၁ ။ ရခိုင် ထီးရိုးနန်းနေမင်းအပေါင်းတို့၏ ရွှေနန်းဥက္ကသံနန်မဆောင်ဦး၌ အမြဲစိုက်ထူအပ်သောအောင်းလံတော်ကြိး၏အကြောင်းအခြင်းရာဟူသမျှတို့ကို အခါအခွင့်နှင့် ကြုံကြိုက်စွာ ပုရာဏ်ကျမ်း၊ရာဇသေနင်္ဂဗျူဟာကျမ်း၊ ဗျူဟာ စက္ကိကျမ်း၊ဗျူဟာစစ်ချီကျမ်းတို့မှ ဗဟုသုတဖြစ်စေခြင်းငှာ အနည်းငယ်ဖောာ်ပြပါအံ့။၁။အောင်းလံတော်၏အတိုင်းအတာကား အလျား ၉ တောင် အနံ ၆ တောင်တိတိရှိသည်။ထိုထက်ငယ်စေလိုလျှင် အတိုင်းအတာပြု၍ သုံးခဲ့သည်။
၂။ အရောင်အဆင်မှာ အနီနှင့်အဖြူ စပ်၍ပြုကြပါသည်။အဖြူုရောင်ကိုအထက်ပိုင်းတွင်ထား၍ အနီရောင်ကို အောက်ပိုင်း၌ထားပါသည်။
၃ ။ အမှတ်အသားမှာ အထက်အောင်လံတော်၏ ထောင့်စွန်းအဖြူရောင်ပေါ်တွင်သိန္ဓ၀မြင်းပျံရုပ်တစ်ခု၊ ၄င်းအဖြူရောင် ကျန်တဖက်နားပေါ်တွင် နာ၈ဆဒ္ဒန်ရုပ်တစ်ခုပါရှိသည်။တစ်ဖက်စွန်တွင်မှု ပဉ္စရှုပံရုပ်တစ်ခုပါသေးသည်။ကျောဖက်တွင် မိမိတို့ပိုင်ဆိုင်သော နယ်နမိတ်ကို တိုင်းပြည်နိုင်ငံကို ဖော်ပြသည်။နယ်နမိတ် တို့မှာလည်း မင်းတစ်ပါးနှင့် တစ်ပါးမတူဘဲ တန်းခိုးရှိလျှင်ရှိသည့်အလျှောက် အကျဉ်း အကျယ်ကိုလိုက်၍ပြုလုပ်ရသည်။နယ်နမိတ်၏ အတိုင်အတာ အကွာအဝေးကို တစ်ရာ့ရှစ်ပါဒရှိသော ရခိုင်အောင်လံတော် ရတုတွင်လည်းကောင်း၊ သာစွလေချီလင်္ကာတွင်လည်းကောင်း ရခိုင်ရာဇ
ဝင်တွက်လည်းကောင်းတွေ့နိုင်သည်။
၎ ။ အောင်လံတော်၏ အရိုးမှာ ၀ါး ( သို့မဟုတ် ပြ၀ါခေါ်သစ်တစ်မျိုးဖြစ်သည်။အမြင့်မှာ ၂၇ တောင်ဖြစ်၍သတ္တပီသကျယ်ပြုလုပ်ရသည်။ ၀ါးမှာ ကြသောင်းဝါးကိုသုံးသည်။
၅ ။ အောင်လံတော်စိုက်ထူရာဋ္ဌာနမှ ရွှေနန်းမဆောင်တော်ကြိး၏အရှေ့ဘက် န၀ရတ်ကိုးသွယ်စီခြယ်သောမှန်စဲမျှော်ဆောင်တော်ဦး၏ထိပ်ထက် ထီးမစိုက်ခုံတွင် တင်၍လွှင့်ထူရသည်။
၆ ။ အောင်လံတော်ကို အချိန်ကာလအကန့်မရှိ လွှင့်ထူစိုက်ဆောက်သည့်နေ့မှစ၍ စုတ်ပြဲဟောင်းနွမ်းသည့်တိုင်အောင် နုတ်မချွတ်စကောင်း မချစကောင်း အမြဲပင်ထားရသည်။
၇ ။ အောင်လံတော်၏အဓိပမှာ ရက္ခိုင်၊ရက္ခိတဟူသောပုဒ်ဖြင့်စောင့်ရှောက်ခြင်းအနက်ကြောင်းလည်းကောင်း၊ ဖြူစင်သောသီလ၊ မြင့်မြတ်သောမျိုးရိုးဖြစ်ခြင်းကြောင့်လည်းကောင်း၊ ဝေသီယမျိုး၊ ဒုဒ္ဒိယမျိုးတို့ထွန်းကားပေါ်ပေါက်ရာဖြစ်သောမျိုးရိုးဖြစ်၍လည်းကောင်း၊ ရခိုင်တို့ ကျင့်သုံးတရားထုံးဆိုစသည့်စကားအရ မျိုးရိုးကိုသီလဖြူစင်စွာစောင့်ရှောက်ခဲ့ခြင်းကြောင့် အဖြူရောင်ကိုပေါ်ကတင်ရသည်။အနီရောင်မှာ အသမ္ဘိန္န၊ ခတ္တိယ၀ံသ၊ သကျသာဂီယ၊ ဗြဟ္မာနွယ်မျိုးရိုးတိုမှ ဆင်းသက်လာသောအနွယ်တော်ဖြစ်၍ ဖောက်ပြန်တတ်သောသွေးမရှိ၊ ပကတိနီမြန်းသောသွေးအဆင်းသာရှိသောကြောင့် အနီရောင်ကို တပ်ဆင်ရသည်။ သိန္ဓောမြင်းတို့မည်သည်မှာ ကွေ့ကောက်၍သွားခြင်းမရှိ၊တည့်မတ်ဖြောင့်စင်း၍ လားတတ်သောသဘောကြောင့်လည်းကောင်း၊ ဆဒ္ဒန်မျိုးမည်သည် ဖြုသောအဆင်းမှတစ်ပါး ဆင်မဲကို မွေးဖွားရိုးမရှိ၊ ဖြူရာမှ မည်းလာသည်ဟူ၍လည်းမရှိ၊ မကတိသောအဆင်းကို အခါခပ်သိမ်း မစွန့်သောကြောင့်လည်းကောင်း ကေသရာဇာခြင်္သေ့တိုမည်သည်မှာ တောသုံးတောင်ကို ထီမထင်သကဲ့သို့လည်းကောင်း ဖြူနီရောင်နှစ်ခုတို့ဖြင့် ပေါင်းငါးခုသော ရူပရုပ်တို့ကိုဆောင်သော ပဉ္စရူပရိုပ်ကို တပ်ဆင်ရသည်။
ရခိုင့်အောင်လံတော်
Posted by
RDD (AASYC)
|
|
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment