နိုင်ငံတကာရခိုင်အမျိုးသားအသင်းကြီးကို ရခိုင်ပညာရှင်တိဖြစ်ကတ်တေ ဒေါက်တာအေးကျော်၊ ဆရာတော်ဒေါက်တာအရှင်နာယက၊ ဆရာဒေါက်တာ အေးချမ်းအပါအ၀င် ရခိုင်တတ်သိပညာရှင်တိက ဦးဆောင်ပနာ အမေရိကန်နိုင်ငံနယူးယော့ခ်မြို့ မာစတင်ဖွဲ့ စည်းခကတ်စောင်ဖြစ်ပါရေ။ အဂုဆိုကေ အသင်းကြီးမာဌာနခွဲပေါင်းအမြောက်အမြားတိုးချဲ့ ဖွဲ့ စည်းထားပြီးကေအမျိုး ဘာသာ သာသနာကို
ကာကွယ်စောင့်ရှောက်လိုရေ မျိုးချစ်ရခိုင်သူရခိုင်သားတိစောဝ်နိစိုင်နင့်အမျှ အသင်းကြီး၏အဖွဲ့  ၀င်အဖြစ်လျှောက်လွှာတိတင်နိမ်ကတ် စောဝ်ကိုတွိရပါရေ။
အသင်းကြီး၏ရည်ရွယ်ချက်
(က) ရခိုင်အမျိုးသားများ ညီညွတ်စည်းလုံးကြစေရန်။
(ခ) ရခိုင် နှင့် ရခိုင်မျိုးနွယ်စုများ၏ သမိုင်း၊ စာပေ၊ ယဉ်ကျေးမှုတို့ ကိုစုပေါင်း ထိမ်းသိမ်းနိုင်ရန်နှင့် နိုင်ငံတကာမှ
သိရှိလာအောင် ဖေါ်ထုတ်တင်ပြရန်။
(ဂ)ရခိုင်တမျိုးသား လုံးစည်းလုံးညီညွတ်မှုအားဖြင့် မျိုးမပျောက်အောင် ထိမ်းသိမ်းကာကွယ်ရန်။
(ဃ) ရခိုင်အမျိုးသားများ၏စီးပွားရေး၊ပညာရေး၊ ကျန်းမာရေးနှင့် လူမှုရေးကဏ္ဍများ တိုးတက်ရေးအတွက် စုပေါင်းဆောင်ရွက်နိုင်ကြစေရန်။
(င)ရန်သူမျိုးငါးပါးတို့ ၏ဘေးအန္တရယ်ကြောင့်ဒုက္ခရောက်ခံရသောရခိုင်မျိုးနွယ်ဖွားအားလုံးကို၎င်းတို့ ၏ဘ၀ရှင်သန်ရပ်တည်ရေးအတွက် တတ်စွမ်းသလောက်အထောက်အကူပြုပေးရန်။
(စ)ရခိုင်အမျိုးသားများစာရိတ္တမဏ္ဍိုင်ကြံ့ ခိုင်ဖွံ့ ဖြိုးလာပြီးအများအကျိုး ကိုယ့်အကျိုးကို တိုးတက်စွမ်းဆောင်နိုင်သူများဖြစ်လာစေရန်။
အဖွဲ့ ဝင်များ၏ တာဝန်များ
(က) အဖွဲ့ ဝင်များသည် ရခိုင်တမျိုးသားလုံး၏ စီးပွားရေး၊ လူမှုရေး၊ပညာရေး၊ ကျန်းမာရေး၊ စာပေ၊ ဂီတ၊ ယဉ်ကျေးမှုများမြှင့်တင်ရေး၊ ရခိုင်သမိုင်းမှန် ဖေါ်ထုတ်ရေး၊ ရခိုင်ကိုကမ္ဘာကသိအောင် စွမ်းဆောင်နိုင်ရေး၊စသည့်အသင်းကြီး၏ ရည်ရွယ်ချက်များကို အကောင်အထည်ဖေါ်ရန် လုပ်
