ဒေါ်စောမြရာဇာလင်း

( ရခိုင်အမျိုးသမီး အစည်းအရုံး ဥက္ကဌ ဒေါ်စောမြရာဇာလင်း)

“ အမှန်တကယ် အားဖြင့် ရခိုင်ပြည်နယ်လို့ ဆိုပေမယ့် အစစ်အမှန် ရတယ်လို့မထင်ပါဘူး။ အတုအယောင် ရတယ်လို့သာ ခံယူ ထားပါတယ်။ ပြည်နယ် ပေးတယ် ဆိုရင် အဲဒီ ပြည်နယ်ရဲ့ ဥပဒေနဲ့အညီ ပြည်နယ် အုပ်ချုပ်ရေး ဆိုင်ရာ သင်တော်သူ အသီးသီးကို ပြည်နယ်က ပြည်သူတွေရဲ့ ဆန္ဒအရသာ တင်မြှောက်ရမှာ ဖြစ်တယ်။ အခု က စစ်အာဏာရှင် တွေရဲ့ လက်ပါးစေ တွေကသာ အုပ်ချုပ်နေပါတယ်။ ပြည်နယ်ကို အုပ်ချုပ်တဲ့ သူတွေကလည်း ပြည်သူတွေ အတွက် ဘာမှ လုပ်ပိုင်ခွင့် မရှိတဲ့အတွက် အထက် ဗမာပြည်က နအဖ စစ်အာဏာရှင် အစိုးရရဲ့ ဆန္ဒအရသာ အုပ်ချုပ် နေတာကိုသာ တွေ့နေရပါတယ်။ ရခိုင် ပြည်နယ်က ထွက်တဲ့ သဘာဝ သယံဇာတ တွေကိုလည်း စစ်အာဏာပိုင်တွေက စိတ်တိုင်းကျ ထုတ်ယူ ရောင်းစား နေပါတယ်။ ရခိုင်ပြည်သူတွေက ငတ်မွတ် ခေါင်းပါး နေတယ်။ ရခိုင်ပြည်နယ်လို့ ဆိုပါလျက်နဲ့ ရခိုင်ပြည်သူတွေက ဘာတခုကိုမှ လည်း ဖန်းတီးပိုင်ခွင့် လုပ်ပိုင်ခွင့် မရှိတဲ့ အတွက် ပြည်နယ် တခုရဲ့ အနေအထားနဲ့ မညီညွတ်ဘဲ စစ်အာဏာ ရှင်တွေရဲ့ သဘောထားအတိုင်း တည်ရှိနေတာ ဖြစ်တယ်လို့ မြင်ပါတယ်။”

0 comments:

Post a Comment

  © Blogger templates Newspaper by Ourblogtemplates.com 2008

Back to TOP