

ဇုန္တတ်

စစ်သူကြီးကို ရှေးရခိုင်တို့ ခေါ်သည့် အမည်ဖြစ်သည်။ ပါဠိစကား ဇုတိမှ ဆင်းသက် သည်။ ကြည်းဇုန္တတ်၊ ရီဇုန္တတ်အပြင် မီးဇုန္တတ်(အမြောက်)ဟူ၍ ရှိခဲ့သည်။

ဇမ်း

ရခိုင့်ကျေးလက် လူပျိုလှည့်ရာတွင် လင်္ကာဖြင့် မေးမြန်းဖြေကြားရသည့် ဓလေ့တစ်ခု ဖြစ်သည်။

ဇင်ချောင်း

ကျောက်ဖြူတောင်ဘက် ၂၅ မိုင်တွင် ထင်ရှားသည့် ရွာကြီးဖြစ်သည်။

ဇေယျဝတီ

လေးမြို့မြစ်ညာဒေသ၏ ရှေးအမည်ဖြစ်သည်။

ဇိနမာရ်အောင်

မာရ်ငါးပါးဝင်ဖြစ်သည်။ မြောက်ဦးနန်းတော်ကုန်း၏ တောင်ဘက် နှစ်ဖာလုံအကွာ ရှိ တောင်ကုန်းတွင် တည်ရှိသည်။ ရှစ်မြှောင့်ပုံဖြစ်ပြီး ဂန္ဓကုဋီတိုက်တော် ပါရှိသည်။ ပစ္စယထောင့်တို့တွင် ပူးရုပ်များပါရှိသည်။ စန္ဒသုဓမ္မရာဇာသည် နန်းတက်စ၌ တည်ခဲ့သော စေတီမှာ အရွယ်ပမာဏ သေးငယ် သဖြင့် ဥာဏ်တော်ကြီးသော ဇိနမာရ်အောင် ၊ ရတနာ့မာရ်အောင်၊ လောကမာရ်အောင် စေတီတို့ကို တပြိုင် နက်တည်ခဲ့လေသည်။ ၁၆၅၂ ခုနှစ်တွင် ပြီးစီးခဲ့သည်။

ဇာတီ

စေတီကို ရခိုင်က ခေါ်သောအမည်ဖြစ်သည်။

ဇရပ်ပြင်

လေးတောင်နယ်တွင် ထင်ရှားသည့် ရွာကြီးဖြစ်သည်။ အထက်တန်းကျောင်းရှိ၏။

ဇကိုင်း

မစဲကျွန်းတွင် အိုးလုပ်ငန်းကြောင့် ထင်ရှားသည့် ရွာဖြစ်သည်။ မင်းဘာကြီးတည်သော ဂူကျောင်းတစ်ခုရှိသည်။

ဆပ်သွား

ဂွမြို့မြောက်ဘက် ၁၉ မိုင် အကွာရှိ ရွာကြီးဖြစ်သည်။ ချောင်းကူးတံတားသည် ပေ ၅၆၀ ရှည်သည်။

ဆံတော်ရှင်စေတီ

ရခိုင့်မွေသရီဓာတ်ဝင် အဓိကရ စေတီဖြစ်သည်။ မြေငူကျွန်းတောင်ပိုင်း ပင်လယ် ကမ်းအနီးတွင် ကိန်းဝပ်သည်။ ဥာဏ်တော် ပေ ၇၀ ခန့်ရှိပြီး ထုချွန်ပုံဖြစ်သည်။ ဗုဒ္ဓသျှင်တော်သည် သေလာ ဂီရိတောင်၌ ရပ်နားစဉ် ဇေဌတိုင်းမှ နာဂသေနာပတိနှင့် ရှစ်ဦးတို့က ဆွမ်းကျွေးလုပ်ရာ ဆံတော်လေးဆူရခဲ့ ၍ နီလာပပ္ပတတောင်သို့ ဆောင်က တည်ထားခဲ့ခြင်းဖြစ်သည်။ မကြာမီ စန္ဒသူရိယက ၎င်း၏ မကိုဋ်ပုံတော် အတိုင်း ပြုပြင်တည်ထားခဲ့သည်။ ဘုရားပွဲမှာ နတ်တော်လပြည့်ဖြစ်သည်။ စစ်တွေမှ ၁၈ မိုင်ဝေးပြီး စိုးမဲကျီဆိပ်မှ တဆင့် တောင်ကျော်ရသည်။ စေတီအနီးတွင် ခြေတော်ရာနှင့် သိမ်တော်ရာ ရှိသည်။

ဆင်တက်မော်

အလယ်ဖရုံကာကျွန်းရှိ ရွာကြီးဖြစ်သည်။ ငါးဖမ်းလုပ်ငန်းရှိသည်။ အထက်တန်းကျောင်းရှိ၏။ ဆင်တတ်မော်မြစ်ဟူ၍ရှိ၏။

ဆင်ခေါင်းလီ

အရှေ့တောင်မှ တိုက်လေဖြစ်သည်။

ဆင်ကဲကြီး

ရခိုင်နန်းတွင်း အမတ်လေးတိုင်ဝင်ဖြစ်သည်။ ဆင်ဖမ်းခြင်း၊ လေ့ကျင့်ခြင်း၊ တင်ပို့ခြင်းနှင့် ဆင်တပ်ကိုတာဝန်ယူရသည်။

ဆားပြင်

တောင်ကုတ်မြောက်ဘက် မိုင် ၂၀ တွင် သစ်လုပ်ငန်းကြောင့် ထင်ရှားသည့် ရွာကြီး ဖြစ်သည်။ ဤအမည်ဖြင့်ပင် နတ်မြစ်၊ မယူမြစ်နှင့် ကုလားတန်မြစ်ဝတို့၌ ရွာတစ်ရွာစီ ရှိ၏။

စုန်းပလေ

အိမ်စောင့်နတ်မကို ခေါ်သည်။ အိမ်ဆောင်လျှင် ဤနတ်တိုင်ကို စတင်ထူရသည်။

စုက္ကရား

စစ်တကောင်းတောင်ဘက် ၄၈ မိုင် ဝေးသည်။ရှေးအခါက ရခိုင်လက်ဝင် မြို့တစ်ခုဖြစ် သည်။ ပင်းဝါသည် တောင်ဘက် ၂၈ မိုင် ဝေး၏။

စိန္တာ၊ ဦး

အင်္ဂလိပ်နှင့် ဂျပန်တော်လှန်ရေးတို့တွင် ထင်ရှားသော ခေါင်းဆောင်ရဟန်းတပါးဖြစ် သည်။ မင်းပြားနယ် ရင်းဘွေရွာ ဇာတိဖြစ်သည်။ ၁၀ ခန့် လက်နက်ကိုင်လမ်းစဉ်လိုက်ခဲ့ပြီး ၁၉၅၈ ခုတွင် လက်နက်စွန့်လွတ်ခဲ့သည်။ (၁၉၀၂- ၁၉၆၄)။

စိတ္တရလင်္ကာ

ရခိုင့်ဒဏ္ဍာရီသမိုင်းလာ ထင်ရှားသော ဗိသုကာလက်သမားကြီးဖြစ်သည်။ ကျောက်တလုံး၊ တောင်ညို၊ ဂူတောင် စသည့် ဂူကျောင်းများကို ၎င်းနှင့် တပည့်များက တည်ခဲ့ကြောင့်၊ နောင်တွင် ဂျာမနီပြည်သို့ ရောက်သွားကြောင်းဆိုသည်။ ၎င်းထွက်ပြေးရခြင်းမှာ မိဖုရား၏ ပုံတူတွင် မှည့်ရှင် ရှိသည်ကိုပင် မလွဲအောင် ဆွဲနိုင်ခဲ့၍ ဘုရင်က သံသယ၀င်ခြင်းကြောင့်ဖြစ်သည်ဟူ၏။

စိုင်းဒင်ရေတံခွန်

ရခိုင်ကမ်းမြောင်တွင် အကြီးဆုံးရေတံခွန်ဖြစ်သည်။ စိုင်းဒင်ချောင်းတွင် ရှိသည်။ ပေ ၇၀ ခန့်မြင့်ပြီး ပေ ၇၀၀ ခန့် ကျယ်သည်။ ရေဖမ်းနယ်မှာ စတုရန်းမိုင် ၄၅၀ မျှ ရှိသည်။ ရေအား လျှပ်စစ်နှင့် စက္ကူထုတ်လုပ်ရန် အင်္ဂလိပ်ခေတ်ကပင် ကြိုးပမ်းခဲ့ကြသည်။ မယူမြစ်ဝမှ မိုင် ၅၀၊ ဘူးသီးတောင်မြို့အရှေ့ဘက် ၈ မိုင်ဝေးသည်။

စိုင်းဒင်တောင်

မယူမြစ်ညာပိုင်း အရှေ့ဘက်ရှိ တောင်တန်းကြီးသည် ဘင်္ဂလားဒေ့ရှ်ရှိ နယ်ထဲသို့ တောင်နွယ်တစ်ခုဆင်းသည်။ ရခိုင်နယ်တွင် မိုင် ၄၀ မျှ ရှည်သည်။ အမြင့်ဆုံးတောင်မှာ ၂၄၉၄ ပေ မြင့်သည်။

စိုင်းဒင်ချောင်း

စိုင်းးဒင်တောင်ကြားမှ စီးဆင်းကာ ဘူးသီးတောင်မြို့ တောင်ဘက်အနီး ကုလားပန်ဇင်းချောင်းနှင့် ပေါင်းဆုံသည်။ မယူမြစ်လက်တက်တစ်ခုဖြစ်သည်။ မိုင် ၄၀ မျှ ရှည်သည်။ စိုင်းဒင်ရေတံခွန်ရှိသည်။

စမ္ပ၀က်မြို့

စူဠစန္ဒြား၏ သားတော် ငမင်ငတုံ(စောရွှေလူး) က အေဒီ ၇၉၄ ခုတွင် တည်ထောင်၍ ၂၄ နှစ်စိုးစံခဲ့သည်။ လေးမြို့ကမ်း လေညှင်းတောင်အနီးမိုးကြိုးကန် တစ်ဝိုက်တွင် ထွန်းကားခဲ့သည်။ မိစ္ဆာအယူဝင် ရှင်ယောင်တို့ကြောင့် ပျက်စီးသွားသည်။

စန္ဒမဏိ၊ အသျှင်

ဗုဒ္ဓသာသနာတော် မူလဇာတိမြေ အိန္ဒိယတွင် နှစ်ပေါင်းများစွာ ရောင်ဝါညှိုးနွမ်း နေသည်ကို ပြန်လည်တောက်ပြောင်လာအောင် သာမဏေဘ၀ကပင် ဒုက္ခခံကာ အားစိုက်ဆောင်ရွက်ခဲ့ သည့် ရဟန်းတော်ဖြစ်သည်။ မြောက်ဦးမြို့ ပေါက်ပင်ရွာဇာတိဖြစ်သည်။ အိန္ဒိယနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓအသင်း ကြီး၏ ဥက္ကဌဖြစ်ခဲ့သည်။ (၁၈၇၅ -၁၉၇၂)

စန္ဒဒေ၀ီ

စူဠစန္ဒြား၏ မိဖုရားဖြစ်သည်။ ကြင်ရာတော် ကံကုန်သည့်အခါ ထီးနန်းကို မြုံ(မ်) မင်းသား သုံးပါးအား လွဲအပ်ခဲ့သည်။

စန္ဒသူရိယ

တတိယ ဓည၀တီကို တည်ထောင်ခဲ့သူဖြစ်သည်။ နန်းသက် ၂၆ နှစ်တွင် ဗုဒ္ဓသျှင်တော်အား မနောအာရုံဖြင့် ပင့်ဖိတ်သဖြင့် သျှင်တော်မြတ်သည် ဓည၀တီသို့ ကြွချီခဲ့သည်။ မင်းကြီးသည် ဗုဒ္ဓကိုယ်စားတော် ဆင်းတုတော် တစ်ဆူကို ရတနာငါးပါးဖြင့် သွန်းလုပ်ရာ မဟာမုနိဟု ယခု တွင်လျက်ရှိသည်။ (နန်းစံ ဘီစီ ၅၈၀- ၅၂၈)။

စန္ဒသုမနရာဇာ

မြောက်ဦးခေတ်နှောင်းတွင်း သာမန်ဘ၀မှ အဆင့်ဆင့်တက်ကာ ဘုရင်ဖြစ်လာ ခဲ့သည်။ ၁၇၇၄ မှ ၁၇၇၇ ထိစိုးစံခဲ့သည်။ ကျွန်စနစ်တစ်ခုလုံးကို ဖျက်သိမ်းခဲ့သူဖြစ်သည်။

စန္ဒသုဓမ္မရာဇာ

နရပတိကြီး၏ မြေးဖြစ်သည်။ ( နန်းစံ ၁၆၅၂ - ၁၆၇၄)။ ဤမင်းလက်ထက်၌ မဂိုအရေး၊ သျှာသျှဂျာအရေး၊ ပေါ်တူဂီအရေး၊ ဒတ်ခ်ျနှင့် ကုန်သွယ်မှုအရေးတို့သည် ပြင်းထန်လာခဲ့သည်။ ၁၆၆၆ ခုတွင် စစ်တကောင်းကို လက်လွတ်လိုက်ရသည်။ ဇိနမာန်အောင် ၊ ရတနာ့မာန်အောင်နှင့် လောက မာန်အောင်တို့၏ ဒါယကာတော်ဖြစ်သည်။

စန္ဒ၀ိဇယ

မြောက်ဦးခေတ် အကျပိုင်းကို ပြန်လည် ဦးမော့စေခဲ့သူဖြစ်သည်။ ကျိန်းကျွန်းတွင် တုန်းညိုအမည်ဖြင့် မထင်မရှားနေခဲ့ရာမှ တန္တဗိုလ်အမတ်ဖြစ်လာခဲ့သည်။ ပုန်ကန်မှုများကို ထိရောက်စွာ နှိမ်နင်းနိုင်ခဲ့သည်။ ဘုရားကိုလည်း သစ္စာစောင့်သိသည်။ ၁၇၁၀ ပြည့်နှစ်တွင် မင်းမဲ့ တစ်လဖြစ်ချိန်၌ စန္ဒ၀ိဇယ အမည်ဖြင့် နန်းတက်ခဲ့သည်။ အရပ် ၈၀၀ ကို ခိုင်ခံ့စေခဲ့သည်။ နန်းသက် တစ်နှစ်တွင် ပင်းဝါသို့ စစ်ချီခဲ့သည်။ ပြည်တွင်း ပုန်ကန်မှုကို ကိုယ်တိုင်နှိမ်နင်းတတ်သည်။ နောင်တွင် ဆွေတော်မျိုးတော်တို့၏ စကားကိုယုံကြည်ကာ အရည်အချင်းရှိသူများအား မြှောက်စားခြင်း မရှိတော့သဖြင့် ပြည်တွင်းအင်အား ချိနဲ့လာလေသည်။ နန်းစံ ၂၁ နှစ်တွင် သမက်တော် လုပ်ကြံ၍ လွန်လေသည်။

စန္ဒမာလာလင်္ကာရ၊ အသျှင်

ရခိုင်ရာဇ၀င်ကျမ်းကို ၁၉၃၁ ခုတွင် ရေးသားထုတ်ဝေခဲ့သူဖြစ်သည်။ ကျမ်းပေါင်းများစွာကို ညှိနှိုင်းစီစဉ်ထားခြင်းဖြစ်သည်။ ရမ်းဗြဲမြို့ ရွာပုလဲ ဇာတိဖြစ်သည်။ (၁၈၄၁ - ၁၉၃၁)။

စံရွှေဖူး၊ ဦး

ရခိုင်သမိုင်းနှင့် ယဉ်ကျေးမူ ရေးရာတို့ကို သုတေသနပြုကာ ၁၉၁၇ မှ ၁၉၂၇ ခု အထိ မြန်မာနိုင်ငံ သုတေသန ဂျာနယ်တွင် အင်္ဂလိပ်ဘာသာဖြင့် ရေးသားခဲ့သူ ဖြစ်သည်။ မူလက ကျောင်းဆရာ ဖြစ်ပြီး နောက်တွင် ဘိလပ်ပြန် ဝတ်လုံတော်ရ ဖြစ်ခဲ့သည်။ (၁၈၈၂ - ၁၉၄၅ )။

စံရွှေ၊ ဦး

မြန်မာနိုင်ငံတွင် သက်ကြီးတက္ကသိုလ်ကို စတင်တည်ထောင်သူ ရခိုင် ပညာတတ် တစ်ဦး ဖြစ်သည်။ စစ်တွေဇာတိ ဖြစ်သည်။ (၁၈၈၀ - ၂၉၇၃)

စံရဖွေ

အင်္ဂလိပ်ခေတ်ဦးကာလ တော်လုန်ရေးတွင် မင်းသားကြီးတို့အား သစ္စာဖောက်သွားသူ ၁၆ ဦး၏ ခေါင်းဆောင် ဖြစ်သည်။

စံတင်၊ ဦး

ရမ်းဗြဲမြို့မှ အမူထမ်း ဖြစ်သည်။ ၁၈၅၀ ပြည့်နှစ်တွင့် ရခိုင်ရာဇာဝင် လင်္ကာကို ရေးခဲ့သည်။

စစ်တွေမြို့

ရခိုင်ပြည်နယ်၏ မြို့တော်ဖြစ်သည်။ ကုလားတန်မြစ်ဝ အနောက်ဘက်ကမ်းတွင် ရှိသည်။ မြို့နယ်ဧရိယာ ၈၉ စတုရန်းမိုင်ရှိသည်။ မြို့နယ်အနောက်ဘက်တွင် မယူမြစ်ဝရှိသည်။ မြို့နယ်လူ ဥိးရေ နှစ်သိန်းကျော်၊ မြို့လူဦးရေ တစ်သိန်းရှစ်သောင်းခန့် ရှိသည်။ အဓိကလုပ်ငန်းမှာ ဆန်စပါး၊ ငါးနှင့် ရခိုင်လုံချည်တို့ဖြစ်သည်။ ဆိပ်ခံကောင်းရှိသည်။ ရန်ကုန်မြို့နှင့် နေ့စဉ် လေကြောင်းအဆက်အသွယ်ရှိ သည်။ စစ်ကြီး မဖြစ်မှီက စစ်တွေ ဆိပ်ကမ်းမှ နှစ်စဉ်ဆန်တန်ချိန် တစ်သိန်းကျော်အထိ တင်ပို့နိုင်ခဲ့သဖြင့် ဆန်မြို့ဟု လူသိများခဲ့သည်။ ၁၈၂၆ ခုနှစ်တွင် အင်္ဂလိပ်တို့က တည်ထောင်ခဲ့သည်။ မြောက်ဦးမြို့ အနေ အထားမကောင်း၍ဖြစ်သည်။ စစ်တဲကြီးတစ်ခုရှိခဲ့၍ စစ်တွေဟု အမည်တွင်သည်။ မြို့အနောက်တွင် အာကျပ်ေုစတီနှင့် ရွာကို အစွဲပြု၍ အင်္ဂလိပ်တို့က အာကျပ်(Akyab) ဟုခေါ်ကြသည်။ ကန်တော်ကြီး၊ မင်းကြီးကျောက်တန်း၊ ဘုရားကြီး၊ သလုံးတော်ဓာတ်တို့မှာ ထင်ရှားကြသည်။ ပွိုင့်ရှုခင်းသာ အပန်းဖြေ ကမ်းခြေရှိ၏။

