ဦးထွန်းဝင်း

( မင်းပြား အမှတ် ၂ မဲဆန္ဒ နယ်မြေ အနိုင်ရ အမတ် ရခိုင်ဒီမိုကရေစီ အဖွဲ့ ချုပ်(ပြည်ပ) ဥက္ကဌ ဦးထွန်းဝင်း)

“ ဒီဇင်္ဘာလ ၁၅ ရက်နေ့ကို မဆလ အစိုးရက ရခိုင်ပြည်နေ့ဆိုပြီး သတ် မှတ် ပေးခဲ့ပါတယ်။ ဒါကတော့ နာမည်သာရှိပြီး ဘာမှ အဓိပ္ပါယ် မရှိပါဘူး။ မဆလက သတ်မှတ် ပေး ထားတဲ့ ပြည်နယ်နေ့ကို ကျွန်တော်တို့ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်က အဓိပ္ပါယ်ပြည့်ဝတဲ့ ပြည် နယ်မဟုတ်ဘူးလို့ သတ်မှတ်သလို အသိမှတ်လည်း မပြုပါဘူး။ တပါတီ အာရှင်စနစ်ရဲ့ ပြည်နယ် သာဖြစ်တယ်။ မဆလ ခေတ်က ရခိုင်ပြည်နယ်ကို တာဝန်ယူခဲ့တဲံ ပြည်နယ်ဥက္ကဌ ပြည်နယ် အတွင်းရေးမှူး ဆိုတဲ့သူတွေကလည်း ဘာမှ လုပ်ပိုင်ခွင့် မရှိဘူး။ စစ်တပ်နဲ့ ဗဟို ချုပ်ကိုင်မှု အောက်မှာ တာဝန် ထမ်းဆောင်နေကြရတဲ့ သူတွေသာဖြစ်ပါတယ်။ ဥပမာအာဖြင့် မြောက်ဦးမြို့က ရခိုင်တမျိုးသားလုံး တန်ဖိုးထားတဲ့ ရှေ့ဟောင်း သကျ မာန်အောင် ဘုရားကို စစ်တပ် တူးဖေါ်ခဲ့ပါတယ်။ ဒါကို ပြည်နယ် ဥက္ကဌကလည်း ဘာမှ မသိသလို ပြည်နယ် အတွင်းရေးမှူးက လည်း ဘာမှ မသိလိုက်ဘူး။ ရခိုင်ပြည်နယ်ထဲမှာ ဗမာ စစ်တပ်က ကိုထင်ရာ ကိုယ်ထလုပ်နေတယ်။ ဒါကို ဘယ်သူမှလည်း တားလို့မရဘူး။ ဥပတွေကလည်း မတားနိုင်ပါဘူး။ ဒါကြောင့် ရခိုင်ပြည်နယ်ဆိုတာ အမည်ခံ စက္ကူကျား ပြည် နယ်သာဖြစ်ပြီး ဘာမှ အဓိပ္ပါယ် မရှိတဲ့ ပြည်နယ် ရခိုင်လူမျိုးတွေ အတွက် ဘာဆို ဘာမျှ အာမခံချက် မရှိတဲ့ ပြည်နယ်သာ ဖြစ်ပါတယ်။”

0 comments:

Post a Comment

  © Blogger templates Newspaper by Ourblogtemplates.com 2008

Back to TOP