ဆံတော်ရှင်စေတီ

ရခိုင့်မွေသရီဓာတ်ဝင် အဓိကရ စေတီဖြစ်သည်။ မြေငူကျွန်းတောင်ပိုင်း ပင်လယ် ကမ်းအနီးတွင် ကိန်းဝပ်သည်။ ဥာဏ်တော် ပေ ၇၀ ခန့်ရှိပြီး ထုချွန်ပုံဖြစ်သည်။ ဗုဒ္ဓသျှင်တော်သည် သေလာ ဂီရိတောင်၌ ရပ်နားစဉ် ဇေဌတိုင်းမှ နာဂသေနာပတိနှင့် ရှစ်ဦးတို့က ဆွမ်းကျွေးလုပ်ရာ ဆံတော်လေးဆူရခဲ့ ၍ နီလာပပ္ပတတောင်သို့ ဆောင်က တည်ထားခဲ့ခြင်းဖြစ်သည်။ မကြာမီ စန္ဒသူရိယက ၎င်း၏ မကိုဋ်ပုံတော် အတိုင်း ပြုပြင်တည်ထားခဲ့သည်။ ဘုရားပွဲမှာ နတ်တော်လပြည့်ဖြစ်သည်။ စစ်တွေမှ ၁၈ မိုင်ဝေးပြီး စိုးမဲကျီဆိပ်မှ တဆင့် တောင်ကျော်ရသည်။ စေတီအနီးတွင် ခြေတော်ရာနှင့် သိမ်တော်ရာ ရှိသည်။

0 comments:

Post a Comment

  © Blogger templates Newspaper by Ourblogtemplates.com 2008

Back to TOP