စစ်တွေမီးပြ

စစ်တွေမြို့ ပွိုင့်အငူတွင် ရှိသည်။ မူလအဆောက်အအုံမှာ ၂၅ ပေခန့် မြင့်သော အုတ်လက်ရာဖြစ်သည်။ မြို့တည်စလောက်ကပင် တည်ထားခဲ့သည်။ ယခု မီးပြအသစ်မှာ သံပေါင်မျှော်စင် ဖြစ်သည်။ ၁၉၆၅ ခုမှ စတင်သည်။

စစ်တွေပြတိုက်

စစ်တွေမြို့နယ်ရှိ နိုင်ငံပိုင် စာကြည့်တိုက်နှင့် ပြတိုက်ဖြစ်သည်။ မူလက ကျောက်ဖြူတွင် ရှိခဲ့ပြီး စစ်တွေသို့ ပြောင်းရွေ့ဖွင့်လှစ်ထားခြင်းဖြစ်သည်။ ၁၉-၂-၉၆ နေ့တွင် မြို့လယ် ၌ ပြည်တိုက်သစ်ကို ဖွင့်လှစ်ခဲ့သည်။ ရခိုင်ရှေးဟောင်းလက်ရာများအပါအ၀င် ပစ္စည်းပေါင်း ၂၀၀ ကျော်ကို ပြသထားသည်။

စစ်တွေတက္ကသိုလ်

စစ်တွေကောလိပ်ကို ၁၈ - ၉ - ၉၆ နေ့တွင် အဆင့်မြှင့်ခဲ့ခြင်းဖြစ်သည်။

စစ်တွေခရိုင်

၁၉ ရာစုတွင် စတင်ဖွဲ့စည်းစက ရခိုင်မြောက်ပိုင်း ၉ မြို့နယ်ပါဝင်သည်။ ၁၉၉၀ ပြည့်နှစ်က မြေပုံမြို့ပါဝင်လာသည်။ ယခု ဘူးသီးတောင်နှင့် မောင်တောခရိုင်တို့ကို သီးခြားဖွဲ့စည်းလိုက်သ ဖြင့် စစ်တွေခရိုင်တွင် စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံနှင့် ပေါက်တော မြို့နယ်တို့သာ ပါဝင်တော့သည်။ (ဧရိယာ စတုရန်းမိုင် ၄၃၉၀ )။

စစ်တွေကောလိပ်

၁၉၇၃ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သည်။ မူလက ဥပစာကောလိပ်ဖြစ်သည်။ ၁၉၈၆ ခုတွင် ဒီဂရီကောလိပ်ဖြစ်လာသည်။ စစ်တွေကျောင်းကြီးလမ်းရှိ အထက်တန်းကျောင်းနေရတွင် ဖွင့်လှစ် ထားခြင်းဖြစ်သည်။ ၁၉၉၆ ခုတွင် တက္ကသိုလ်ဖြစ်လာသည်။

စစ်တကောင်းတောင်တန်း

စစ်တကောင်းအရှေ့ဘက် ဗိုလ်မင်းထောင်၊ သက်ထောင်၊ ဖလံထောင်၊ (ယင်းတို့ - ရှု) ရှိရာအရပ်ဖြစ်သည်။ ဧရိယာ စတုရန်းမိုင် ၅၅၀၀ ခန့်ရှိသည်။

စစ်တကောင်း

အနောက်ပြည် ကံသာချောင်းဝ၌ ရှိသည်။ စူဠစန္ဒြားမင်းကြီးက တည်ထောင်ခဲ့ သည်။ စစ်မတိုက်ကောင်းမှ အမည်ရွေ့လာခြင်းဖြစ်သည်။ မင်းထီး၊ မင်းခရီ၊ မင်းဘာကြီး၊ မင်းဖလောင်း၊ မင်းရာဇာကြီးတို့က လက်ဝင်ခိုင်ခံ့အောင် ဆောင်ရွက်ခဲ့ကြသည်။ ၁၆၆၆ ခုတွင် လက်လွတ်လိုက်ရသည်။ ပင်းဝါ မြောက်ဘက် ၇၆ မိုင်ဝေးသည်။

စောယဉ်မိ

လောင်းကြက်ခေတ်ပျက်ကာလမှစ၍ တသီးတခြား စားခဲ့သော သံတွဲသုံးရွာစား၏ မိဖုရား ဖြစ်သည်။ သားတော်နှစ်ဦး၏ ပဋိက္ခကြောင့် ၁၄၃၅ တွင် မင်းခရီထံ ချစ်ခွင့် ပန်လေသည်။ မင်းခရီက အလယ်မိဖုရားအဖြစ် သိမ်းပိုက်ခဲ့သည်။ သူမ၏ ချစ်ခွင့်ပန်ကဗျာမှာ လွန်စွာထင်ရှားခဲ့သည်။

စောပြည့်ညို

သုဝဏ္ဏဒေ၀ီ - ရှု။

စေတီပြင်

မယူမြစ် အလယ်ပိုင်းအနောက်ကမ်းရှိ ရွာကြီးဖြစ်သည်။ မယူတောင်ကျော်လမ်းတစ်ခု ရှိ၍ စည်းကားသည်။ ရသေ့တောင်မှ ငါးမိုင် ဝေးသည်။ အထက်တန်းကျောင်းရှိသည်။ စေတီဟောင်းများရှိခဲ့၍ ရွာအမည်တွင်သည်။ အထက်ကျောင်းတောင် ဟုလည်းတွင်၏။

စူဠစန္ဒြား

ဝေသာလီခေတ်၏ နောက်ဆုံးမင်းဖြစ်သည်။ (နန်းစံ ၇၃၃- ၇၆၉)။ဤမင်း၌ စစ်လှေပေါင်း ကိုးသောင်းရှိသည် ဆို၏။ မကြာခဏ တိုင်းခန်းလှည့်လည်တတ်သည်။ နန်းသက် ကိုးနှစ်တွင် အနောက်တ လွှားကို စစ်ချီရာ စစ်တကောင်းမြို့ကို တည်ခဲ့သည်။ ၇၆၉ ခုတွင် လက်အောက်ခံ ပဉ္စလရာဇ် သင်းတွဲသို့ ချီတက်၍ အပြန် ဖောက်တော် ပျက်၍ ကွယ်လွန်လေသည်။ မင်းကြီး၏ မိဖုရား စန္ဒဒေ၀ီက အမျက်ရှ သဖြင့် ဓမ္မဇေယျ အမတ်ကြီးနှင့် နောက်ပါတို့သည် ကုလားတန်မြစ်ညာသို့ တိမ်းရှောင်သွားကြလေသည်။ ထီးနန်း ကိုမူ မြုံ(မ်) မင်းသားသုံးပါးတို့ ရရှိသွားကြသည်။ နန်းရိုး သားတော် ငမင်ငတုံ( စောရွှေလူး)မှာ ခမည်းတော် လွန်၍ ၂၅ နှစ်ကြာမှ ထီးနန်းရခဲ့သည်။

စပါးထား

ဘားပူစာရက တင်ပို့ရန် သတ်မှတ်ထားသော စပါးများကို လယ်သမားတို့က ရွေ့ပြောင်း စုပံထားသော အရပ်ဖြစ်သည်။ ရခိုင်အနှံ့တွင် ဤမည်ဖြင့် ကျေးရွာအမည်များ ရှိနေသေးသည်။

စနဲ

ကျောက်ဖြူ အရှေ့တောင်ဘက် မိုင် ၂၀ အကွာရှိ ရွာကြီးဖြစ်သည်။ အထက်တန်း ကျောင်းရှိ၏။ ကျောက်ဖြူ-ရန်ကုန်မြေသားကားလမ်းသည် ဤရွာအနီးမှ ဖြတ်သန်းသွားသည်။

နတ်မြစ်

ငတ်မြစ်

ငလက်ရုံး

မြောက်ဦးခေတ်လယ်တွင် ထင်ရှားသည့် ပညာရှိတစ်ဦးဖြစ်သည်။ ငလက်ရုံးသိုက် (ဟောတမ်း) ဟူ၍ရှိသည်။ သိုက်တက် ငလက်ရုံးဟုလည်း တွင်သည်။ (၁၅၆၁- ၁၆၄၃)။

ငမန်းရဲကျွန်း

ကုလားတန်းမြစ်ဝှမ်းနှင့် ဘင်္ဂလားပင်လယ်အော်တို့ ထိတွေ့ရာ အရပ်ရှိ ကျွန်းငယ် များဖြစ်ကြသည်။ ၁၉၆၈ ခု လေမုန်တိုင်းကြီးတွင် အသေအပျောက်အများဆုံးခံရသည့် ဒေသဖြစ်သည်။ ကျွန်းတွင် ရွာ ၁၅ ရွာရှိသည်။

ငမည်

ပျာသတ်ဆရာ ရာဇ၀င်ခေါ် ရခိုင်ရာဇ၀င်ကို ၁၈၄၈ ခုနှစ်တွင် ရေးသားခဲ့သော ဆေးဆ ရာတစ်ဦးဖြစ်သည်။

ငပြီကျွန်း

ကုလားတန်မြစ်ဝရှိ တစ်ခုတည်းသော မြေနုကျွန်းကြီးဖြစ်သည်။

ငပလီ

မြန်မာနိုင်ငံတွင် အထင်ရှားဆုံးသော ပင်လယ်ကမ်းခြေ အပန်းဖြေ စခန်းဖြစ်သည်။ သံတွဲ မြို့မှ အနောက်ဘက် ၄ မိုင်ခွဲ ဝေးသည်။ ကမ်းခြေသည် ၅ မိုင်မျှ ရှည်သည်။ ကမ်းခြေတွင် ခရုခွံသဲများရှိ ခြင်း၊ ကမ်းဦးရေတိမ်ခြင်း၊ ရေသတ္တ၀ါဆိုးများ ကင်းခြင်း ၊ ရေကြည်လင်ခြင်းတို့ကြောင့် ထင်ရှားသည်။ သင်္ကြန်ကာလတွင် အစည်ကားဆုံးဖြစ်သည်။

ငဆဒ္ဒန်

ဓည၀တီခေတ် မတိုင်မှီက ဝေသာလီပြည်ကို ဖျက်စီးခဲ့သော ရက္ခိုသ်တို့၏ ခေါင်းဆောင်ဖြစ်သည်။ ရာဇ၀င်၌ လူသားစားဘီလူးဟုဖော်ပြသည်။ ငဆဒ္ဒန်ညီအစ်ကိုတို့သည် သက်မင်း ကြီး၏ သမီး ဣန္ဒမာလာနှင့် ကျေးကျွန်တစ်ဦး၏ သားသမီးများဖြစ်ကြသည်။ မာရယုက နှိမ်နင်းသဖြင့် နိဂုံး ချုပ်သွားကြသည်။

ငစွေအက

ငကုသလယိမ်းသဖွယ် ထွင်ခဲ့သော အကဖြစ်သည်။ အင်္ဂလိပ်ခေတ်က တစ်ဦးတည်း ဟောပြောကပြသည့် အကဖြစ်သည်။ ကျေးလက်စရိုက်၊ ဟာသ၊ ဗဟုသုတနှင့် အတိတ် တဘောင်တို့ကို ထည့်သွင်းကပြသဖြင့် လူကြိုက်များလာခဲ့သည်။

နရပတိကြီး

ငကုသလ

ဂွမြို့

ရခိုင်ပြည်နယ် တောင်ဘက်အဆုံး နယ်ခြားမျဉ်းမှ ၁၂ မိုင်အကွာတွင် တည်ရှိသည်။ ၁၈၇၄ ခုနှစ်တွင် မြို့ဖြစ်လာသည်။ ချောင်းခွ၊ မြစ်ခွ တွင်ရှိ၍ မြို့အမည်တွင်သည်။ သံတွဲသို့ ကားလမ်း ၈၃ မိုင်ရှိသည်။ ဧရာဝတီတိုင်းသို့ ကားလမ်းခရီး ပို၍ လွယ်ကူသည်။ မြို့ဧရိယာမှာ ၈၈၅ စတုရန်းမိုင် ရှိသည်။ တောတောင်ထူတပ်ပြီး ကမ်းမြောင်လွင်ပြင် ကျဉ်းသည်။ ဂွနယ်တွင် ဇီးဇောင်းတောင် (၁၈၆၈ ပေ) သည် အမြင့်ဆုံးဖြစ်သည်။ လူဦးရေ ၅၀၀၀၀ ကျော်ရှိသည်။ ရပ်ဝေးတွင် အခြေစိုက်သူများကြောင့် လူဦးရေတိုး နှုန်း နှေးကွေးသည်။ လယ်ယာ ဥယျာဉ် စိုက်ပျိုးခြင်းနှင့် ငါးဖမ်းခြင်းတို့မှာ ထင်ရှားသည်။ ဂွနယ်သည် ၁၈၅၃ မှ ၁၈၄၆ ခုနှစ်အထိ ဧရာဝတီဒေသ ပုသိမ်နယ်ထဲသို့ ခေတ္တ ထည့်သွင်းခြင်း ခံခဲ့ရသည်။

ဂန့်ဂေါ

မြေပုံမြို့မှ အရှေ့မြောက်ဘက် ၈ မိုင်အကွာ ရိုးမတောင်ခြေတွင် ရှိသည်။ အနေအထားကောင်းသဖြင့် ကမ္ဘာ့စစ်ကြီး၌ ဂျပန်တပ်မဟာ နှစ်ခုက အခိုင်အမာ တပ်စွဲနေခဲ့သည်။ မဟာ မိတ်တပ်များက ၈ ရက်တိုင်တိုင် ၁၉၄၅ ခုနှစ် ဖေဖေါ်ဝါရီလကုန်အထိ အပြင်းအထန် တိုက်ခိုက်ခဲ့ရသည်။ ဂျပန်တပ်သား ၂၀၀၀ ၊ မဟာမိတ်တပ်သား ၆၀၀ ကျော် ကျဆုံးခဲ့ကြသည်။ ရခိုင်စစ်မျက်နှာတွင် ဂျပန်၏ နောက်ဆုံးခံတပ်ဖြစ်သည်။

ဂန့်ဂါကျွန်း

မြို့ချောင်းကျွန်းတွင် ဆားထုတ်လုပ်မှုဖြင့် ထင်ရှားသည့် အရပ်ဖြစ်သည်။

ဂူဝ

ပုဏ္ဏားကျွန်းမြို့ အရှေ့ဘက် ကုလားတန်မြစ်ဘေးရှိ ကျောက်စွယ်တစ်ခုကို မင်းဘာကြီး နန်းတက်စက ဂူကျောင်းအဖြစ် တည်ခဲ့ခြင်းဖြစ်သည်။ နောက်ခေတ်တွင် ထပ်မံထွင်းထုကြသဖြင့် ယခု ဂူပေါက် ၁၁ ပေါက်ရှိသည်။ အချို့ဂူတွင် တံကဲလက်ရာ ပါရှိသည်။ ဂူဝ မြောက်ဘက်အနီး တောင်ထိပ်တွင် စမြုံ့တော်ဓာတ် စေတီဟောင်းရှိသည်။
ဂေါတုံကရစ်ပြည်။ ။ နောင်တော်မြစ်အရပ်တွင် နဂါး နှစ်မြုပ်သဖြင့် ပျက်စီးခဲ့သော တိုင်းပြည်ဟု အယူ ရှိကြသည်။ ကလိန်တောင်ရှိ ရှင်ရသေ့ကို ပြစ်မှား၍ နဂါးနှစ်မြုပ်ခြင်းဖြစ်သည် ဟူ၏။

ခြုပ်မစီ

အသံထွက် ခမစီ၊ သမက်စီ- ရှု။

ခြိတ်

လေးမြို့မြစ်ညာဘက် လက်ဝဲကမ်းတွင် ယာယီထီးနန်းတည်ခဲ့သည့် မြို့ဖြစ်သည်။ တောင်ချိုင့်ဝှမ်းအရပ်ကို ၂ မိုင်ခန့်ရှည်သော မြေတံတိုင်းကြီးက ကာဆီးထားသည်။ အနောက်ဘက် ၂ နာရီ ခရီးတွင် ဝေသာလီမြို့ဟောင်းရှိသည်။ မင်းဖုန်းစား(၁၁၄၂- ၁၁၄၉)က ပရိမ်ကို စွန့်၍ ခြိတ်ကို တည်ခဲ့သည်။ ခြိတ်မြို့ကြောင့် လေးမြို့ မြစ်ညာမှ ၀င်လာသော သျှမ်းရန်စစ်ကို နိုင်ခဲ့သည်။ မြောက်ဦးဘုရင် ဥဂ္ဂါဗလက ဒုတိယ တစ်ကြိမ် တည်ခဲ့ပြန်သည်။ သို့ရာတွင် ၁၆၅၈ ခုနှစ် မြို့စောင့်တပ် ပုန်ကန်သဖြင့် ခြိတ်မြို့ပျက်စီး လေသည်။

ချင်းပြန်

၁၉ ရာစုအစပိုင်းတွင် ထင်ရှားသည့် ရခိုင်ခေါင်းဆောင်တစ်ဦးဖြစ်သည်။ စိုင်းဒင်မြို့စား ဖြစ်ခဲ့ပြီး မဟုတ်မခံ တော်လှန်သူဖြစ်သည်။ ၁၈၁၁ ခုနှစ်တွင် စစ်တကောင်းတောင်တန်း၌ ကွယ်လွန်သည်။

ဒိုင်းနက်

ချက္ကမခေါ် အနောက်သက်လူမျိုးဖြစ်သည်။ ဘင်္ဂလီစကားတစ်မျိုးကို ပြောဆိုကြသည်။ ရခိုင်တွင် လူဦးရေး ၁၂၀၀၀ ကျော်ရှိသည်။ ဒိုင်းနက်ကြီးမှာ သက်ထောင်တွင် နေကြသည်။

ချိုတမ်

၁၇ ရာစုနောက်ပိုင်းတွင် မြောက်ဦးမြို့တော်သို့ ရောက်ခဲ့သော ဥရောပသား ခရီးသည် ဖြစ်သည်။ သူ၏ မြောက်ဦးမြို့ မြင်ကွင်းကျယ်နှင့် ရခိုင်ဘုရင်တိုင်းခန်းလှည့်လည်ပုံ ပန်းချီတို့မှာ ထင်ရှားသည်။

ချဇားရှီ၊ ဦး

အင်္ဂလိပ်ခေတ်တွင် ထင်ရှားသည့် ရခိုင်ပွဲစားကြီးဖြစ်သည်။ ဘင်္ဂလားနှင့် ရခိုင် ကူးသန်း ရောင်းဝယ်ခဲ့သည်။ အိန္ဒိယရှိ ဗုဒ္ဓသာသနာတော် အကျိုးအတွက် များစွာ အနစ်နာခံ ဆောင်ရွက်ခဲ့သည်။

ခေတ္တသင်

ပဉ္စာမြို့တည်မင်းဖြစ်သည်။ စူဠစန္ဒြား၏ အနွယ်တော်ဝင်ဖြစ်သည်။ ခေတ္တိယ နွယ်ဝင် အကြီးအမှူးဖြစ်၍ ခေတ္တသင်ဟုတွင်သည်။ ထီးနန်းကို ညီတော် စန္ဒသင်အား လွှဲခဲ့သည်။ (နန်းစံ ၈၁၈- ၈၂၈)။

ခေါင်းလောင်းဒူ

တောင်ကုတ်မြစ်ဝရှိ ရေကြောင်းပြ မြစ်လယ် ကျောက်တောင်ဖြစ်သည်။ စေတီတစ်ဆူရှိသည်။

ခမီး

ခမိ ဟုလည်း ခေါ်သည်။ လူ ဟုအဓိပ္ပာယ်ရသည်။ ရခိုင်တွင် ရခိုင်ပြီးလျှင် ဒုတိယအများ ဆုံးလူမျိုးဖြစ်သည်။ မြိုနှင့် ခပ်ဆင်ဆင်တူသည်။ လူဦးရေ သုံးသောင်းကျော်ရှိသည်။ ကျောက်တော်နယ် တွင် အများဆုံးနေကြသည်။ ၁၉ ရာစုမှစ၍ မြေပြန့်သို့ ပြန့်နှံ့လာခဲ့သည်။