ဆောင်မှုများ၌ ပူးပေါင်းပါဝင်ရမည့်တာဝန်ရှိသည်။
(ခ) အဖွဲ့ ဝင်များသည်နိုင်ငံအလိုက်သတ်မှတ်ထားသော လစဉ်ကြေးငွေကို ထည့်သွင်းရန် တာဝန်ရှိသည်။
(ဂ)အဖွဲ့ ဝင်များသည်အသင်းအစည်းအဝေးများကို အဖြစ်နိုင်ဆုံးတက်ရောက်ရန်တာဝန်ရှိသည်။
(ဃ) အဖွဲ့ ဝင်များသည် ရခိုင်တမျိုးသားလုံး ဘက်စုံတိုးတက်မှုဆောင်ရွက်လိုသူများဖြစ်သည့်အတွက်မိမိကိုယ်
တိုင်ကလည်းကိုယ်ကျင့်တရားနှင့်စာရိတ္တကောင်းမွန်သူများဖြစ်အောင်စောင့်ထိမ်းနေထိုင်ရန် အထူးလိုအပ်သည်။
အဖွဲ့ ဝင်များ၏ အခွင့်အရေး
(က) အဖွဲ့ ၏ ဘဏ္ဍာရေးအခြေအနေ အရ သတ်မှတ်ပေးလာမည့်ကျန်းမာ ရေးအထောက်အပံပေးငွေကိုခံစားရ မည်။
(ခ) အဖွဲ့ ၏ ဘဏ္ဍာရေးအခြေအနေ အရသတ်မှတ်ပေးလာမည့်အရေးပေါ် ချေးငွေများကိုခံစားရမည်။
(ဂ) အဖွဲ့ ၏ ဘဏ္ဍာရေးအခြေအနေ အရသတ်မှတ်ပေးလာမည့်စီးပွားရေး လုပ်ငန်းထူထောင်မှုချေးငွေကိုခံစား ရမည်။
(ဃ)နိုင်ငံခြားတွင်အလုပ်လုပ်ကိုင်ရန် နှင့်ပညာသင်ကြားရန် တို့ အအတွက် စာရိတ်စကကို အဖွဲ့ ၏ဘဏ္ဍာရေး အခြေအနေအရ ချေးငှားခွင့် သတ် မှတ်ပေးလာနိုင်သည့်အခါ အဖွဲ့ ဝင် နှင့် အဖွဲ့ ဝင်မိသားစု(သို့ )အဖွဲ့ ဝင် ကအဆိုပြုလာသည့်ယင်းတို့ ၏မိတ် ဆွေသူငယ်ချင်းများ အတွက်ဦးစား ပေးထုတ်ချေးမည်။
(င)အဖွဲ့ ဝင်၊အရံအဖွဲ့ ဝင်တို့ ၏သာ ရေး၊နာရေးများအတွက်အထောက် အကူပြုပေးမည်။ (စ) အရံအဖွဲ့ ဝင်များသည်အဖွဲ့ ဝင် များ၏ အကျိုးခံစားခွင့်ထက်ဝက်ကို ခံစားခွင့်ရမည်။
နိုင်ငံတကာရခိုင်အမျိုးသားအသင်းကြီး (အမေရိကန်)
နာယကများ
ဒေါက်တာ အရှင်နာယက
ဒေါက်တာ ဦးအေးကျော်
ဒေါက်တာ အေးချမ်း
ဥက္ကဌ
ကိုစိန်ထွန်း
ဒုဥက္ကဌ
ကိုလှကြည်
အထွေထွေ အတွင်းရေးမှူး
ကိုကျော်ထူးအောင်
တွဲဘက် အတွင်းရေးမှူးများ
ကိုဇော်ဇော်ထွန်းနှင့် ကိုအောင်ကျော်စိန်
နိုင်ငံတကာရခိုင်အမျိုးသားအသင်းကြီး
Posted by
RDD (AASYC)
|
|
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment