ထမင်းထောင် ပန်းထောင်ပွဲ

ကောက်သစ်ဆန်အား ဗုဒ္ဓသျှင်တော်ကို ဦးဦးဖျားဖျားပူဇော်ကန်တော့ ရသော ရွာလုံးကျွတ်ပွဲဖြစ်သည်။ ၀ါကျွတ်လပြည့်နေ့၊ တန်းဆောင်မုန်းလပြည့်နေ့တို့တွင် ကျင်းပကြသည်။ သင်ပုန်းတင်ပွဲဟုလည်း ခေါ်သည်။ သင်ပုန်းဆွမ်းကို စေတီပုံပြုလုပ်၍ လှူရသည်။ နှီးစေတီပုံတွင် ထမင်းကို လိမ်းကျံ၍လည်း ကပ်လှူကြသည်။ ပန်းထောင် ပြုလုပ်ပုံမှာ ပန်းကို တုတ်ချောင်းများဖြင့် ချည်နှောင်ကာ ငှက်ပျောတုံးစသည်တို့တွင် စေတီပုံပေါ်အောင် စိုက်ထူကြသည်။ အချို့က နှီးစေတီကြီးတွင် ပန်းပွင့်တို့ကို စိုက်ပေးကြသည်။ စပါးနှံတို့ကိုလည်း စေတီပုံပေါ်အောင် စိုက်ထူလှူဒါန်းလေ့ရှိကြသည်။

0 comments:

Post a Comment

  © Blogger templates Newspaper by Ourblogtemplates.com 2008

Back to TOP