ခနင်း ဒင်္ဂါး

သမက်တက် မင်္ဂလာ စားပွဲတွင် ပါရသည့် ရှေးဒင်္ဂါးနှစ်ချပ်ဖြစ်သည်။

ကျိန္တလီ

ကြိမ်သလီ

ကြိမ်တန်းတောင်

ကျောက်တိုက်တာကဲ့သို့ ပစ္စည်းများ ငှားရခဲ့သည်ဟု အယူရှိသော တောင်ဖြစ်သည်။ ပစ္စည်းများကို ကြိမ်တန်းဖြင့် လှန်းထားသည် ဟူ၏။

ကြိမ်ချောင်း

မြို့သစ်ချောင်းရှိ ရွာကြီးဖြစ်သည်။ အနောက်ငယ်ဒေသ၀င် ဖြစ်သည်။ အထက်တန်းကျောင်းရှိသည်။ ဘော်လီဘဇာဟုတွင်ခဲ့သည်။

ကြိမ်ခွေမော်ဂူ

တောင်ရိုးကျွန်းရှိ ကြိမ်ခွေမော်ရွာတွင် မူလက မင်းဘာကြီးတည်ခဲ့သော ကျောက်ဆောင်ဂူကျောင်းဖြစ်သည်။

ကြတ်စင်ကျွန်း

မင်းပြားမြို့၏ တောင်ဘက်အနီးတွင် တောင်မြောက်မိုင် ၂၀ မျှ ရှည်လျားသော ကုန်းတွင်းကျွန်းကြီးမြစ်သည်။ ၁၀၂၉ ပေထိမြင့်သော တောင်တန်းကြီးသည် ကျွန်း၏ အဓိက ကျောရိုးဖြစ် သည်။

ကျွန်းသာယာ

ကွမ်းချောင်းကျွန်း၏ တောင်ဘက်တွင် ကပ်လျက်ရှိသည်။ ၈ မိုင်မျှရှည်ပြီး ၂ မိုင် မျှကျယ်သည်။ တောတောင်ထူထပ်သည်။ တောင်ဘက်ကမ်းခြေသည် နောင်တော် မြစ်ဝ ဖြစ်သည်။

ကျွန်းစိုင်

မြေပုံမြို့မှ တောင်ဘက် ကျောက်ဖြူမြို့အရောက် မိုင် ၄၀ အတွင်းရှိသည့် ကျွန်းတန်းများကို ခေါ်သည်။ မိုင် ၂၀ မျှ ကျယ်၏။ ကမ်းဦးရေ တိမ်ပြီး နွှံထူထပ်သည်။ ကွမ်းချောင်း၊ ကျွန်းသာယာ၊ မိုးသီးနတ်တောင်၊ သလူတောင်၊နော်တော်၊ တန်းခါးရိုးကျွန်းနှင့် နောင်တော်ပင်လယ်(မြစ်) တို့မှာ ထင်ရှားသည်။ ငါးဖမ်းလုပ်ငန်းများရှိသည်။

လေးမြို့မြစ်

ကျွဲကူးမြစ်

ကွမ်းချောင်းကျွန်း

ရခိုင်တွင် စတုတ္ထအကြီးဆုံးကျွန်းဖြစ်သည်။ ကျွန်းစိုင် မြောက်ဖျားတွင်ရှိသည်။ မြေပုံမှ ၄ မိုင်ဝေး၏။ တောင်မြောက် ၁၈ မိုင် တန်းနေပြီး ၆ မိုင်အထိ ကျယ်၏။ တောတောင်ထူသည်။ အမြင့်ဆုံးတောင်သည် ၁၅၈၀ ပေမြင့်သည်။ အဖိုးတန် ကညင်တောများကြောင့် ထင်ရှားသည်။

ကျိန်းတောင်စေတီ

မွေတော်ငါးရပ်ဝင်ဖြစ်သည်။ မင်းပြားမြို့ရှိ ၄၁၅ ပေမြင့်သော တောင်ထိပ်ပေါ် တွင် ကိန်းဝပ်သည်။ ဥာဏ်တော် ၆၀ ပေရှိသည်။ သေလာဂီရိ ဗျာဒိတ်အရ ဇှီဝါဓာတ် ကိန်းဝပ်တော်မူသည်။ ကနဦးပုံတော်မှာ နွားလားဥဿဖ တစ်မော့ အမြင့်ရှိ၏။ သူရိယစက္က က စတင်တည်ခဲ့ပြီး မင်းအဆက်ဆက် ပြုပြင် မွန်းမံခဲ့ကြသည်။ ယခု ခရုချွန်ပုံတော်မှာ ၁၉ ရာစုခေတ် လက်ရာဖြစ်သည်။

ကျိန်းကျွန်း

ယခု မင်းပြားမြို့တည်ရှိရာ ကျိန်းတောင် တစ်ခိုကို ခေါ်ခဲ့သော အမည်ဖြစ်သည်။ လေးဆယ့်လေးကျွန်းဝင်ဖြစ်၏။

ကျိန္တလီချောင်း

သံတွဲတောင်ဘက် မိုင် ၃၀ အကွာတွင်ရှိသည်။ ၅၆ မိုင် ရှည်လျား၍ တောင်နီတောင်(ရိုးမ) မှ မြစ်ဖျားခံသည်။ ပင်လယ်ထဲသို့ စီးဝင်သည်။ ကျိန္တလီတံတားမှာ ပေ ၇၀၀ ရှည် ၏။

ကျိန္တလီ

ကျိန္တလီချောင်းတွင် ရှိသည့် ရွာကြီးဖြစ်သည်။ ၁၈၆၄ မှ ဆယ်နှစ်တိုင် မြို့ဖြစ်ခဲ့သည်။ ရှေးအခါက ကြိမ်သလီဟု တွင်သည်။ အထက်တန်းကျောင်းရှိသည်။

ကျောင်းတောင်

ကုလားပန်ဇင်းချောင်းဖျား အရှေ့ကမ်းတွင် ထင်ရှားသည့် ရွာကြီးဖြစ်သည်။ ဘူးသီးတောင်မှ ၁၀ မိုင်ဝေး၏။ ကျောင်းကန်ဘုရားရှိခဲ့၍ အမည်တွင်သည်။ တောင်ဘဇာဟုလည်း တွင်သည်။

ကျောက်ဖြူမြို့

ရမ်းဗြဲကျွန်း၏ မြောက်ဘက် အစွန်းတွင်ရှိသည်။ အင်္ဂလိပ်တို့က ခရိုင်ရုံးစိုက်ရာ အမ်းမြို့သည် ကျန်းမာရေးနှင့် မညီညွတ်ခြင်း၊ ခရီးအလှမ်းဝေးခြင်းတို့ကြောင့် ၁၈၃၈ ခုတွင် တံငါ ရွာကလေးကို ကျောက်ဖြူမြို့အဖြစ် တည်ခဲ့ကြသည်။ မြို့အမည်မှာ မြို့ဟောင်းအရပ်ရှိ အဖြူရောင် ကျောက်တုံးကြီးနှစ်လုံးကို အစွဲပြုထားသည်။ မြို့ဧရိယာသည် ၆၇၈ စတုရန်းမိုင်ရှိပြီး ကျွန်းစဉ်ရွာများဖြင့် ဖွဲ့စည်းထားသည်။ လူဦးရေ ၁၂၅၀၀၀ ခန့်ရှိသည်။ ရပ်ဝေးသို့ အခြေစိုက်သူများကြောင့် လူဦးရေ တိုးလာမှု နှေးကွေးသည်။ လယ်ယာနှင့် ငါးဖမ်းခြင်းတို့မှာ ပင်မ အလုပ်အကိုင်များဖြစ်ကြသည်။ ကျောက်တလုံးဂူနှင့် ကံ့ကော်တောဘုရားတို့မှာ ထင်ရှားသည်။ ရမ်းဗြဲကို ကားလမ်း ၄၈ မိုင်ဝေးသည်။

ကျောက်ဖြူခရိုင်

ကျောက်ဖြူ၊ ရမ်းဗြဲ၊ မာန်အောင်၊ အမ်းနှင့် မြေပုံနယ်တို့ကို ဖွဲ့စည်းထားသည့် ခရိုင်ဖြစ်သည်။ ယခုမြေပုံ စစ်တွေခရိုင်တွင် ပါသွားသည်။ ၁၉ ရာစုက အမ်းခရိုင်ဟု ရှိခဲ့ပြီး ကျောက်ဖြူမြို့ တည်ပြီးမှ ခရိုင်ရုံးစိုက်ရာအရပ် ရွေ့ခဲ့သည်။ ( ဧရိယ စတုရန်းမိုင် ၃၈၅၄ )

ကျောက်ဖြူကောလိပ်

၁၉၅၄ မှ ၁၉၆၂ ခု အထိ ကျောက်ဖြူမြို့တွင် ဖွင့်လှစ်ထားခဲ့သည့် ဥပစာကော လိပ်ဖြစ်သည်။

ကျောက်ပန်းတောင်း

ကုလားတန်းမြစ်ညာ ပလက်ဝမြို့မှ အရှေ့ဘက် ၁၅ မိုင် အကွာရှိ တောင် စခန်း ဖြစ်သည်။ ပင်လယ်ရေမျက်နှာပြင် အထက် ၃၇၇၃ ပေမြင့်သည်။ ကမ္မရာဇာ ၂၄ နှစ် စိုးစံရာအရပ်ဖြစ်သည်။

ကျောက်နီမော်

ရမ်းဗြဲမြို့အရှေ့ဘက်တွင် ထင်ရှားသည့် ရွာကြီးဖြစ်သည်။ ရေလုပ်ငန်းကြောင့် လူသိများသည်။

ကျောက်တိုက်တာ

အလယ် လေးထောင့် အပေါက်ပါသော ရှေးဟောင်း ကျောက်ချပ်ကြီး ဖြစ်သည်။ ရှေးအခါက ၎င်းထံ ကတိခံ၍ ပစ္စည်းများ ငှားယူကြသော်လည်း နောက်တွင် လူတို့ မရိုးသားကြ သဖြင့် ငှားမရေတော့ကြောင်း အယူရှိကြသည်။

ကျောက်တောင်

ဖဒူကျွန်း အရှေ့ခြမ်းတွင် ထင်ရှားသည့် ရွာကြီးဖြစ်သည်။

ကျောက်တန်းတံတား

စစ်တွေမှ ၁၀ မိုင်အကွာ ရသေ့တောင်သွား ကားလမ်းတွင်ရှိသည်။ ရခိုင်တွင် ပထမဆုံးသော ကြိုးတံတားဖြစ်သည်။ ပေ ၃၄၀ ရှည်ပြီး ၁၉၈၁ ခုနှစ်တွင် ပြီးစီးခဲ့သည်။

ကျောက်တန်း

ရသေ့တောင် မြောက်ဘက် ၈ မိုင်အကွာတွင် ထင်ရှားသည့် ရွာကြီးဖြစ်သည်။

ကျောက်တလုံးဂူ

ကျောက်ဖြူမြို့ရှိ မင်းဘာကြီး တည်ခဲ့သော ဂူဖြစ်သည်။

ကျောက်တော်မြို့

ကုလားတန်မြစ် အနောက်ဘက်ကမ်းတွင် တည်ရှိပြီး မြစ်ဝမှ ၇၅ မိုင်ကွာဝေး သည်။ ရခိုင်နှင့် ချင်းပြည်နယ် တောင်ပိုင်းတို့၏ ကြားခံမြို့ဖြစ်သည်။ မြို့နယ်ဧရိယာမှာ ၆၇၆ စတုရန်းမိုင် ရှိသည်။ လူဦးရေ ၁၆၀၀၀၀ ကျော်ရှိသည်။ ရခိုင်အပြင် ခမီး အများဆုံးနေထိုင်ကြသည်။ စပါးအများဆုံး ထွက်ရှိပြီး ဆေးရွက်ကြီးနှင့် ဆီထွက်သီးနှံများလည်း ဖြစ်ထွန်းသည်။ မြို့တဖက်ကမ်း သေလာဂီရိတောင် ရှိ ကျောက်ကုန်းစေတီတော်ကို အစွဲပြု၍ မြို့အမည် တွင်သည်။ မြောက်ဦးနှင့် မင်းပြားသို့ ကားလမ်းပေါက်သည်။ အရှေ့ဘက် ငါးမိုင်တွင် မဟာမုနိကုန်းနှင့် ဓည၀တီမြို့ဟောင်းတို့မှာ ထင်ရှားကြ သည်။

ကျောက်ကြီး

သံတွဲတောင်ဘက် မိုင် ၂၀ အကွာရှိ ရွာကြီးဖြစ်သည်။

ကျော်ဇားဦး၊ ဦး

တောင်ရင်းကျွန်း ဆားပြင်ရွာမှ ထင်ရှားခဲ့သည့် သာချင်းစာဆိုတစ်ဦးဖြစ်သည်။

ကိတ္တိမ၊ ဦး

မြောက်ဦးမြို့နယ် သရီချောင်းကမ်း ဇာတိဖြစ်သည်။ ရာမာယဏ ကျမ်းကြီးကို မြန်မာပြန်ဆိုခဲ့သည်။ ၁၉၀၃ ခုတွင် ဖွားမြင်သည်။ ကွယ်လွန်သည့်နေ့ကို မသိရချေ။

ကိတ္တိမ၊ ဦး

မင်းပြားနယ်က ရခိုင်ရဟန်းတစ်ပါး ဖြစ်သည်။ မဟာဗောဓို ထုပ္ပတ္တိ ကထာကို ရေးသားခဲ့သည်။

ကိတ္တိ၊ ဦး

ပါးတော်အရပ် မင်းကန်ငခူတောင် ဇာတိ ရဟန်းတစ်ပါးဖြစ်သည်။ အိန္ဒိယ ကြေးမုံကျမ်းကို ၁၉၃၃ ခုနှစ်တွင် ရေးသားထုတ်ဝေခဲ့သည်။ (၁၈၈၈- ၁၉၄၉)

ကမ်းသာယာ

ဂွမြို့မြောက်ဘက် ၁၇ မိုင်အကွာ သာယာချိုင်ရှိ အပန်းဖြေစခန်းဖြစ်သည်။ ၈၁၁၃ ကိုက်မျှ ရှည်သည်။ ၁၉၉၅ ခုနှစ်က ဖွင့်လှစ်ခဲ့သည်။ ရန်ကုန်မှ ၁၇၄ မိုင်ဝေး၏။

ကမ်းထောင့်ကြီး

ကျွန်းစိုင် မြောက်ဘက်ဖျားရှိ ရွာကြီးဖြစ်သည်။ ဒလချောင်းဝ တွင်ရှိသည်။ အထက်တန်းကျောင်းရှိသည်။ မြေပုံမြို့နယ်တွင် ပါဝင်သည်။

ကမ္မရာဇာ

ဒုတိယဓည၀တီမြို့ကို တည်ထောင်သူဖြစ်သည်။ ကုလားတန်မြစ်ညာရှိ ကမ္မရူပ တိုင်းမှ ဘုရင်တစ်ပါးဖြစ်သည်။ ကံရာဇာဟုလည်း တွင်သည်။ (နန်းစံ ဘီစီ ၁၅၀၇ - ၁၄၇၀)

ကန်တော်ကြီး

၁၉၁၁ ခုတွင် စစ်တွေမြို့၌ တူးခဲ့သည့် ကန်ကြီးဖြစ်သည် ဧက ၁၃၀၀ မျှကျယ် သည်။ မြို့အတွက် သောက်သုံးရေ ဖြန့်ဝေပေးသည်။

ကန်စောက်

ယိုးချောင်းဖျားရှိ ရွာကြီးဖြစ်သည်။ အနီးတွင် ရွှီပန်းခိုင်နှင့် ဦးစွန်းတောင်စေတီ များ ကိန်းဝပ်ကြသည်။

ကံသုံးဆင့်မြို့

ဝေသာလီမြို့မတည်မှီက ယာယီနန်းမြို့ဖြစ်သည်။ ဓည၀တီမြို့ဟောင်းမှ တောင်ဘက် ၅ မိုင်ခန့် အကွာတွင် ရှိခဲ့သည်။ ပထမဓည၀တီခေတ်အကုန်တွင်လည်း ကျွန်အမတ် သုံးယောက် အဆင့်ဆင့်မင်းပြုခဲ့သည့် အရပ်ကို ကံသုံးဆင့်မြို့ဟုတွင်ခဲ့သည်။

ကံသာ

မြေပုံမြို့ မြောက်ဘက်တွင် အိုးလုပ်ငန်းကြောင့် ထင်ရှားသည့် ရွာဖြစ်သည်။

ကတ်ထရံလီ

အနောက်မြောက်မှ တိုက်လေဖြစ်သည်။

ကစ္ဆပနဒီ

ကုလားတန်မြစ်၏ ပါဠိအမည်ဖြစ်သည်။ လိပ်ကျောက်ကုန်းသဏ္ဍာန် ကျောက်တုံးကြီးများရှိ၍ အမည်တွင်သည်။

ကင်းမော်

သံတွဲမှ ၆ မိုင်အကွာ သံတွဲမြစ်ဝရှိ ရွာကြီးဖြစ်သည်။ အိုးလုပ်ငန်းရှိသည်။ အထက်တန်းကျောင်းရှိသည်။

ကင်းတောင်

တန်းလွဲချောင်းဖျား လက်ယာကမ်းရှိ ရွာကြီးဖြစ်သည်။ တောင်ကုတ်မှ ၁၅ ဝေး၏။

ကင်းတလင်း

ဥဿလင်းစေတီ အနောက်ဘက်တွင် ထင်ရှားသည့် ကျောက်လမ်းဖြစ်သည်။ စစ်တကောင်းတောင်တန်းသို့ ပေါက်ရောက်သည်။

ကင်းဆရာ

ရမ်းပေါက်ချောင်း အနောက်ကမ်း ကင်းအရပ်မှ ရဟန်းစာဆိုဖြစ်သည်။ အမည်ရင်းမှာ သာချမ်းဦးဘ ခေါ် ဦးစောဦးဖြစ်သည်။ အင်္ဂလိပ်ခေတ်ဦးက ၎င်း၏ ခရီးမှတ်တမ်းသာချင်း ကြောင့်ထင်ရှားသည်။ ၁၈၃၁ ခုနှစ်ဖွားဖြစ်သည်။ ကွန်လွန်နေ့ကို မသိရချေ။

ကိုးသောင်း

ရှေးရခိုင်တွင် ထုထည်အကြီးမားဆုံး ဗိသုကာဖြစ်သည်။ မြောက်ဦးနန်းရာကုန်းမှ အရှေ့တစ်မိုင်အကွာတွင်ရှိသည်။ အရှေ့အနောက် ပေ ၂၃၀ ခန့် ၊ တောင်မြောက် ပေ ၁၂၀ ရှိပြီး ယခု ပေ ၅၀ ခန့် မြင့်သည်။ အလယ်၌ အဋ္ဌဂံပုံစေတီကို ပစ္စယာ ၉ ဆင့်ပါ တံတိုင်းကြီးတို့က သုံးဖက်သုံးတန် ၀ိုင်းရံ ထားပုံဖြစ်သည်။ ပစ္စယာတိုင်း၌ ကျောက်စေတီငယ်များ ကိန်းဝပ်ခဲ့သည်။ တံတိုင်းအောက်တွင် လိုဏ်တစ်ထပ်ပါရှိပြီး နံရံရုပ်ကြွများ ထုဆစ်ထားသည်။ ကုသိုလ်ရှင် မင်းတိက္ခာ(၁၅၅၃- ၁၅၅၅) က နန်းတက်၍ ခြောက်လအတွင်း တည်ထားခဲ့ခြင်း ဖြစ်သည်။ နောင်ပွင့်မည့် ဘုရားပေါင်း ကိုးသောင်းကို ရည်မှန်းသဖြင့် ကိုးသောင်းဟု အမည်တွင်သည်။

