စစ်တွေမြို့ 

စစ်တွေမြို့သည် မြန်မာနိုင်ငံ၏ အနောက်ဖက်တွင် တည်ရှိသော ရခိုင်ပြည်နယ်၏ မြို့တစ်မြို့ ဖြစ်သည်။ ယခင်က စစ်တွေမြို့ကို အာကျပ်မြို့ဟု ခေါ်တွင်သည့် မြစ်ဝကျွန်းပေါ် မြို့တစ်မြို့ဖြစ်ကာ မေယုမြစ်၊ လေးမြို့မြစ်နှင့် ကုလားတန်မြစ်တို့ စီးဆင်း ပေါင်းဆုံရာ မြစ်ဝကျွန်းပေါ် ဒေသတွင် တည်ရှိသည်။ ရခိုင်ပြည်နယ်၏ သက္ကရာဇ် ၂၀၀၆ ခုနှစ် အထိ လူဦးရေ ပမာဏမှာ ၁၈၁,၁၀၀ ရှိသည်။

ခရစ်သက္ကရာဇ် (၁၈၂၇)ခုနှစ်တွင် အင်္ဂလိပ်တို့သည် ရခိုင်ပြည်ကိုသိမ်းပိုက်ပြီးနောက်မှာ စစ်တွေမြို့ကိုတည်ထောင်ကာ အုပ်ချုပ်ခဲ့သည်။ စစ်ဘေးဒါဏ်ကြောင်း စစ်တကောင်း ဘင်္ဂလားတို့ကိုပြေးဝင်ခိုလှုံခဲ့ကြသော ရခိုင်များသည် စစ်တွေမြို့ကဲ့သို့ တည်ထောင်စမြို့များသို့၎င်း၊ မိမိတို့နေရင်းဒေသသို့၎င်း ပြန်လည်ဝင်ရောက်ခဲ့ကြပါသည်။ (၁၈၃၁)ခုနှစ်တွင် ရခိုင်လူဦးရေမှာ စစ်တွေ သံတွဲနှင့် ကျောက်ဖြူခရိုင်တို့တွင် လူဦးရေ တစ်သိန်းကျော်ခန့်သာရှိသည်ဟု သိရသည်။

0 comments:

Post a Comment

  © Blogger templates Newspaper by Ourblogtemplates.com 2008

Back to TOP