ကိုယ်ရံကြီး

ရခိုင်နန်းတွင်းအမတ် လေးတိုင်ဝင်ဖြစ်သည်။ ပြည်ထိန်းအမတ်တစ်ဦးဖြစ်သည်။ အမြဲတမ်း စစ်တပ်(ကိုယ်ရံတပ်) ၏ အကြီးအမှူးဖြစ်သည်။

ကောလိစ်၊ မောရိစ်

နှစ်ဆယ်ရာစုအဦးပိုင်းတွင် ရခိုင်သမိုင်းသုတေသနများကို ရေးသားခဲ့သူ စကော့လူမျိုး ဗြိတိသျှ အရေးပိုင် တစ်ဦးဖြစ်သည်။ စစ်တွေတွင် တာဝန်ကျခဲ့ပြီး ဦးစံရွှေဖူးနှင့် တွဲဖက်သုတေ သနပြုခဲ့သည်။

ကောလိယ

လေးမြို့ခေတ်တွင် ဘုန်းတန်းခိုးတောက်သည့် မင်းတစ်ပါးဖြစ်သည်။ မဟာထီး၏ ကုသိုလ်ရှင်ဖြစ်ပြီး ကြီးကျယ်သော အလှူကို ပေးနိုင်ခဲ့သည်။ (နန်းစံ ၁၁၁၈ - ၁၁၂၃)။

ကူတော်ဂူကျောင်း

ပေ ၅၀ မျှ မြင့်သည့် ကျောက်တောင်ကြီး၏ တောင်ကလပ်ကို ဂူကျောင်းကြီးအဖြစ် ထွင်းထုထားသော ရခိုင်ရှေးဟောင်းလက်ရာ တစ်ခုဖြစ်သည်။ မစဲကျွန်းတွင်ရှိသည်။ ဂူမျက်နှာစာတွင် ပန်းနွယ် ပန်းခက်များ၊ ကျေးငှက်များပုံနှင့် လူနတ်၊ ဗြဟ္မာတို့က ပူဇော်နေကြဟန် ထုဆစ် ထားသည်။ ဂူထဲရှိ ဂူကျောင်း သုံးကျောင်းသည် ၄၅ ပေမျှရှည်ပြီး ဆင်းတုတော် ၃၁ ဆူ ကိန်းဝပ်ကြသည်။ မြောက်ဘက်ဂူမှာ ဘုံပိတ် မျက်နှာကြက်နှင့် နံရံကပ်ကျောက်တိုင် သရုပ်ဖော်ပုံများပါရှိသည်။ ကုသိုလ်ရှင် မင်းဘာကြီးက ၁၅၃၁ ခုတွင် တည်ခဲ့သည်။ ဤဂူသည် စိတ္တရလင်္ကာလက်သမားနှင့်လည်း ဆက်စပ်မှုရှိနေ သည်။

ကုလားပြင်

ဂွမြို့မြောက်ဘက် မိုင် ၃၀ ခန့်တွင် ရှိသည့် ရွာကြီးဖြစ်သည်။

ကုလားမနိုင် ရခိုင်မေး

နယ်ချင်းစပ်နေသော ကုလားတို့၏ အမူအကျင့်ကို ရခိုင်တို့က ပို၍ သိကြောင်းဆိုလိုသည်။ အရေးမှားကြသဖြင့် မေးသည် မဲ ဟုဖြစ်သွားက အဓိပ္ပာယ်လွဲသွားကြသည်။

ကုလားပန်ဇင်းချောင်း

မယူမြစ်ညာသို့ မြောက်ဘက်မှ အဓိက စီဝင်သည့် ချောင်းဖြစ်သည်။ အနောက်ဘက်ကမ်း၌ ဘူးသီးတောင် မြို့ ရှိ၏။

ကုလားတန်မြစ်

ရခိုင်ပြည်တွင် အသုံးဝင်ဆုံးမြစ်ဖြစ်သည်။ အိန္ဒိယနိုင်ငံ ချယ်လတီတလန်တောင် မှမြစ်ဖျားခံ၍ စစ်တွေမြို့အနီး ဘင်္ဂလားပင်ထဲသို့စီးဝင်သည်။ မိုင် ၂၂၀ မျှ ရှိသည်။ မိုင် ၁၅၀ ခန့်ထိ သင်္ဘော များသွားလာနိုင်သည်။ မြစ်ဝမြေနုကျွန်းပေါ်အရပ်သည် မိုင် ၇၀ မျှ ရှည်ပြီး ရခိုင် စပါးကျီအဖြစ်ထင်ရှား သည်။ ဤအရပ်တွင် စစ်တွေ၊ ပုဏ္ဏာကျွန်း၊ ကျောက်တော်၊ မြောက်ဦး နှင့် ပေါက်တောမြို့များရှိကြ သည်။ မြစ်ညာတွင် ရခိုင်တောင်တန်းဒေသ ပလက်ဝနယ်ရှိသည်။ အကြေအရပ်တွင် တစ်နှစ်လျှင် အနည်းဆုံး ရေလျှံတတ်သည်။ မြစ်အမည်မှာ ကုလ + ဌာန ခေါ် ရခိုင်ရပ်ရင်းရှိ မြစ်ဟု အဓိပ္ပာယ်ရသည်။ ပါဠိလို ကစ္ဆပနဒီ ဟူ၏။ ဤလွင်ပြင်၌ ဓည၀တီ၊ ဝေသာလီနှင့် မြောက်ဦးမြို့တော်ဟောင်းများ ထွန်းကားခဲ့သည်။


ကုလားတန်

ကုလားတန်မြစ် အနောက်ကမ်းတွင် ရခိုင်ပြည်နယ် အဆုံး၌ တည်ရှိသည်။ တင်းမ ဟုလည်းခေါ်သည်။ ကုလားတန်ရွာဟူ၍ ကုလားတန်မြစ်ညာ၌ ရှိသေးသည်။

ကာထီး၊ ဦး

အင်္ဂလိပ်ခေတ်ဦးက ရမ်းဗြဲမြို့ဝန်ဖြစ်သည်။ ဦးကာဒီလည်း တွင်၏။

က၀ိကျော်

ဒဿရာဇာလက်ထက် ထင်ရှားသည့် အမတ်ကြီးဖြစ်သည်။ ဘိသိက်ခံရန် လျှောက်ထား စာရတုကို ရေးစပ်ခဲ့သည်။

ကလိန်တောင်မြစ်

ရမ်းဗြဲကျွန်းနှင့် ရိုးမတောင်ခြေကြား မြောက်မှ တောင်သို့စီးကာ ဘင်္ဂလားပင်လယ်အော်သို့ စီးဝင်သည်။ မိုင် ၃၀ ခန့်ရှည်သည်။ မြစ်ဝမှာ ၁၅ မိုင်မျှ ကျယ်၏။ မြစ်ညာအရပ် သည် ၀မ်ပိုက်တော မြစ်သည်။ မြစ်ဝ အရှေ့ကမ်းတွင် ၅၉၆ ပေမြင့်သော တောင်၌ တန်းခိုး ဣဒ္ဓိပါဒ် နှင့် ပြည့်စုံသော ကလိင်္ဂ ရှင်ရသေ့ သီးတင်းသုံးခဲ့၍ မြစ်အမည်တွင်သည်။ ဤတောင်မှ အရှေ့ဘက် ၁၂ မိုင်အကွာတွင် တောင်ကုတ်မြို့ရှိသည်။ မအီ၊ လမု၊ တန်းလွဲချောင်းတို့သည် ဤမြစ်ထဲသို့ စီးဝင်သည်။

ကလန်ကြမ်းတောင်

ရမ်းပေါက်ချောင်းဝမှ ခုနှစ်မိုင်အကွာ မြစ်ကမ်းဘေးတွင်ရှိသည်။ တောင် ထီးထီးကြီး ဖြစ်ပြီး အရှေ့အနောက် နှစ်မိုင်မျှသာ ရှိ၏။ တောင်နံရံ မတ်စောက်သည်။ တောင်ထိပ်ပြင်ညီ တွင် စိုက်ခင်းရှိသည်။ တောင်စောင့်နတ်မသည် ရခိုင်တောင်ပိုင်းကို စောင့်ခဲ့သည် ဟူ၏။ စစ်ရေးအရ အချက်အချာကျခဲ့ပြီး နက္ခတ်စင်တော် တစ်ခု ရှိခဲ့ဖူးသည်။

ကလူတတ်

ဥပဒေရေးရာ၊ စကားရေးရာ၌ ကျွမ်းကျင်သူဖြစ်သည်။ ကာလုံတတ်လည်းဟူ၏ ။

ကမား

မာန်အောင်မြို့မှ ၁၄ မိုင်အကွာ ကျွန်းအနောက်ကမ်းခြေရှိ ထင်ရှားသည့် ရွာကြီးဖြစ်သည်။

ကမချ

ရခိုင် သင်ပုန်းကြီးတွင် အသတ်မပါသည့် မူလ သရရေးနည်းဖြစ်သည်။

ကတညှတကုန်း

မဟာမုနိကုန်းတော်၏ အမည်တစ်ခုဖြစ်သည်။ ကျေးဇူးသိတတ်သော ကုန်းဟု အဓိပ္ပာယ်ရသည်။

ဦးခိုင်လင်း (မောင်မြန်မာခိုင်လင်း)

နာမည်။ ။ ဦးခိုင်လင်း (မောင်မြန်မာခိုင်လင်း)
အသက်။ ။ ၄၆ နှစ်
မွီးရပ်မြီ။ ။ နဂါးမောက်အောက်ရွာ၊ ရသေ့တောင်မြို့နယ်၊ ရခိုင်ပြည်။
ကျော်ကြားမှုများ။ ။ ၁၉၉၅ ခုနှစ်က စင်ကာပူနိုင်ငံမှာ ကျင်းပတဲ့ ပထမအကြိမ် အရှေ့တောင်အာရှကာယဗလ တံခွန်စိုက်ပြိုင်ပွဲကြီးမှာ ကီလို ၈၀ တန်း မှာ ပထမရွှေတံဆိပ်နဲ့ ရန်ကုန်မြို့မှာ ကျင်းပတဲ့ မောင်မြန်မာပြိုင်ပွဲမှာ မောင်မြန်မာ ပထမဆု ဆွတ်ခူးခဲ့ပါတယ်။ ၁၉၉၆ခုနှစ်က ရန်ကုန်မြို့ သုဝဏ္ဏ အားကစားကွင်းမှာ ပြုလုပ်တဲ့ ဒုတိယ အကြိမ် အရှေ့တောင်အာရှ ကာယဗလတံခွန်စိုက် ပြိုင်ပွဲကြီးမှာ ကီလို ၉၀ တန်း ဒုတိယ၊ ၁၉၉၇ ခုနှစ် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ ကျင်းပတဲ့ SEA Game ပြိုင်ပွဲကြီးမ ကီလို ၉၀ အထက် တန်း၌ တတိယကြေးတံဆိပ်နဲ့ ရန်ကုန်မြို့မှာ ကျင်းပတဲ့ မောင်မြန်မာပြိုင်ပွဲမှာ ဒုတိယအကြိမ် မြောက် မောင်မြန်မာဆုကြီးကို ထပ်ဆင့်ရရှိခဲ့ပြီး ထိုင်းနိုင်ငံမှာ ကျင်းပတဲ့ အရှေ့တောင်အာရှ ကာယဗလတံခွန်စိုက်ပြိုင်ပွဲကြီးမှာလည်း ကီလို ၉၀ တန်း၌ တတိယရရှိခဲ့ပါတယ်။ ၁၉၉၃ ခုနှစ်ကစပြီး ၂၀၀၆ခုနှစ်အထိ ၀င်ရောက် ယှဉ်ပြိုင်ခဲ့တဲ့ တပ်မ တော်(ကြည်း၊ ရေ၊ လေ)မောင်ပြိုင်ပွဲများမှာလည်း တပ်မတော်မောင် ၁၃ ကြိမ်တိုင်တိုင် ပထမ ဆု ရွှေတံဆိပ်ချည်း ဆွတ်ခူး ရရှိခဲ့ပါတယ်၊လက်ရှိ မြန်မာနိုင်ငံကာယဗလနှင့် ကာယအလှအဖွဲ့ချုပ်က ကြီးမှူးကျင်းခဲ့သည့် ၂၀၀၉ခုနှစ် မောင်မြန်မာ ၊ မယ်မြန်မာ ပြိုင်ပွဲကြီး၌ မောင်မြန်မာပထမဆုကိုခိုင်လင်းက ဆွတ်ခူးရရှိခဲ့သည်။

ပဒေသရာဇ်ခေတ် ရခိုင်ပြည်

နိုင်ငံရေးပညာ

ဗမာမှုပြုခြင်း

ရခိုင်ကုန်းပြိုင်လောင်းပွဲအကြောင်း

* (ရခိုင်အရေးအသားများဖြစ်၍ မြန်မာလို စီလျော်အောင် ပြင်ပေးစေခြင်သည်။)

ပြိုင်လောင်းဟုပြောလျှင် အကျွန်ုပ်ရို့ရခိုင်သားများ ရီကိုပြီးမြင်ကတ်လိမ့်မည်။ အခု အကျွန်ရွီးမည့်ပြိုင်လောင်းအကြောင်းသည် ရီတွင်ပြိုင်ခြင်းမဟုတ်၊ ကုန်ထက်တွင် ထူးထူးဆန်းဆန်း ပြိုင်ခြင်းဖြစ်ပါသည်။ အကျွန်ဘ၀တသက်တွင် တခါရာ မြင်ဖူးပါသည်။ အကျွန်အသက် (၁၂) အရွယ်ခန့်တွင်ဖြစ်ပါသည်။ ပေါက်တောတွင် လိုင်ရိုးတော်ဓာတ်စေတီပွဲ ကျင့်ပသည်။ ထိုဘုရားပွဲကို နှစ်စဉ်နှစ်တိုင်းကျင့်ပ၍ စည်လည်းကကောင်းစည်ပါသည်။

လူပေါင်းထောင်သောင်းများစွာ ပါဝင်ဆင်နွဲကတ်ပါသည်။ ထိုပွဲတွင် ရခိုင်ရိုးရာယဉ်ကျေးမှုအဖုံဖုံ၊ အက၊ အားကစပ်၊ ခရမ်းသီးဇာတ် ယင်းပိုင်အစုံပါသည်။ အကျွန် ယင်းပြိုင်လောင်းအကြာင်း အသက် (၁၂) အရွယ်ခန့်ဖြစ်၍ လုံးစိပတ်စိမမှတ်မိပါ။ ယေကေလည်း မှတ်မိသလောက်တင်ပြလားပါမည်။

ယင်းကုန်းပြိုင်လောင်းကို ပုံဖော်ရာတွင် ပုတ်၊ ဖျာ (၀ါ) ရိုင်လိပ်များကို လောင်းပုံပိုင် ဓားနှင့်ပိုင်းဖြတ်ပုံဖော်ရသည်။ အားကောင်းမောင်းသန်၊ ဖျတ်လတ်သော လောင်းလှော်သားများက ဘေးတဖတ်တချက်တွင် ထိုလောင်းပုံဖော်ထားသော ပုတ်၊ ဖျာ (၀ါ) ရိုင်လိပ်များကို ၀ါး (သို့မဟုတ်) သစ်သားဒဂုံများနှင့် ပူးချိုင်ရသည်။ ဒဂုံကွင်များမှာ တခုနှင့်တခု အကွာအ၀ီး (၁) ပေ (၇) လက်မလောက် အကွာဟိသည်။ လောင်းလှော်သားများသည် ဒဂုံကွင်းများအလယ်တွင် ရပ်လျှက်အနီထားဖြင့် ကုန်းပြိုင်လောင်းအား ခိုင်မာသောကြိုးများဖြင့် ပက်ခုံးထက်တွင် ထမ်းတင်ထားရပါသည်။

လောင်းတလောင်းတွင်ဦးရေ (၁၅) ယောက်မှ (၁၇) ယောက်ထိပါဝင်သည်။ အ၀ီးကကြည့်မည်ဆိုပါ အလွန်လှပခန့်ငြားသော ကုန်းပြိုင်လောင်းကြီးကိုမြင်နိုင်သည်။ ပြိုင်လောင်း၏ပြင်ဘက်နံများကိုလည်း ပန်းချီအလှများဖြင့် ပုံဖော်ထားပါသည်။ လောင်းလှောင်းသားများအနီထားမှာ ရီပြိုင်လောင်းပိုင် အတူတူဖြစ်သည်။

လောင်းလှော်သားများသည် သူရို့၏လှော်တက်များကို အားမာန်အပြည့်ဖြင့် ကိုင်ထားကတ်ရသည်။ ပြိုင်ပွဲဝင်အသင်းများသည် တာမထွက်မှီ တစင်းနှင့်တစင်းပြိုင်တူရပ်လျှက် ဒိုင်လူကြီးအချက်ပီး ပုလီသံကို စောင့်နီကတ်ရသည်။ ရီပြိုင်လောင်းနှင့် စည်ကမ်းချက်များအတူတူဖြစ်သည်။ ပုလီအချက်ပီးသံကြားလျှင်ကြားချင်း ပန်းတိုင်သို့ အယင်ဆုံးရောက်ရန် လှော်တက်များကိုလှော်၍ ပြိုင်တူပြီးကတ်ရပါသည်။ အေကုန်းပြိုင်လောင်းပွဲကြည့်ရသည်မှာ ရယ်ဖို့ပျော်ဖို့ကောင်းရေပိုင် အားပါဖို့လည်း ကကောင်းကောင်းပါသည်။ ကုန်းပြိုင်လောင်းသည် ရီပြိုင်လောင်းထက် အဆတရာခက်ခဲသိမ်မွိမည်ဟု အကျွန်ထင်သည်။ ကုန်းပြိုင်လောင်းတွင် အတိုင်ဖောက် ကကောင်းညီရန်လိုပြီး လောင်းလှော်သားအချင်းချင်း အဟုန်အတူတူပြီးရန် ကကောင်းအရေးကြီးပါသည်။ မဟုတ်ပါက တစင်းလုံး ဂြမ်းဂြမ်းပြို လဲကျမည်ဖြစ်သည်။

ပန်းတိုင်သို့ စပြီးရာတွင် လှော်တက်များကိုလည်း တပါတည်းလှော်ရသဖြင့် Balanced ဖြစ်ဖို့ ကကောင်းခက်ခဲသောအလုပ်ဖြစ်သည်။ အကျွန့်ရှိတွင်ပင် တချို့သောလောင်းများ ဂြမ်းဂြမ်းပြို လဲကျကတ်ပါသည်။ အကျွန်သည် အချေဘာသာဘာဝအလျှောက် အူပိန်အောင်ရယ်မိပါသည်။ အသင်း တသင်းနှင့်တသင်းလည်း မနာနာအောင် သံကျပ်ထိုးပါသည်။ ရခိုင်ရိုးရာ ကုန်ပြိုင်းလောင်းပြိုင်ပွဲမျိုးသည် ကမ္ဘာ့မည်သည့်နီရာတွင်လည်း ရှာတွိနိုင်မည်မဟုတ်ပါ။ ရခိုင်ပြည်တွင်လည်း ပျောက်ကွယ်လားယာဟုထင်ပါသည်။

ယင်းပိုင်ချစ်ဖို့ကောင်းသော၊ သိမ်မွိနက်နဲသော ရခိုင်ရိုးရာယဉ်ကျေးမှုအမွီနှစ်များအား ထိမ်းသိမ်းဖော်ထုတ်ကတ်ပါရန် ရခိုင်တမျိုးသားလုံး ကြိုးပမ်းကတ်စီချင်ပါသည်။
http://wikimyanmar.co.cc

ပန်းရထားဆွဲပွဲ

သမိုင်းအကျဉ်း

ဗုဒ္ဓရှင်တော် ဂေါတမမြတ်စွာဘုရားရှင် ခမည်းတော်မှာ ကပိလ၀တ်ပြည်ရှင် သုဒ္ဓေါဒနမင်း ဖြစ်ပြီး မယ်တော်မာယာမှာ ဒေ၀ဒဟတိုင်းပြည်သူဖြစ်သည်။ မယ်တော်မာယာမှာ ဗုဒ္ဓလောင်းလျာအား ပဋိသန္ဓေယူချိန်၌ မိမိဇာတိမြေ ဒေ၀ဒဟပြည်သို့ ပဋိသန္ဓေအမှန်ရှိနေကြောင်းသက်သေပြရန်ပြန်လာစဉ် လမ်းခရီးဝက် တိုင်းပြည်နှစ်ပြည်ကြား ``လုမ္ဗိနီတော´´ရှိ ဗုဒ္ဓလောင်းလျာ သိဒ္ဓတ္ထမင်းသားအား ဖွားသန့်စင်တော်မူပြီး နောက်ခုနစ်ရက်နေ့တွင် လွန်တော်မူသည်။ ထိုစဉ် ကပိလ၀တ်တိုင်းနှင့် ဒေ၀ဒဟတိုင်း နှစ်ပြည်ထောင်သားအပေါင်းတို့မှာ မယ်တော် မာယာ အကြွင်းအကျန် ရုပ်ကလာပ်တော်ကို သင်္ဂြိုဟ်တာဝန်ယူလိုသည့် တစ်ပြည်နှင့်တစ်ပြည် အငြင်းပွားဖွယ်ဖြစ်လာပါသည်။ သို့ဖြစ်ပါ၍ မယ်တော်မာယာ၏ ကြွင်းကျန်ရုပ်ကလာပ်တော်ကို ပန်းယိုင်ရထားဆင်ပြီး နှစ်ပြည်ထောင်သားအပေါင်းတို့က အပြိုင်ဆွဲကာ ဆုံးဖြတ်ခဲ့ရကြောင်း သိရပါသည်။

ရခိုင်ရိုးရာ ရထားဆွဲပွဲအစ

သက္ကရာဇ် (၈၇၈) ခုနှစ် မြောက်ဦးနန်းတက်စိုးစံ ဘုရင်မင်းဘာ လက်ထက်၌ မဟာပညာ ကျော်နှင့် ဦးမြ၀ါ (သျှင်ငယ်မြ၀ါ) ကဲ့သို့ ပညာရှိများနှင့် လောကီပညာရှင်များ ပေါ်ထွန်းခဲ့ ကြောင်း သိရသည်။ ဦးမြ၀ါ (သျှင်ငယ်မြ၀ါ) မှာ ဘုရင့်တိုင်းပြည်ရေးရာကို လောကီပညာဖြင့် ကူညီထမ်းဆောင်နေသူအဖြစ် ထင်ရှားသည်။ တစ်ခါသော် သျှင်ငယ်မြ၀ါသည် တိုင်းပြည်ရှေ့ရေးအတိတ်နိမိတ် မကောင်းခြင်းကို မြင်ရာ မင်းဘာဘုရင်ထံ သွားရောက်ပြီး ကြာသပတေးရက်သားရှင်တစ်ဦး၏ ရင်ကိုခွဲ၊ အူကို ထုတ်ကာ ၎င်းလဲကျကွယ်လွန်ရာနေရာတွင်သာ မြုပ်နှံရန် လျှောက်တင်သည်။ ထိုစဉ်လောကီ ပညာရှင်ဦးမြ၀ါမှာ ကြာသပတေးရက်သားဖြစ်ပြီး မိမိ၏ရင်ကိုခွဲကာ အူကိုထုတ်၍ နန်းတော်အား ပတ်စဉ် ယုတ်ညံ့သောအရပ်၌ လဲကျကွယ်လွန်ခဲ့ကြောင်း သိရသည်။ ထိုသို့ မျိုးချစ်တိုင်းပြည်ရတနာဖြစ်သူအား ဘုရင်က ယုတ်နိမ့်အရပ်တွင် မမြုပ်စေဘဲ မြင့်မြတ်အရပ်၌သာ မြုပ်နှံစေရာ ပြည်သူအပေါင်းနှင့် သဘောထားကွဲလွဲပြီး သျှင်ငယ်မြ၀ါ၏ ကြွင်းကျန်ရုပ်အလောင်းအား ပန်းရထားပေါ်တွင်တင်ပြီး ပြည်သူတစ်ဘက်၊ ဘုရင်ဖက်တော်သားတို့က တစ်ဘက်၊ သူ့ဘက်ကိုယ့်ဘက် အနိုင်ရရှိစေရန် အပြိုင်ဆွဲခဲ့ကြ ကြောင်း သမိုင်းအရ သိရှိရပါသည်။ ထိုအချိန်မှစတင်ကာ လောကီပညာရှင် သျှင်ငယ် ဦးမြ၀ါအား ဂုဏ်ပြုပြီး နှစ်စဉ်နှစ်တိုင်း တပို့တွဲလ ရောက်တိုင်း ရထားဆွဲပွဲ ကျင်းပကြခြင်းဖြစ်ပါသည်။

ကုံရာသီ တပို့တွဲ ရထားဆွဲ

တစ်နှစ်လုံး၏ ဆောင်းရာသီ တစ်လတည်း၌သာ ရထားဆွဲပွဲကို ကျင်းပသည်။ တောင်သူလယ်သမားများနှင့် ပြည်သူအပေါင်း စပါးရိတ်ပြီးချိန် ငွေရွှင်ချိန်နှင့် ရှေ့လာမည့်နှစ်တွင် ရာသီဥတုကောင်းမွန်စေရန်နှင့် စပါးဆန်ရေပေါများစေရန် ရည်ရွယ်၍လည်း တပို့တွဲလတွင် ရထားဆွဲကြကြောင်း စာဆိုသုတေသီအပေါင်းက ဆိုသည်။ မြောက်ဦးခေတ်က အစပျိုးကာ ဗြိတိသျှခေတ်နှင့် ဒုတိယကမ္ဘာစစ်နှောင်းပိုင်းတွင်လည်း စဉ်ဆက်မပြတ် ရထားဆွဲပွဲကို ရခိုင်ဒေသအသီးသီးတွင် ကျင်းပခဲ့ကြကြောင်း သိရသည်။ ယနေ့ အချိန်အခါတွင် နှစ်စဉ်နှစ်တိုင်း ရထားပွဲကို ကျင်းပသော်လည်း စစ်တွေမြို့တွင် လွန်ခဲ့သောနှစ်ပေါင်း (၄၀) ခန့်ကပင် ရထားဆွဲပွဲ မကျင်းပခဲ့ကြောင်း သိရပါသည်။ ရထားဆွဲရန် သစ်သားဘောင်ကို ခိုင်ခန့်အောင် လုပ်ပြီး သစ်သားဘီးများဖြင့် တွဲဆက်ကာ ရထားအလယ်၌ ၀ါးညွှန့်ပင်ကို စိုက်ထူကာ ရထားတစ်ဘက်တစ်ချက်၌ ကြိုးဖြင့် ဆွဲကြသည်။ ရပ်ကွက်အသီးသီးမှ တစ်ဘက်နှင့်တစ်ဘက် အပြိုင်ဆွဲ (သံကျိပ်) သံချပ်ထိုးကြ သည်။ ညီညွတ်စုပေါင်းခွန်အားနှင့် အားကစားစိတ်ဓာတ်၊ မိသားစုစိတ်ဓာတ်ကို အခြေခံကာ ယှဉ်ပြိုင်ကြသည်။

ရှေးနှစ်ပေါင်းများစွာကပင် ရထားဆွဲပွဲကို တပို့တွဲလဆန်းတွင် ဆွဲကြပြီး တပို့တွဲလပြည့်ည ရောက်တိုင်း ရထားကို အနိုင်ရသည့်ဘက်က မီးရှို့လေ့ရှိကြသည်။ ရခိုင်ရိုးရာ ရထားဆွပြွဲကို ကျင်းပသည့်ရပ်ကွက်သည် (၃) နှစ်ဆက်တိုက် ကျင်းပရသည့် ဓလေ့ရှိကြောင်း သိရသည်။ သို့ဖြစ်ပါ၍ ရခိုင်ရိုးရာအစဉ်အလာပွဲတော်တစ်ခုဖြစ်သည့် မပျောက်ကွယ်ရလေအောင် ထိန်းသိမ်းရင်း ရထားဆွဲပွဲ ပါဝင်ဆင်နွှဲပါရန် ဖိတ်ခေါ်လိုက်ရပါသည်။

ပြန်လည်ဖော်ထုတ်မှု

၂၀၀၉ ခုနှစ်၊ မိဇံရပ်ကွက်၊ ရခိုင်ရိုးရာ ရထားပွဲကျင်းပရေးကော်မတီအနေဖြင့် နှစ် (၄၀) မျှ ပျောက်ဆုံးနေသည့် ရထားဆွဲပွဲအား အသက် (၆၅) နှစ်အထက် မိမိကိုယ်တိုင် ပါဝင်ခဲ့ဖူးသူ အသက်ကြီးသူများ၊ အသက် (၉၃) နှစ် အထက်ရှိသူများအား သဘာပတိ (၉) ဦး တင်မြှောက် လျက် သက်ဆိုင်ရာ မိဇံရပ်ကွက်လူကြီးလူငယ်များ မြို့ပေါ်စေတနာရှင်များအပါအ၀င် ဖွဲ့စည်းထားပါသည်။

ဖိတ်ခေါ်သံချပ်

* မောင်ရို့ ၊ မယ်ရို့ - လေး-လေး-လေး-လေး

ချမ်းရေကြက်တေ ၊ အိမ်မှာနီလို့
ပုဆိုးခြုံဗျာ ၊ ကုပ်ပီးကေ
မီးလှုံဗနာ ၊ ဆောင့်ကြောင့်ထိုင်လို့
ထိုစကား၊ ဒေစကား ၊ ပြောနီလာ
တပို့တွဲလမှာ ၊ ရထားပွဲ
ချမ်းစွာတိကို ၊ ဘေးဖယ်ထား
ချွေးထွက်သံယို ၊ ရထားဆွဲဖို့
အားလုံးလာလတ် ၊ ဖိတ်ခေါ်ရေ ။
ရိုးရာစိုင်လာ ၊ မမိန့်ကောင်း
ထိန်းသိမ်းဂတ်မေ ၊ ရခိုင်သားရို့
ထိန်းသိမ်းဂတ်မေ ၊ ရခိုင်သားရို့
(မောင်ရို့ - မောင်ရို့ - လေး-လေး-လေး-လေး)၂

* ရာသီကုံလွဲ၊ တပို့တွဲသည်၊ လွမ်းဖွေပင်

ပျော်ရွှင်လူ့ရပ်မြေ၊ ရထားသဘင်၊
နှစ်စဉ်ငင်သည်၊ သောင်းခွင်
ဤလူ့ပြည်ထက် ပျော်ရွှင်ဖွယ်လူတို့၌

ကိုးကား

(စာဆိုဥက္ကာပျံ၏ ရထားသဘင်ဖွဲ့၊ တပို့တွဲလရတု)

ရခိုင်စကားပုံများ

ဦးအောင်သာဦး

ကျွန်ပုန်းကိုလိုနီ

ခိုင်မိုးလင်း

ဦးကျော်လှိုင်

ဆရာစံကျော်ထွန်း

ရခိုင်ပြည်တပ်မတော်

Arakan Army (AA)

ဦးမောင်ဟန်

ရခိုင်ပြည်ကွန်မြူနစ်ပါတီ

ကျွန်ဘ၀လက်အောက် ရခိုင်ပြည်

ဗမာပဒေသရာဇ်လက်အောက် ရခိုင်ပြည်

ဗြိတိသျှလက်အောက် ရခိုင်ပြည်

ဖက်ဆစ်ဂျပန်လက်အောက် ရခိုင်ပြည်

ဗြိတိသျှလက်အောက် ရခိုင်ပြည်

ဖဆပလ လက်အောက် ရခိုင်ပြည်

မဆလ လက်အောက် ရခိုင်ပြည်

န၀တလက်အောက် ရခိုင်ပြည်

နအဖလက်အောက် ရခိုင်ပြည်

ဦးအောင်ထွန်းစိန်

ပုဏ္ဏားကျွန်းလွတ်တော်အမတ်

ဦးစိန်ညိုထွန်း ( ၁၉၀၆ - ၁၉၇၇ )

ရခိုင် သဟာယ ပထမဆုံး ဥက္ကဌကြီး

ရခိုင်သမက်တက်

ရခိုင်အပျိုလူပျိုတို့ အရွယ်ရောက်လျှင် လူငယ်ချင်းချစ်ကြိုက်၍ လက်ထက်မင်္ဂလာဆောင်ခြင်းများ ရှိသကဲ့သို့ အများအားဖြင့် မိဘများက အိမ်ထောင်ဘက်ကို ရွေးချယ်ပြီးသည်များသည်။ ရခိုင်လူမျိုးသည် မိဘစကားကိုနာခံတတ်သူများဖြစ်သဖြင့် မိဘများ၏အစီအမံကိုလက်ခံတတ်လေ့ရှိသည်။ သားသမီးများအချိန်တန်အရွယ်ရောက်လာလျှင် အိမ်ထောင်ဖက်ကို အများအားဖြင့်မိဘများက ရွေးချယ်ပြီးသောအလေ့သည် ရခိုင်လူမျိုးတွင် ယခုခေတ်ချိန်ထိခေတ်စားလျှက်ရှိသည်။ ရှေးရိုးအစဉ်အဆက် ကျင့်သုံးလာခဲ့သော ရခိုင်လူမျိုးတို့၏ လက်ထပ်မင်္ဂလာပွဲဓလေ့သည် မြန်မာများနှင့်မတူ တမူထူးခြားသော ဓလေ့ထုံးစံများဖြစ်သည်။


ရခိုင်ရိုးရာမင်္ဂလာဆောင်မှာ မြန်မာရိုးရာမင်္ဂလာဆောင်နှင့်မတူ တမူထူးခြားသည်။ သမီးရှင် (သတို့သမီး) နှင့် သမက်ရှင် (သတို့သား) လက်ထက်ထိမ်းမြားသောမင်္ဂလာဆောင်ပွဲကို ရခိုင်စကားတွင် “သမက်တက်ပွဲ” ဟုခေါ်သည်။ ယောက္ခမအိမ်သို့ သမက်ကိုတင်ပို့ရသောကြောင့်လည်းကောင်း၊ လက်ထပ်ရန်လားရသောကြောင့်လည်းကောင်း “သမက်တက်” ဟုခေါ်ရခြင်းဖြစ်သည်။ သံတွဲ၊ ကျောက်ဖြူ၊ မာန်အောင်နှင့် အခြားသောဒေသများတွင် အနည်းငယ်ကွဲလွဲချက်ဟိသည်။

သမီးတောင်းခြင်း

ပထမယောက်ျားချေဘက်မှ မိန်းမပျိုကိုကြိုက်လျှင် အရပ်မှအမျိုးသမီးကြီးမှတဆင့်ပြောကြားပြီး ရက်တည့်မတည့် ဇာတာများယှဉ်ပြီး စီစစ်ရသည်။ ထို့နောက် ကောင်းသောရက်ကိုရွေးချယ်ပြီး စေ့စပ်ကြောင်းလမ်း ပြုလုပ်သည်။


စေ့စပ်ကြောင်းလမ်းခြင်းမင်္ဂလာ (အသွင်းနှင်းခြင်း၊ ပန်းဆင်ခြင်း)

စေ့စပ်ကြောင်းလမ်း မင်္ဂလာပွဲကို သမီးရှင်အိမ်တွင် ပြုလုပ်သည်။ ရှိဦးစွာ သမီးရှင်ထိုင်ရန်နေရာ၏ လက်ဝဲလက်ယာဘက်တွင် အမျိုးသမီးအိမ်ထောင်သည်နှစ်ဦး ထိုင်ရသည်။ ဆွေမျိုးများနှင့်ဖိတ်ကြားထားသောအဂန္ဓုများက ယင်းတို့၏ ရှေ့တွင် နေရာယူရသည်။ ထိုအချိန်တွင် သမီးသျှင်ထွက်မလာရသိမ့်။ သတ်မှတ်ထားသောမင်္ဂလာအချိန်ရောက်သောအခါ သမက်သျှင် (သတိုးသား) ဘက်မှ ဆွီမျိုးပရိတ်သတ်များလာရောက်သည်။ လာရောက်သောအခါ သမီးသျှင်ကိုဆင်မြန်းပီးရန် ပန်းများနှင့်စားစရာမုန့်အချိုများ၊ ကောက်ညှင်းပေါင်းများကို ငွေဖလားထဲတွင် ထုံးတမ်းစဉ်လာနှင့်အညီထည့်၍ ယူလာရသည်။ ငွေဖလားဦးရေမှာလည်း မဂဏန်းအရွီတွက်တိုင်း ကြိုက်သလိုအသုံးပြုနိုင်သည်။ သမီးသျှင်သည် အမျိုးသမီးအရံတဦးနှင့်အတူထွက်လာပြီး သတ်မှတ်ထားသောနီရာတွင် ထိုင်ရသည်။ ပန်းများ၊မုန့်များနှင့်အတူ သမက်သျှင်မိဘများထံမှ သမီးသျှင်အား စိစပ်ကြောင်းလမ်းခြင်း ရခိုင်အခါ် (ကတိသစ္စာပြုခြင်း) အထိမ်းအမှတ်အဖြစ် သားသျှင်ဘက်မှ အမိ (သို့မဟုတ်) အစ်မက မိမ္မချေကို ပန်းဆင်ပီးရသည်။

ထို့နောက်လက်ဝတ်ရတနာများကို ရွှေကျပ်ချိန်ဖြင့်ပီးပြီး အသွင်းပီးဆောင်ရပါသည်။ ထိုရတနာဆင်မြန်းခြင်း၊ သမီးသျှင်အား ပန်းပန်ပီးခြင်းပြုလုပ်သူကို သမီးသျှင်က အရိုအသေပြုကန်တော့ပြီးလျှင် စိစပ်မင်္ဂလာအောင်မြင်ပါတော့သည်။

မင်္ဂလာလက်ထပ်မည့်နိရက်ကို ယင်းအချိန်မှာပင် နှစ်ဦးနှစ်ဘက် ညှိနှိုင်းဆွေးနွေးသတ်မှတ်ရပါသည်။ ဆွီမျိုးပရိသတ်များကို မင်္ဂလာရက်ကြေငြာပီးရသည်။ ထို့နောက် ကြွရောက်လာသော နှစ်ဦးနှစ်ဘက်ဆွီမျိုးပရိသတ်များကို ဧည့်ခံကျွေးမွီးရသည်။ စိစပ်ပွဲပြီး၍ သမက်သျှင်ဘက်မှပြန်ကျသောအခါ သမက်သျှင်ဘက်မှယူလာသော ငွေဖလားထဲမှမုန့်အချိုများကို သမီးသျှင်ဘက်မှလက်ခံယူပြီးနောက် ယင်းဖလားထဲသို့ သမီးသျှင်ဘက်မှလည်း မုန့်များကို ပြန်ထည့်ပီးရသည်။

လက်ထပ်မင်္ဂလာပွဲ

လက်ထပ်မင်္ဂလာပွဲတွက် မင်္ဂလာပွဲတင်ကို တရက်ကြိုတင်ပြုလုပ်ရသည်။ မင်္ဂလာပွဲတင်သည် လက်ထပ်မင်္ဂလာပွဲအတွက် ရှိဦးစွာဆောင်ရွက်ရသော အလုပ်ဖြစ်သည်။ ယင်းပွဲကို သမီးသျှင်အိမ်၌သာပြုလုပ်ရသည်။ မင်္ဂလာပွဲနိရောက်သောအခါ ယင်းနိမိုးထက်အရုဏ်တွင် သမီးသျှင်သမက်သျှင်ရို့အား မိမိအိမ်များမှာပင် မြတ်စွာဘုရားအားဦးထိပ်ထား၍ ဘုန်းကြီးငါးပါးအား မင်္ဂလာဆွမ်းကပ်ပြီး မင်္ဂလာပရိတ်နာရသည်။ အဘိုးအဘောင်လူကြီးမိဘများကိုကန်တော့၊ မင်္ဂလာစကားတတ်ကျွမ်းသူများက နံ့သာရည်များဖြင့်ပတ်ဖြန်းခြင်းများပြုလုပ်ကာ မင်္ဂလာမြှောက်ရသည်။ ပရိတ်နာရာတွင် ပရိတ်ကြီးမှာ လက်ထက်မင်္ဂလာပွဲအတွက် အဓိကအရေးကြီးဆုံးဖြစ်သည်။ ရှိဦးစွာ မင်္ဂလာစားပွဲငယ်ကို ပျင်ဆင်ရသည်။

ယင်းစားပွဲတွင်ပါဝင်ရမည့်အချက်များမှာ-

မင်္ဂလာမြှောက်ခြင်း
မင်္ဂလာထမင်းပွဲပျင်ဆင်ခြင်း

သီးသန့်ပြုလုပ်ထားသော မင်္ဂလာစားပွဲကိုစားပွဲခင်း၍ အပေါ်တွင်စပါးဖြူးထားသည်။ ဖြန့်ကြဲထားသောစပါးပေါ်တွင် ဘဲဥပုံမင်္ဂလာကြွီလောင်ပန်းကြီးတွင် ကောက်ညှင်းနှင့်ထမင်းများထည့်၍ တင်ထားရသည်။ ယင်းထမင်းပေါ်တွင် ချက်ပြီးသားခြီလက်အမွှီးစုံသော ပုစွန်တုပ်ကြီးနှစ်ကောင်၊ အမွှီးစုံအကြီးခွံပါသော ငါးကန်သားနှစ်ကောင်၊ ဘဲဥနှစ်လုံး၊ မြောက်ဥ (ခေါ်) ကင်းစွန်းဥနှစ်ဥနှင့် အခွံနွှာပြီးသောနှပျိုးသီးနှစ်လုံးစီဖြင့် ပျင်ဆင်ထားရသည်။ ငါး၊ ပုစွန်၊ ဥ၊ သီးနှံစပါးပေါကြွယ်စီရန် အတိတ်နမိတ်ယူထားခြင်းဖြစ်သည်။ စပါးများထဲတွင် ရွှေဒင်္ဂါး၊ ငွေဒင်္ဂါးများမြှပ်နှံထားရသည်။ ရွှေငွေပွားများအောင် ရည်ရွယ်ခြင်းဖြစ်သည်။

သမီးသျှင်ထိုင်သောနီရာလက်ယာဘက်တွင် ရီစင်အိုးဟုခေါ်သော ကြီးအိုးငယ်နှစ်လုံးတင်ထားရသည်။ ကြီးအိုးအပြင်ဘက်ပတ်လည်ကို မင်္ဂလာပရိတ်ခြည်ဖြင့် ပတ်ထားပီးရသည်။ ကြီးအိုး၌ရီထည့်ထားပြီး သပြီပန်း၊ အချိန်ခါကောင်းသတ်မှတ်သောစာရွက် (အခါစာ) ရို့ကို ထိုးထားရသည်။

ထမင်းလောင်ပွန်း၏လက်ဝဲဘက်တွင် လောင်ပွန်းငယ်များတင်ပြီး ယင်းလောင်ပွန်းငယ်အသီးသီးတွင် ကြက်တကောင်လုံးအူအသဲစုံစွာ ငရုတ်သီးမပါဘဲ ချက်ရသည်။ ပုစွန်တုပ်ကို အကောင်မပျက်ကျော်ရသည်။ ရွှေဖရုံသီးချက်ထည့်ရသည်။ ကျန်လောင်ပွန်းနှစ်ခုတွင် ကြက်နှင့်ပုစွန်ပဲ ထည့်ရသည်။ ကြက်နှစ်လောင်ပွန်း၊ ပုစွန်နှစ်လောင်ပွန်း၊ ရွှေဖရုံသီးနှစ်လောင်ပွန်းဖြစ်သည်။ မင်္ဂလာလက်ဆုံထမင်းပွဲတွင် ငကန်သား (အကြီးဟိသောငါး)၊ ကြက်သား၊ ဘဲဥ၊ ပုစွန်၊ မြောက်ဥ၊ ကင်းစွန်းဥ၊ ချိုင်ပေါင်ဟင်းများထည့်ထားသည့် ဟင်းဇားပန်းကန်ကတဖက် ထားဟိသည်။ ပုစွန်ဆိုလျှင် နှခွမ်းမွှီးမျှင်မပြတ်စီရ။ အကျိုးအပဲ့အနာအဆာများမပါစီရန် အထူးဂရုပြုရသည်။

ဤမင်္ဂလာစားပွဲကို မင်္ဂလာဆောင်မည့်နီရာတွင်ထားဟိပြီး မင်္ဂလာမြှောက်ခြင်းပြုလုပ်ရသည်။ အညွှန့်ဟိသောအမျိုးသမီးက သမက်သျှင်အိမ်မှ ဆန်နို့ဆီဗူးနှစ်ဗူး၊ လေးဗူး၊ ခြောက်ဘူးစသဖြင့် စုံဂဏန်းကို သမီးသျှင်အိမ်သို့လားပို့ကာ သမီးသျှင်အိမ်မှဆန်များနှင့်ရောပြီး အညွှန့်ဟိသောအမျိုးသမီးက မင်္ဂလာလက်ဆုံထမင်းပွဲအတွက် ချက်ရသည်။ အညွှန့်ဟိသောအမျိုးသမီးဆိုသည်မှာ လူပျိုအပျိုလက်ထပ်ပြီး မကွဲမကွာမောင်နှံစုံအတူတကွနီထိုင်၍ သားသမီးတယောက်တလီမှ ပျက်စီးခြင်းမဟိသော “အိမ်ထောင်သျှင်မ” ကိုဆိုလိုသည်။

အထက်ပါ မင်္ဂလာပွဲပျင်ဆင်ခြင်းအလုပ်ကို ဘုန်းကြီးမကြွမှီ ပျင်ဆင်ထားရသည်။ ဘုန်းကြီးကြွလာပြီး ပရိတ်နာသည့်အခါ မင်္ဂလာစားပွဲမှာ ဘုန်းကြီးများရှိတွင် တည်ဟိနီရမည်။ ယင်းမင်္ဂလာစားပွဲရှိတွင် သမီးသျှင်က အမျိုးသမီးနှစ်ဦး လက်ဝဲလက်ယာရံ၍ ထိုင်ရသည်။ ထိုအရံအမျိုးသမီးနှစ်ဦးမှာ သမီးသျှင်မွီးရက်နှင့် နိနံသင့်သူများဖြစ်သည်။ ရှိဦးစွာသီလခံယူပြီးလျှင် ပရိတ်ကြိုးဖြင့် စည်းဝိုင်းချသည်။

သမီးစောင့်ခြင်း

သမက်တက်သည့်နိ မိုးထက်ကိုးချက်တီးခန့်တွင် သမီးသျှင်နှင့်ရင်းနှီးသော မိတ်ဆွီကုလိမ္မေချေများ၊ ဆွီမျိုးများကို ထမင်းကျွေးရသည်။ သမီးသျှင်မှာ အလှပဆုံးဝတ်စားဆင်ယင်ကာ နိသင့်နံသင့်အပျိုရံနှစ်ယောက် လက်ဝဲလက်ယာရံလျှက် မင်္ဂလာဆောင်မည့်နီရာတွင်ထိုင်၍ ဧည့်ခံရသည်။

သမက်တက်ခြင်း

သမက်သျှင်ဘက်မှ သမီးသျှင်ဘက်သို့လားသောအခါ သမက်သျှင်အဖ၊ အဘိုး၊ ဆွီမျိုး သက်ကြိးဝါကြီးများက ရှိမှဦးဆောင်လာလတ်ပြီး အမိ၊ အဘောင်စသောသက်ကြီးဝါကြီးမိမ္မများက နောက်မှလိုက်ရသည်။ ထို့နောက် အုပ်ထမ်းသူအညွန့်မိမ္မများက တယောက်ချင်းတန်းစီ၍ လျှောက်ရသည်။ အုပ်ထမ်းသူများမှာ မိမ္မချောမိန်းမလှများဖြစ်သည်။ ရှိဆုံးမှအညွန့်ပန်းအုပ်ကို သမက်သျှင်၏အစ်မ (သို့မဟုတ်) ဆွီမျိုးရင်းချာထဲက ထမ်းရသည်။ နောက်အုပ်များတွင် မုန့်အမျိုးမျိုး၊ နှပျိုးသီးများထည့်ကာ ထမ်းလာရသည်။ အုပ်ထမ်းသူများအတွက်လက်ဆောင်အဖြစ် ပုဝါပိုင်းများကို အုပ်များတွင်ချိုင်နှောင်ထားဟိသည်။ အုပ်များကို သမက်သျှင်တတ်နိုင်သည့်အလျှောက် (၇) အုပ် (၉) အုပ်ထားဟိသည်။

အုပ်ထမ်းသူများ၏နောက်နားတွင် သမက်သျှင်အဖွဲ့ပါသည်။ သမက်သျှင်၏ဦးသျှောင်နှင့် ရီစင်အိုးကို ရှိကသယ်ယူလာရပြီး သမက်သျှင်မှာ ခေါင်းပေါင်း၊ ပန်းဖော်တောင်ရှည်ပုဆိုး၊ လိုင်ထောင်အင်္ကျီ၊ ရင်ဖုံးပြင်ခံအင်းကျီများကိုဝတ်ဆင်ကာ ဓားရှည်လွယ်သူ၊ ယပ်ရှည်ကိုင်သူများခြံရံလျှက် လိုက်ပါလာရသည်။ ၄င်းရို့၏နောက်တွင် သမက်သျှင်၏အပေါင်းအဖော်များမှာ တေတ္တာနှင့်အိပ်ရာလိပ်များကို သယ်ဆောင်လာလတ်ပြီး ဗုံ၊ လင်ခွင်း၊ ပုလီတီးမှုတ်သူများနှင့် တပျော်တပါးတီးမှုတ်လိုက်ပါလာရသည်။

သမီးသျှင်အိမ်ရောက်သည့်အခါ သမီးသျှင်မိဘဆွီမျိုးများကဆီးကြို၍ဧည့်ခံပြီး နီရာထိုင်ခင်းများပီးသည်။ ရှိဦးစွာအညွန့်အုပ်ထမ်းသူက အညွန့်အုပ်နှင့်အတူပန်းဆင်ပီးရန် သမီးသျှင်အနားနီရာယူရသည်။ ကျန်အုပ်များကို သမီးသျှင်အိမ်မှလက်ခံယူ၍ နီရာချထားသည်။ သမက်သျှင်ဘက်မှသယ်ဆောင်လာသော မင်္ဂလာရီစင်အိုးကိုလည်း မင်္ဂလာစားပွဲပေါ်တွင် သမီးသျှင်၏ရီစင်အိုးနှင့်အတူ ထားရသည်။ အညွန့်အုပ်ထမ်းလာသူ သမက်သျှင်၏အစ်မဆွီမျိုးများက သမီးသျှင်ကို ပန်းဆင်ပီးရသည်။ အညွန့်အုပ်တွင် ရာသီအလိုက်ပန်းများပါလာရသည်။

ဥပမာ-
နှင်းပန်း အီးချမ်းစီရန်
နှင်းဇီပန်း မွှီးကြိုင်လန်းဆန်းစီရန်
သဇင်ပန်း သန့်ယှင်းစင်ကြည်စီရန်
အချစ်တရာ (အချပ်တရာ) ပန်း အချစ်အနှစ်တရာတိုင်စီရန်
စံကားပန်း စံစားရစီရန်

ပန်းများပန်းကုံးများကို တစုံစီအညွန့်အုပ်တွင်ထည့်ယူလာရသည်။ ပန်းဆင်ပီးသူက ပန်းများကို တစုံစီ ငါးစုံဆင်မြန်းပီးရသည်။ ဆံထုံးထဲတွင်လည်း ပန်းကုံးများထိုး၍ ပန်းပန်ပီးရသည်။ ထို့နောက် သမီးသျှင်ကိုသျှောင်ဆောင်းပီးပြီး မျက်နှာကိုဖုံးအုပ်ထားရသည်။ သမီးသျှင်ကိုပန်းပန်ဆင်ပြီးနောက် သမက်သျှင်ကို အိမ်ထဲသို့ဝင်စီသည်။ အ၀င်တွင် သမီးသျှင်၏ညီမအပျိုများက ခြီဆီး၍ငွေတောင်းခံသည်။ လူပျိုရံများက ဈီးဆစ်ခြင်းဖြင့် အချေအတင်ပြောဆိုရသည်။ လူပျိုရံ၊အပျိုရံများ တစိတစောင်းပြောဆိုရသဖြင့် ပျော်စရာကောင်းသည်။ အိမ်ပေါ်သို့ရောက်သောအခါ သမက်သျှင်ကို ရီတခွက်တိုက်ရသည်။ ထို့နောက် သမက်သျှင်ကို သမီးသျှင်၏ညာဘက်တွင် နီရာယူစီပြီး သျှောင်ဆောင်းပီးရသည်။ ထိမ်းမြားပီးသူများက မင်္ဂလာစားပွဲပေါ်ဟိ မင်္ဂလာထမင်းပွဲကိုလည်းကောင်း၊ ရီစင်အိုးများကိုလည်းကောင်း (၇) ပတ်၊ (၉) ပတ်ပတ်ထားသော ပရိတ်ခြည်မျှင်ကွင်းများဖြင့် တမျိုးတစုံကျစီ ရစ်ပတ်ပီးရသည်။ ထို့နောက် မောင်နှံအစုံအပါအ၀င် မင်္ဂလာစားပွဲ၊ အိပ်ရာလိပ်၊ တေတ္တာများအားလုံးကို ပရိတ်ခြည်မျှင်များဖြင့်ရစ်ပတ်ပီးရသည်။ ထို့နောက် သမက်သျှင်၏ညာလက်နှင့် သမီးသျှင်၏ညာလက်ကိုပေါင်း၍ ခြည်မျှင်များဖြင့် ရစ်ပတ်ပီးရသည်။

လက်ထပ်ပီးသည့်အမျိုးသမီးကြီးများက မောင်နှံစုံကို အောင်သပြီခက်ဖြင့် ရီစင်အိုးနှစ်စုံပေါင်းစပ်ထားသော ရီစင်များဖြန်းကာ ဆုတောင်းမိတ္တာပို့ရသည်။ ဆက်လက်၍ သမတ်သျှင်နှင့်သမီးသျှင်လက်များကိုပေါင်းပြီး ရီစင်သွန်းလောင်းရသည်။ သမီးသျှင်လက်ကိုအောက်တွင်ထားပြီး သမက်သျှင်လက်ကိုအပေါ်မှာ ထားရသည်။ အချို့မှာ သမက်သျှင်လက်ကိုအောက်ကလှန်ပြီး သမီးသျှင်လက်ကို အထက်ကမှောက်သည်။ အဓိပ္ပါယ်မှာ သမက်သျှင်က သမီးသျှင်ကို ညာလက်ဖြင့်တောင်းဆိုခြင်းကို သမီးသျှင်က ညာလက်ဖြင့်လက်ခံခြင်းသဘော၊ သမက်သျှင်က သမီးသျှင်ကို တသက်လုံးစောင့်ယှောက် ထောက်ပံတာဝန်ယူလားမည်ဟူသော သဘောကိုဆောင်သည်။

မိဘကန်တော့ခြင်း

သမီးသျှင်ရှိတွင် သမက်သျှင်ဖခင်၊ သမက်သျှင်ရှိတွင် သမီးသျှင်ဖခင်ရို့က နီရာယူရသည်။ သမီးသျှင်သမက်သျှင်ရို့က ဖခင်နှစ်ဦးရုံလာသောတဘက်ဖြူထဲသို့ ထမင်းခုနှစ်ဆုပ်တပြိုင်တည်းထည့်ပီးခြင်း၊ မိခင်များအားလည်း ထမင်းခုနှစ်ဆုပ် တပြိုင်တည်းထည့်ပီးခြင်းသည် မိဘနှစ်ပါးကိုကန်တော့ခြင်းသဘောဖြစ်သည်။

လက်ဆုံစားခြင်း

မိဘများကိုကန်တော့ပြီးနောက် မောင်နှံစုံက မင်္ဂလာထမင်းကို ခုနှစ်ဆုပ်စီလက်ဆုံစားရသည်။ စားသောက်ပြီး ငွေဖလားတွင်အတူလက်ဆီးရသည်။

လက်ဖွဲ့ခြင်း

ထမင်းလက်ဆုံစားပြီးနောက် မိဘဆွီမျိုးမိတ်ဆွီများက သမီးသျှင်သမက်သျှင်ရှိ ငွေဖလားနှစ်ခုထဲသို့ လက်ဖွဲ့ငွေများထည့်ရသည်။ လက်ဖွဲ့လက်ခံပြီးသောဖလားကို သမက်သျှင်က သမီးသျှင်ကိုအပ်ရသည်။ သမီးသျှင်ကကန်တော့၍ လက်ခံယူရသည်။

သျှောင်ချသျှောင်တင်

သမက်သျှင်က မိမိသျှောင်ကိုချွတ်၍ စားပွဲပေါ်တင်ထားပြီးလျှင် သမီးသျှင်၏သျှောင်ကိုချွတ်ယူကာ မိမိ၏သျှောင်ကိုဆောင်းပီးရသည်။ သျှောင်တင်သျှောင်ချပြုလုပ်စဉ် သမီးသျှင်က သမက်သျှင်ကို ရှိခိုးရသည်။ သျှောင်တင်သျှောင်ခအဖြစ် သမက်သျှင်က သမီးသျှင်ကို ငွေလက်ဖွဲ့သဖြင့် သမီးသျှင်ကကန်တော့ပြီး လက်ခံရယူရသည်။ မင်္ဂလာအခမ်းအနားပွဲအပြီးတွင် ထွက်ခွာခွင့်ရရန် သမက်သျှင်က သမီးသျှင်ဘက်မှအပျိုရံလူပျိုရံများက ရွှေကြိုးတားထား၍ ကြိုးတားခပီးရသည်။ နောက်ဆုံးခန်းဝင်ခ ပီးဆောင်ရသည်။

အိမ်ပြန်လည်ခြင်း

သမက်တက်ပြီး (၇) ရက်နိတွင် သမီးသျှင်သမက်သျှင်များသည် သမက်သျှင်၏မိဘအိမ်သို့ မိုးထက်မှစ၍လည်ရသည်။ သမက်သျှင်၏မိဘ၊ အဘိုးအဘောင်များကို သမီးသျှင်၊ သမက်သျှင်ရို့က ကန်တော့ရသည်။ ညဇာစားပြီးမှပြန်ရသည်။ သို့ဖြင့် ကြင်စဦးဇနီးမောင်နှံနှစ်ဦးသည် အိုးအိမ်တည်ထောင်ကာ တလင်တမယားစနစ်ဖြင့် တသက်လုံးပေါင်းဖော်ရတော့သည်။

ရခိုင်လူမျိုးများသည် မင်္ဂလာပွဲကို ၀ါတွင်းနှင့်ပြာသိုလများတွင် ယှောင်ကြည်လေ့ဟိပြီး တပေါင်းတန်ခူးလများတွင် အများဆုံးကျင်းပပြုလုပ်သည်။ ပြာသိုလတွင် မင်္ဂလာဆောင်က အိမ်ထောင်စီးပွားရေးမဖြစ်ဘဲ မွဲပြာကျတတ်သည်ဟု အယူဟိသည်။ ရခိုင်ဓလေ့ထုံးတမ်းစဉ်လာအရ မင်္ဂလာပွဲနှင့်ပတ်သက်၍ လိုက်နာရမည့်စည်းကမ်းချက်များစွာဟိသည်။ ထိုချမှတ်ထားသောစည်းကမ်းချက်များကိုလိုက်နာပြီး လက်ထပ်မင်္ဂလာပွဲသည် ပကာသနမဖက် အရိုးခံသက်သက်ဖြင့် ရိုးရာမပျက်ချစ်မြတ်နိုးစရာဖြစ်သည်။ ရခိုင်လူမျိုးရို့၏ချစ်စရာကောင်းသောဓလေ့၊ တမူထူးခြားသော မင်္ဂလာအယူအဆများဖြစ်သည်။ --Mayor mt 06:09, 1 ဇွန် 2009

ကိုးကား

* သားချင်းများအကြောင်းတစေ့တစောင်း (မောင်အောင်မွန်)
* ပြည်ထောင်စုသားများ၏ရိုးရာလက်ထပ်မင်္ဂလာပွဲဓလေ့များ(တက္ကသိုလ်သျှင်သီရိ)
* မြတ်ပန်းသဇင် ရခိုင်အမျိုးသမီးအသင်း (ရန်ကုန်)၂၀၀၇ ထုတ်

ရခိုင်ဘုရင် မဟာသမ္မတရာဇာနှင့် ဗမာဘုရင် ဘိုးတော်မောင်ဝိုင်းတို့ စကားစစ်ထိုးပွဲ အမေးအဖြေမှတ်တမ်း

ရက္ခပူရ ကြေးမုံကျမ်း (စာ -၁၆၉)

မင်းပြားညီလာခံ

ပြည်နယ်တောင်းခံခြင်း

အဝေးရောက် ရခိုင်ဘုရားများ

စောမဲကျီ

သာမန် အရပ်သူဘ၀မှ ငါးသဲ့ရာတွင် ပတ္တမြားမျက်ရှင်တစ်လုံးရရှိသဖြင့် မင်းဖလောင်၏ ပယ်မိဖုရားဖြစ်ခဲ့သူ ဟူ၏။ ၀ရိုက်တော် စေတီတွင် ၎င်း၏ ပတ္တမြားကို ဌာပနခဲ့သည် ဟူ၏။ စိုးမဲကျီ ဟုလည်းတွင်သည်။ စိုးမဲကျီဆိပ် ဟူ၍ ဆံတော်ရှင်စေတီဘုရားဖူးခရီး တစ်ထောက်တွင် ရှိ၏။ ရခိုင်အလယ်ပိုင်းနှင့် တောင်ပိုင်းတို့တွင် သာသနာပြုမိဖုရားအဖြစ် အထူးထင်ရှားသည်။ ခေတ်စာရေးဆရာ များကြောင့် သူ၏ ဘ၀နိဂုံးသည် ၀မ်းနည်းဖွယ်ရာ ဖြစ်သွားရေလေသည်။ ဇာတိ အရပ်လည်း ကွဲပြားလာပါ သည်။

ခေတ်ကြီးလေးခတ်

ဓည၀တီခေတ်
ဝေသာလီခေတ်
လေးမြို့ ခေတ်
မြောက်ဦးခေတ်

ဦးရဲကျော်သူ

မဟာဇေယျသိဒ္ဓိ အဓိဋ္ဌာန်ကျောင်း

စစ်တွေမြို့ တွင် မဟာဇေယျသိဒ္ဓိ အဓိဋ္ဌာန်စေတီတော်နှင့် ဘုရား၊ နတ်၊ ဘီလူး စသော ရုပ်ထုမျိုးစုံတို့ဖြင့် ကောဇာသက္ကရာဇ် (၁၃၅၀) ခုနှစ်၊ ခရစ်သက္ကရာဇ် (၁၉၈၉) ခုနှစ်တွင် (စွန်ရဲကျေးရွာ) မှ ဘဒ္ဒ န္တရေသလရက္ခိတ (အဓိဋ္ဌာန်ဘုန်းတော်ကြီး) စတင်တည်ဆောက်ခဲ့သော ဘုရားဖြစ်ပေသည်။

လောကနန္ဒာစေတီ

လောကနန္ဒာစေတီသည် စစ်တွေမြို့ ၊ ရဲနွယ်စုရပ်ကွက် မေယုလမ်းနှင့် သတ္တဌာနလမ်းဒေါင့်တွင် ကိန်းဝပ် စံပယ်တော်မူလျက်ရှိသည်။ (ရက္ခပူရကြေးမုံ - ၃၈၅)

ယဉ်ကျေးမှုပြတိုက်

ကမန်လူမျိုး

ကမန်လူမျိုးသည်လည်း ရခိုင်လူမျိုးစုဝင်ဖြစ်သည်။ ရခိုင်လူမျိုးစုကြီးထဲတွင် ရခိုင်၊ ကမန်၊ ခမွီး၊ ဒိုင်းနက်၊ မရမာကြီး၊ မြို၊ သက် စသည့်မျိုးနွယ်စုများ အကျုံးဝင်ကြောင်း အထင်အရှားတွေ့ရှိရပေသည်။ ““ ကမန် ”” တိုင်းရင်းသားမျိုးနွယ်စုသည် ရခိုင်ပြည်နယ်ကို အခြေပြုမှီတင်းနေထိုင်ကြသော မျိုးနွယ်စုများအနက် မျိုးနွယ်စုတစ်ခုဖြစ်သောကြောင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရက တရားဝင် သတ်မှတ်ထားသော တိုင်း၇င်းသားမျိုးနွယ်စု (၁၃၅) စုတွင် တစ်စုအပါအ၀င်ဖြစ်ပါသည်။

၁၄၀၄-ခု လေးမြို့ခေတ်၌ မင်းစောမွန် ဘုရင် လက်ထက် ရခိုင် ဘုရင့် နိုင်ငံတော် ကို ဗမာ ဘုရင် သိမ်းပိုက် သဖြင့် ရခိုင် ဘုရင် မင်းစောမွန် သည် ဘင်္ဂလား ဒေသရှိ ဂေါလ်ဒေသ သို့ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ ဂေါလ် ဆူလတန် ဘုရင်က ကောင်း မွန်စွာ လက်ခံခဲ့သည်။ ဘင်္ဂလား ဂေါလ် ဆူလတန် ဘုရင် ၏ အကူအညီ ဖြင့် ရခိုင် ထီးနန်း ကို အရ ယူခဲ့ရသည်။ အေဒီ ၁၄၃၀-တွင် မြောက်ဦးမြို့တည်၍ မြောက်ဦးခေတ် ကို စတင် တည်ထောင် ခဲ့ပါသည်။ မြောက်ဦးခေတ် တွင် ရခိုင့် တပ်မတော်၌ အာရပ် မှစစ်သည် တော်များ၊ ဥရောပ မှ ပေါ်တူဂီများ နှင့် ဂျပန် တို့ပါအမှုတော် ထမ်းခဲ့သည်ကို တွေ့ရှိရ သည်။ ယင်းအာရပ် မှစစ်သည်တော် မျိုးဆက် အများစုမှာ သံတွဲ၊ ရမ်းဗြဲကျွန်း နှင့် မြောက်ဦးမြို့ပတ်ဝန်းကျင်တွင် နေထိုင်ကြပါသည်။ ယင်း တို့ကို ရခိုင် တို့က ကမန် ဟု ခေါ်ဝေါ်ပြီး ရခိုင်ပြည် ၌ တိုင်းရင်းသား မျိုးနွယ်စု အဖြစ် အသိအမှတ် ပြုထားပါသည်။

ယင်းမူဆလင် ဘာသာဝင် ကမန် တို့သည် ရခိုင်ပြည်၌ ပြဿနာ ဖန်တီးခြင်း၊ ရခိုင် တို့နှင့် ဘာသာရေး အဓိကရုဏ်း၊ လူမျိုးရေး အဓိကရုဏ်း ဖန်တီးခြင်းမျိုး ကို လုံးဝ ပြုလုပ်ခြင်း မရှိဘဲ၊ ရခိုင်ပြည် နှင့် ရခိုင် လူမျိုး အပေါ် သစ္စာ ရှိရှိဖြင့် ရခိုင် တို့နှင့် အေးအတူ ပူအမျှ ငြိမ်းချမ်းစွာ နေထိုင် လာခဲ့ကြသော လူမျိုး တစ်မျိုး ဖြစ်သည်။

ကမာန်မျိုးနွယ်စုသမိုင်း

နိုင်ငံတော်အစိုးရသည် တိုင်းရင်းသားမျိုးနွယ်စုများ မပျောက်မပျက်စေရန် မိသားစုအနည်းငယ်မျှသာရှိသော မျိုးနွယ်စုမှစ၍ထိန်းသိမ်းဖော်ထုတ်ကာ တိုင်းရင်းသားမျိုးနွယ်စုများစွာပါဝင်သော နိုင်ငံတော်ကြီးကို စုစည်းခိုင်မာစေသည်နှင့်အညီ ကျွန်ုပ်တို့မှာလည်း ““ ကမန် ”” အမျိုးသားများ၏ ပကတိမှန်ကန်သော သမိုင်းဖြစ်စဉ်တစ်စောင်ကို ကမန်အမျိုးသားများနှင့် အခြားတိုင်းရင်းသားညီအစ်ကိုမောင်နှမများ လွယ်လင့်တကူသိရှိနိုင်စေရန်နှင့် နောင်အကြောင်းတစ်စုံတစ်ရာအတွက် လိုအပ်ပါက အထောက်အထားတစ်ရပ်အဖြစ် သုံးစွဲတင်ပြနိုင်ရန် ဤသမိုင်းမှတ်တမ်းတစ်စောင်ကို ပြုစုရခြင်းဖြစ်ပါသည်။ ထို့အပြင် ကချင်၊ ကရင်၊ ချင်း စသည့် တိုင်းရင်းသား အများစုများမှ ခရစ်ယာန်ဘာသာကို ယုံကြည်သက်ဝင်ကြသူများရှိသကဲ့သို့ တိုင်ရင်းသားစစ်စစ်များထဲမှ အစ္စလာမ် ဘာသာကို ယုံကြည်သက်ဝင်ကြသူများ ရှိသေးကြောင်းကိုလည်း ကျွန်ုပ်တို့ ဖော်ထုတ်လိုရင်းဖြစ်သည်။

ရခိုင်ရာဇ၀င်ထဲမှ ကမန်သမိုင်းကိုလေ့လာလျှင် ကမန်သည်အိမ်နီးနားချင်းဆက်စပ်နေသောနိုင်ငံ တစ်ခု၏ လူမျိုးတစ်မျိုးမှပေါက်ဖွားလာသော မျိုးနွယ်စုတစ်မျိုးမဟုတ် ““ မည်သည့်အိမ်နီးနားချင်းနိုင်ငံတစ်နိုင်ငံတွင်မှ ကမန်ဟူသော အမည်ဖြင့် လူမျိုးများနေထိုင်ကြကြောင်း သမိုင်းအထောက်အထားများ လုံးဝမရှိပါပေ””။ ကမန်မျိုးနွယ်စုသည် ရခိုင်လူမျိုးစုကြီးထဲတွင် အထင်အရှားပါဝင်နေပြီး ကမ္ဘာအရပ်ရပ် မည်သည့်တိုင်းပြည်နိုင်ငံများတွင်မျှ ကမန်လူမျိုးစုနှင့်မျိုးနွယ်တူ တိုင်းတစ်ပါးသားကျောထောက်နောက်ခံလူမျိုးဟူ၍ လုံးဝမရှိသော မြန်မာနိုင်ငံတိုင်းရင်းဖွားမျိုးနွယ်စုတစ်ခုဖြစ်ကြောင်း၊ နိုင်ငံတော်၏ သမိုင်းစဉ်တစ်လျှောက်တွင် မည်ကဲ့သို့သော အခက်အခဲများ ကြုံကြိုက်ခဲ့ပါစေ၊ တိုင်းတစ်ပါးနိုင်ငံများသို့ လူမျိုးစုအလိုက် ထွက်ပြေးတမ်းရှောင်ခြင်း၊ တိုင်းတစ်ပါးအားကိုး အားထာပြုခြင်းများလည်း မရှိဖူးပါချေ။ အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်ပြီး ရခိုင်ရိုးရာ ယဉ်ကျေးမှုအတိုင်းပင် ဆက်လက်နေထိုင်လျက်ရှိသော တိုင်းရင်းသားမျိုးနွယ်စုတစ်ခုပင်ဖြစ်သည်။ ကမန်များမှာ ရခိုင်ပြည်နယ်တွင် ပေါက်ဖွားကြီးပြင်းကြပြီး မြန်မာပြည်အတွင်းနေထိုင်ကြသော တိုင်းရင်းသားမျိုးနွယ်စုတစ်စုဖြစ်သည်။ အမေကျော် ဒွေးဒေါ်လွမ်းစရာ နိုင်ငံရပ်ခြားသံယောဇဉ် တစ်စုံတစ်ရာမရှိပါချေ။ ကမန်မျိုးနွယ်စုသည် ရခိုင်ဘုရင့်တပ်မတော် ““ လေးသည်တော် ”” တပ်ကို အစွဲပြုရာမှ ပေါ်ပေါက်လာသော ဘုရင့်တပ်မတော်၏ အမည်နာမကိုအကြောင်းပြုသော လူမျိုးစုတစ်စုသာဖြစ်သည်။ ထို့အတွက်ကြောင့်ကမန်သည် ရခိုင်ထဲမှ ရခိုင်များသာဖြစ်ကြသည်ဆိုသည့် အကြောင်းအချင်းရာကိုမမှန်ကန်ကြောင်း ငြင်းချက်ထုတ်နိုင်မည်မဟုတ်ပေ။

အချုပ်ဆိုရသော် ကမန်အမျိုးသာများသည် ရခိုင်နွယ်ဖွားတိုင်းရင်းသားလူမျိုးတစ်ရပ်ဖြစ်သည့်အားလျော်စွာ ယဉ်ကျေးမှုဓလေ့ထုံးတမ်းများ၊ ရိုးရာအစဉ်အလာကောင်းများကို ထိန်းသိမ်းလျက်ရှိကြပါသည်။ ရခိုင်ပြည်နယ်အပါအ၀င် ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး ထာဝစဉ်တိုးတက်သာယာရေးနှင့်လွတ်လပ်ရေး ထိန်းသိမ်းကာကွယ်ရေးတို့တွင် ကျရာဂကဏ္ဍမှ ကျရာတာဝန်များကို ဆောင်ရွက် သွားရမည်ဖြစ်ပါသည်။

ကိုးကား

1. မောင်ဆန္ဒ(လယ်ဝေး) ကမန်မျိုးနွယ်စုသမိုင်း ၂၀၀၅ ခုနှစ်၊ ဒီဇင်ဘာလ (နိုင်ငံဂုဏ်ရည်စာပေတိုက်) ကုန်သည်လမ်း၊ စာပေဗိမာန်၊ ရန်ကုန်မြို့။

http://wikimyanmar.co.cc

အကျဉ်းထောင်များ

စစ်တွေထောင်


ဘူးသီတောင်ထောင်


ကျောက်ဖြူထောင်
ရခိုင်ပြည်နယ်ကျောက်ဖြူ မြို့  တွင် ကျောက်ဖြူအကျဉ်းထောင်တည်ရှိသည်။


သံတွဲထောင်

နိုင်ငံရေးအကျဉ်းသားများ

လူမျိုးနှင့် ဘာသာစကား

လူမျိုးအမည်နှင့် မျိုးကွဲအုပ်စု
ရခိုင်ရှေးဦးလူများ
ဘာသာစကား

ပထ၀ီအနေအထား

နယ်နမိတ်
မြေမျက်နှာသွင်ပြင်
ရာသီဥတု
သဘာဝပေါက်ပင်များ
သယံဇာတပစ္စည်းများ
လူဦးရေ
နေထိုင်ရာဒေသ

ဘာသာရေး ရိုးရာယဉ်ကျေးမှုနှင့် စာပေ

ယုံကြည်ကိုးကွယ်မှု
ရခိုင်များသည် ဗုဒ္ဓဘာသာကိုးကွယ်သူများဖြစ်ကြသည်။ ရှေးအစဉ်အဆက်ကတည်းက ဘာသာရေးကို ရိုသေကိုင်းရှိုင်း ကြသည်။

ရခိုင်ရိုးရာနတ်များ

အစွဲအလမ်း

အတိတ်နိမိတ်

ဗေဒင်ပညာ

ရိုးရာ ဆေးပညာ

ဂီတနှင့်အက

ဆင်ယင်ထုံးဖွဲ့မှု

အစားအသောက်

ရှောင်ကြဉ်သောဓလေ့များ

စာပေ

ပြက္ခဒိန်

သက္ကရာဇ်ဖြိုခြင်း

ရိုးရာပွဲတော်များ

ရှေးဟောင်း ပုံပြင်များ

လူမှုရေး

မိသားစုဆွေမျိုးတော်စပ်ပုံ
ရခိုင်မိသားစု ဆွေမျိုးတော်စပ်ခေါ်ဝေါ်ပုံ
အမွေဆက်ခံခြင်း
ကိုယ်ဝန်ဆောင်ခြင်းနှင့် မီးဖွားခြင်း
ကင်ပွန်းတပ်အမည်ပေးခြင်း
ကလေးငယ်ဘ၀နှင့် ပညာရေး
ရှင်ပြုမင်္ဂလာ
အပျိုလူပျိုဘဝ
စေ့စပ်ကြောင်းလမ်းခြင်း
လက်ထပ်ထိမ်းမြားခြင်း
ကွာရှင်းခြင်း
အသုဘအခမ်းအနား
လုပ်အားဖွဲ့စည်းပုံ

ဗြိတိသျှအောက် အုပ်ချုပ်ရေး

ရှေးခေတ်ရခိုင်ဘုရင်များအုပ်ချုပ်ပုံစနစ်

တိုင်းရင်းသား ယဉ်ကျေးမှု ရိုးရာဓလေ့များမှ ဖြည့်ရန်

ဆရာကြီးပါမောက္ခ ဒေါက်တာအေးကျော် မိန့်ခွန်း (၁)

ပါမောက္ခ ဆရာကြီးဒေါက်တာအေးကျော်၏ ပထမအကြိမ် နိုင်ငံတကာ ရခိုင်အမျိုးသားအသင်း (ဥရောပ) ဋ္ဌာနခွဲ ပထမအကြိမ်ညီလာခံဖွင့်ပွဲမိန့်ခွန်း


WAO (ဥရောပ)က ကမကထလုပ်ပြီးကေ ဆောင်ရွက်တေ အေပွဲမာ ကျနော့ကိုဖိတ်တေအတွက်ကြောင့်အား လုံးသူကိုကျေးဇူးတင်ပါရေ။ နောက်ပြီးကေ ဂု အစိုင်အလာတခုဖြစ်လားအောင်အတွက် ကျနော်ရို့ National song အမျိုးသားသခြင်းကို သီဆိုပြီးဖွင့်လှစ်တေအတွက်ကြောင့် ပထမဆုံးသော ရခိုင်သမိုင်းမာ ပထမဆုံးအ ကြိမ်ဖြစ်ပါရေ။

ရခိုင်သမိုင်းမာ ပါဝင်ဆောင်ရွက်ကတ်တေ ဂုတက်ရောက်လာကတ်တေအားလုံးသူကိုလေ့ ကောင်းကောင်း ကျေးဇူးတင်ပါရေ။ ဂုဏ်လည်းယူပါရေ။ နောက်တခုကလေ့ ကျနော်ရို့မှာ ကျနော်ရို့နိုင်ငံအတွက် ကျဆုံးလားခ ကတ်တေ ဂေါင်းဆောင်တိ၊ လူငယ်တိအတွက်ကိုလေ့ အရိုအသေအလေး အမြတ်ထားပြီးကေ သတိတရနန့် ဂုဏ်ပြုအရိုအသေပီးကတ်တေအတွက်ကြောင့် ဆရာကြီးအနီနန့် အင်မတန်မှဝမ်းသာပါရေ။ ဂုဏ်လေ့ယူပါရေ။ ရခိုင်ဖြစ်ရစွာကိုလေ့ အချိန်မရွီး ဂုဏ်ယူပါရေ။

ယေတော့ခါ ကျနော်ရို့ ရခိုင်ဆိုတဲ့ဟာ(၃)မျိုးရှိရေ(နာမေအားဖြင့်)။ နံပါတ်(၁)က ရက္ခိတဆိုရေစကား။ ရက္ခိတ ဆိုတဲ့စကားဟာ ဗုဒ္ဒဘာသာကိုထိမ်းရေ၊ အမျိုးကိုထိမ်းရေ၊ ကိုယ့်ဘာသာစကား ကိုထိမ်းရေ။ ယင်းဟာကြောင့် ကိုယ့်အိမ်မာဟိရေ အသျှေတိကိုလေ့သော့ ရခိုင်စကားသင်ပီးကတ်ပါလို့ ဆရာကြီးကြုံရေအခါမှာ မိတ္တာရပ်ခံ ပါရေ။ ရခိုင်စကားလေ့တတ်တေ၊ ဗမာစကားလေ့တတ်တေ၊ မွန်စကားလေ့တတ်တေ၊ ကရင်စကားလေ့တတ် တေ၊ နော်ဝေးစကားလေ့တတ်တေ၊ အင်္ဂလိပ်စကားလေ့တတ်တေဆိုကေ အေအသျှေတိနောင်ရေးဟာ အင်မ တန်မှကျယ်ပြန့်ပါရေ။ အလင်းရောင်ကောင်းပါရေ။ ယင်းဟာက တခု။

နောက်တခုက ရခိုင်ဆိုစွာ အာရက္ခဆိုရေ စကားကလာရေအတွက်ကြောင့် အာရက္ခဆိုစွာက မိမိနိုင်ငံကို စောင့် ယှောက်တေ၊ ပတ်ဝန်းကျင်နိုင်ငံတိကိုလေ့ စောင့်ယှောက်တေလို့ အဓိပ္ပါယ်ရရေ။ ယင်းဟာကြောင့် အာရက္ခ ဆိုရေစကားကိုလေ့ ထိမ်းသိမ်းကတ်ဖို့အတွက် ကျနော်မိတ္တာရပ်ခံပါရေ။

နောက်တခုက ဘင်္ဂလားဒေ့(ချေ်)ကလူတိက ကျနော်ရို့ကို ”မော့ဂ်” လို့ခေါ်ရေ။ ”မော့(ဂ်) ”ဆိုစွာက မာဂဒ နိုင် ငံကလာရေ တိုင်းရင်းသားလို့ အဓိပ္ပါယ်ရရေ။ ယင်းမာဂဒ နိုင်ငံကလာရေ တိုင်းရင်းသားတိစွာ ဘုရားသျှင်မပွင့် ခင်လောက်ကပင် ကျနော်ရို့အင်ဒိုအာရီယန်လူမျိုးဖြစ်တေ ရခိုင်သားတိစွာ မာဂဒတိုင်းမာ နှစ်ပေါင်းများစွာ ဟိ လီကတ်ဖို့။ ယင်းဟာကြောင့် ဗုဒဘာသာကို ဘုရားသျှင်ပွင့်ပြီးပြီးချင်း ရခိုင်သားတိက ဦးစွာပဌမရရေလူမျိုးဖြစ် ပါရေ။ ယင်းဟာကိုလေ့သော့ ကျနော်ရို့အနီနန့် အများကြီးဂုဏ်ယူစရာဖြစ်ပါရေ။

နောက်တခုက အဟြိတောင်အာရှသမိုင်းမာ ဝေသာလီခေတ်ဆိုစွာဟိပါရေ။ ဝေသာလီခေတ်ဆိုစွာက နှစ်ပေါင်း(၁၀၀၀)ကျော်ကြာပါရေ။ အေဒီ (၃၃၀)လောက်ကစပြီးကေ ပုဂံခေတ် အနော်ရထာမင်း(၁၀၄၄)လောက်ထိ ရှည်လျားရေသက်တမ်းဟိရေ ဝေသာလီခေတ်ဆိုစွာ ထင်ရှားစွာဟိပါရေ။ ယင်းဟာအတွက်ကိုလည်း ပြန်လည် ဆန်းစစ်ပြီးကေ ဇာတိဇာတိ သုတေသနပြန်လုပ်သင့်ရေဆိုစွာကို လူငယ်တိကလေ့လာရပါဖို့။ ပေါ့ပေါ့တန်တန် နီလို့မဖြစ်ပါ။ ယေတော့ ယင်းကိစ္စနန့်ပတ်သက်လို့ ကျနော်တဆက်တည်းပြောချင်စွာက ရခိုင်ဆိုသည်မှာ ဇာ နိုင်ငံကိုဘဲရောက်ရောက်၊ ဇာနီရာကိုဘင်ရောက်ရောက် လူနည်းစုရာဖြစ်တေ။ ယင်းလူနည်းစုဖြစ်တေအတွက် ကြောင့် အရေးအကြီးဆုံးကဇာလဲဆိုကေ လူများထက်ပိုစည်းရုံးကတ်ရဖို့။ We have to be united more than any other peoples in the world because we are a minority, always and any kind of! ယင်းတခုမှာကြားချင်ရေ။ ရခိုင်လူမျိုးဟာ လူနည်းစုဖြစ်တေအတွက်ကြောင့် စည်းလုံးရဖို့၊ ညီညွတ်ရဖို့၊ သည်း ခံရဖို့။ ယင်းဟာတခု ဆရာကြီးမှာကြားချင်ရေ။

နောက်တခုက လူနည်းစုဖြစ်တေအတွက်ကြောင့် သူများထက်တော်အောင်လုပ်ရဖို့။ Quality peoples ဖြစ် အောင်လုပ်ရဖို့။ သူများထက်ပိုကြိုးစားကတ်ရဖို့။ ဗမာပြည်မှာသိရေအတိုင်းယာ ဗမာပြည်မာ ရခိုင်ဖြစ်တဲ့အ တွက်ကြောင့် ကျနော့်အနီနန့် တခါလေ့ပါမောက္ခဖြစ်လို့ အလားအလာမဟိ ပါ။ In Burma, I am not opportunity to be a professor, that’s exactly true but in America I can be professor and I am a professor. ယင်းကြောင့် အမေရိကန်ပိုင်နိုင်ငံတိ၊ နော်ဝေးပိုင်နိုင်ငံတိ၊ တခြားနိုင်ငံတိမှာ တန်းတူရည်တူအခွင့် အရေးပီးရေအတွက်ကြောင့် ငါရို့ရခိုင်သားချေ၊ ရခိုင်သူချေတိစွာ သူများထက်တော်အောင် Quality peoples ဖြစ်အောင်ကြိုးစားကတ်ပါ။ ဒါတခုကို ကျနော်ထပ်ပြီးကေ မှာပါရစီ။

နောက်တခုက သူများထက်တော်အောင်၊ Quality peoples အပြင် သူများထက်တော်အောင်၊ သူများထက်နာ မေကောင်းရအောင်။ ရခိုင်ပြည်မှာ သဇင်ပန်းဟာ နိုင်ငံတော်ပန်းဖြစ်တေ။ ယင်းနိုင်ငံတော်ပန်းဖြစ်တေပိုင် ငါရို့ ရခိုင်သူ၊ ရခိုင်သားတိက ဂုဏ်ယူနိုင်လောက်အောင် စန္ဒကူးနံသာပင်ဖြစ်အောင်လေ့ ကြိုးစားကတ်ပါ။ ယင်းပိုင် ယှောင် ကြိုးစားဖို့အတွက်၊ အောင်မြင်ဖို့အတွက် ကျနော်ရို့ ဗုဒ္ဓဘာသာကျမ်းဂန်မှာပါရေ ပဋ္ဌာန်းကျမ်းမာ အ ချက်(၄)ချက်ဖော်ပြထားရေ။

ယင်းအချက်(၄)ချက်က ဇာလဲဆိုလို့ရှိကေ ဆန္ဒဓိပဓိ၊ ဆန္ဒပြင်းထန်ရဖို့။ ဆန္ဒပြင်းထန်လို့ ရခိုင်တိဟာ နှစ် ပေါင်းသုံးထောင်လေးထောင်ခံနိုင်စွာ။ ကျနော်ရို့ဆန္ဒတိ ကောင်းကောင်းပြင်းထန်ရေ။ ဇာကြောင့်အေပိုင်ပြင်း ထန်လဲဆိုကေ ပင်လယ်ကမ်းမာနီရေ။ လီကလေ့ဝုန်းဝုန်းထနီရေ၊ မြစ်ရီကလေ့ တက်နီရေ။ ပင်လယ်လှိုင်းက လေ့တက်နီရေ။ တခါတခါ လီမုန်းတိုင်းကျရေ။ ယင်းကြားထဲက ရပ်တည်နိုင်ရေ နှစ်ပေါင်းသုံးထောင်လေး ထောင်ကာလဟာ အင်မတန်ကြံ့ခိုင်ရေစိတ်ဓါတ်ဟိစွာတော့ အင်မတန်ထင်ယှားရေ။ ယင်းဟာ ဆန္ဒဓိပတိပါ။ ကိုယ်ဖြစ်ချင်စွာကိုစွဲထားပါ မပျောက်စီကေ့။ ရခိုင်ပြည်လိုချင်ကေလေ့ ဆန္ဒကိုစွဲထားပါ၊ မပျောက်စီကေ့။ ပါ မောက္ခဖြစ်ချင်ကေလေ့ ဆန္ဒကိုစွဲထားပါ။ မပျောက်စီကေ့။ ယင်းဆန္ဒဓိပတိဆိုစွာက အေပဋ္ဌာန်းကျမ်းမာပါရေ ” ဆန္ဒဓိပတိ ဆန္ဒသမ္ပ ယုတ္တကာနံ ဓမ္မာနံ တံသမုဋ္ဌာနာနဉ္စ ရူပါနံ အဓိပဓိ ပစ္စယေန ပစ္စယော”။ ဆန္ဒဟာ ကောင်းအရေး ကြီးရေ။

နောက်တခုက ဇာအရေးကြီးလဲဆိုလို့ရှိဂေ ၀ီရိယာဓိပတိ။ ၀ီရိယဆိုစွာက Hard working ဖြစ်ရဖို့။ လူတ ယောက် Hard working ဖြစ်လာကေ လူတယောက်စွာ တော်လာရေ။ Hard working ဆိုစွာ ဇာလဲဆိုလို့ရှိ ဂေ ဆရာကြီးအတွိအကြုံအရ အခက်အခဲဆုံးက မှန်ကန်ရေကိစ္စ ၀ီရိယကို ထပ်ကာအလီလီ…ထပ်ကာအလီလီ မဖြစ်မချင်းလုပ်စွာဟာ ကောင်းကောင်းအခက်အခဲဖြစ်တေ။ လုပ်ကြည့်ကတ်ပါ။ ယင်းပိုင်ယှောင် ၀ီရိယာဓိပတိ ရှိရဖို့။ ဒါ နံပါတ်(၂)အချက်။

နံပါတ်(၃)အချက်က စိတ်တာဓိပတိ။ ” စိတ္တာဓိပဓိ စိတ္တသမ္ပယုတ္တကာနံ ဓမ္နာနံ တံသမုဌာနာနဉ္စ ရူပါနံ အဓိတိ ပစ္စယေန ပစ္စယော” စိတ်ဓါတ်ထက်သန်ရဖို့။ စိတ်ဓါတ်ထက်သန်ဖို့အတွက် ဘိန်း၊ ဘင်းကဇော် မသောက်ရ။ Drug မစွဲရ။ အရက်သေစာသောက်ကေလေ့ အပြင်းအထန်မသောက်ရ။ ယင်းပိုင်ယှောင်ဆိုလို့ရှိကေ စိတ်ဓါတ် ထက်သန်လို့ရရေ။

နောက်တခုက အချက်(၄)က ၀ိမံသာဓိပဓိ။ ပညာနန့် နှိုင်းယှဉ်ပြီး၊ ချင့်ချိန်ပြီးကေ လုပ်ရဖို့။ ပညာဆိုဟာက အ တန်းပညာကို ပြောဟာမဟုတ်။ အတန်းပညာဆိုစွာက သူ့အတန်းနန့်သူ တက်လာစွာ။ ၀ိမံသာဆိုရေပညာက ဘ၀အတွိအကြုံ၊ ဟြိအလားအလာ၊ ကိုယ့်ပါတ်ဝန်းကျင် အခြေအနေတိကိုအားလုံး စူးစမ်းပြီးကေ ကောင်းရေစွာ ကိုလုပ်စွာဖြစ်တေ။ ကောင်းရေကိစ္စကိုလုပ်တေဆိုစွာ ၀ိမံသာဓိပတိ။

ဆရာကြီးပြောချင်ရေအချက်က သုံးလေးငါးချက်လောက်ရာဟိရေ။ အကျဉ်းချုပ်ပြောရကေ ရခိုင်သားမည် သည်မာ တိုင်းပြည်တိုင်းမာ လူနည်းစုဖြစ်တေအတွက်ကြောင့် လူများထက်တော်အောင် ကြိုးစားကတ်ဖို့။ သူ များထက်စည်းရုံးအောင် ကြိုးစားကတ်ရဖို့။ နောက်တခုက ရခိုင်ရိုးမတောင်မာ သဇင်ပန်းတိဟာ လှိုင်လှိုင်ပွင့်နီ ရေပိုင် ဇာနိုင်ငံကိုရောက်ရောက် ရခိုင်သူ၊ ရခိုင်သားတိစွာ စန္ဒကူးနံသာပင်ဖြစ်အောင် ကြိုးစားကတ်ရဖို့။ ယင်းပိုင်ယှောင်ကြိုးစားဖို့အတွက် နံပါတ်(၁) ဆန္ဒဓိပတိကို ဦးစားပီးပါ။ နံပါတ်(၂) ၀ီရိယာဓိပဓိကို ဦးစားပီးပါ။ နံပါတ်(၃) စိတ်တာဓိပတိဖြစ်အောင် ဦးစားပီးပါ။ နံပါတ်(၄) ၀ိမံသာဓိပတိကို ဦးစားပီးပါ။ ယင်းပိုင်ယှောင်ဆိုကေ သုံးလေးငါးနှစ်အတွင်းမာ ရခိုင်ပြည်သူကိုစောင့်ယှောက်နိုင်ဖို့၊ ထိမ်းသိမ်းနိုင်ဖို့၊ အရောင်အ၀ါလေ့တောက်လာ ဖို့လို့ ဆရာကြီးအနီနန့် မိတ္တာလေ့ရပ်ခံရေ၊ ဆက်ပြီးကေလေ့ ကြိုးစားကတ်ဖို့တောင်းပန်ယင်း နိဂုံးချုပ်ပါရ စီ…… အားလုံး..၀မ်းသာပါရေ…..။

(လက်ခုပ်သံတိ xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx)

ဆရာကြီး၏ မိန့်ခွန်းကို မူရင်းအသံအတိုင်းဖြစ်အောင် ကြိုးစားရွီးထားပါရေ။ အမှားအယွင်း တခုခုပါခရေဆို ကေ ပြန်လို့ကူးယူဖော်ပြပီးရေ အကျွန်၏တာဝန်ရာဖြစ်ပါရေ။

ဒေါ်စောမြရာဇာလင်း

( ရခိုင်အမျိုးသမီး အစည်းအရုံး ဥက္ကဌ ဒေါ်စောမြရာဇာလင်း)

“ အမှန်တကယ် အားဖြင့် ရခိုင်ပြည်နယ်လို့ ဆိုပေမယ့် အစစ်အမှန် ရတယ်လို့မထင်ပါဘူး။ အတုအယောင် ရတယ်လို့သာ ခံယူ ထားပါတယ်။ ပြည်နယ် ပေးတယ် ဆိုရင် အဲဒီ ပြည်နယ်ရဲ့ ဥပဒေနဲ့အညီ ပြည်နယ် အုပ်ချုပ်ရေး ဆိုင်ရာ သင်တော်သူ အသီးသီးကို ပြည်နယ်က ပြည်သူတွေရဲ့ ဆန္ဒအရသာ တင်မြှောက်ရမှာ ဖြစ်တယ်။ အခု က စစ်အာဏာရှင် တွေရဲ့ လက်ပါးစေ တွေကသာ အုပ်ချုပ်နေပါတယ်။ ပြည်နယ်ကို အုပ်ချုပ်တဲ့ သူတွေကလည်း ပြည်သူတွေ အတွက် ဘာမှ လုပ်ပိုင်ခွင့် မရှိတဲ့အတွက် အထက် ဗမာပြည်က နအဖ စစ်အာဏာရှင် အစိုးရရဲ့ ဆန္ဒအရသာ အုပ်ချုပ် နေတာကိုသာ တွေ့နေရပါတယ်။ ရခိုင် ပြည်နယ်က ထွက်တဲ့ သဘာဝ သယံဇာတ တွေကိုလည်း စစ်အာဏာပိုင်တွေက စိတ်တိုင်းကျ ထုတ်ယူ ရောင်းစား နေပါတယ်။ ရခိုင်ပြည်သူတွေက ငတ်မွတ် ခေါင်းပါး နေတယ်။ ရခိုင်ပြည်နယ်လို့ ဆိုပါလျက်နဲ့ ရခိုင်ပြည်သူတွေက ဘာတခုကိုမှ လည်း ဖန်းတီးပိုင်ခွင့် လုပ်ပိုင်ခွင့် မရှိတဲ့ အတွက် ပြည်နယ် တခုရဲ့ အနေအထားနဲ့ မညီညွတ်ဘဲ စစ်အာဏာ ရှင်တွေရဲ့ သဘောထားအတိုင်း တည်ရှိနေတာ ဖြစ်တယ်လို့ မြင်ပါတယ်။”

  © Blogger templates Newspaper by Ourblogtemplates.com 2008

Back to TOP